၈ စင်းသာရှိသည့် အလွန်ရှားပါးသော Ferrari တစ်စင်း ဈေးနှုန်းမြင့်မားစွာဖြင့် အရောင်းဈေးကွက်ဝင်လာ

  • 160 views


၈ စင်းသာ ရှိသော အလွန်ရှားပါးသည့် Ferrari တစ်စင်း ဈေးနှုန်း များပြားစွာဖြင့် အရောင်းဈေးကွက်ဝင် လာသည်။

ယနေ့တိုင် အံ့ဖွယ်ထိန်းသိမ်းထားနိုင်သော Ferrari မှာ တစ်နှစ်လျှင် ပျမ်းမျှ မိုင် ၅၀၀၀ ခန့်သာ မောင်းနှင်ခဲ့ပြီး ပိုင်ရှင် ၃ ဆက်သာ ရှိသေးသည်။

 

(ပုံတွင်တွေ့ရသော Ferrari Dino 246 GTS ကို လန်ဒန်မြို့တွင် ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)

(ယခုကားမော်ဒယ်၏ အမည်မှာ ကုမ္ပဏီတည်ထောင်သူ Enzo ၏ သားကြီးဖြစ်သူအား အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)

(Ferrari Daytona စတိုင် ထိုင်ခုံများ ထည့်သွင်းထားသည့် Dino ၈ စင်းသာရှိသည့်အနက် ယခုတစ်စင်း အပါအဝင်ဖြစ်သည်။ ဓာတ်ပုံ-mediadrumimages)

 

 

((မှတ်ချက်။ Ferrari Daytona သည် ၁၉၇၁ ခုနှစ်က ကျော်ကြားခဲ့သော high performance ကား ဖြစ်သည်။)

Ferrari Dino 246 GTS ကို ၁၉၇၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး 246 GTS ၏ Convertible ဗားရှင်းအနေဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၇ မော်ဒယ် Dino 206 GT ကို ပါဝါမြှင့်တင်ပေးရန် ပရိသတ်များ၏ တခဲနက်တောင်းဆိုချက်အရ 246 GT ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

2.4-litre V6 အင်ဂျင်တပ်ဆင်ထားပြီး 146 mph အထိ မောင်းနိုင်ရာ သူ့ခေတ်သူ့အခါက အမြန်ဆုံးကားတစ်စင်း ဖြစ်ခဲ့သည်။

ယခုကားမော်ဒယ်မှာ ကုမ္ပဏီတည်ထောင်သူ Enzo ၏ သားကြီး Alfredo Dino Ferrari ကို အစွဲပြုကာ အမည်ပေးခဲ့ခြင်း ဖြစ်သည်။

Dino Ferrari သည် ၁၉၅၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၂၄ နှစ်သာ ရှိသေးသည်။

မကွယ်လွန်မီ ကာလများက Dino အင်ဂျင်ထုတ်လုပ်ရေးကို ဦးဆောင်နေခဲ့ရာ အဆိုပါကားများမှာ သူ၏ အမည်ဖြင့် ထွက်ရှိလာသည်။

GTS မော်ဒယ် ၁၂၇၄ စင်းထုတ်လုပ်ခဲ့သည်။

ယခုမော်ဒယ်မှာမူ အဆိုပါအုပ်စုတွင်ပါသော်လည်း ညာမောင်း၊ Dayton စတိုင် ထိုင်ခုံများ ထည့်ထားသည့် ၈ စင်းသာ ထုတ်လုပ်ခဲ့သည့်အနက် တစ်စင်းဖြစ်ကာ မူလအရောင်အသွေးအတိုင်းရှိနေဆဲ ဖြစ်သည်။

Dino ၂၃၅ စင်း ဗြိတိန်သို့ တင်သွင်းခဲ့ပြီး ယခုကားကို ၁၉၇၃ ခုနှစ်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယခုကားကို လန်ဒန်မြို့တွင် ရောင်းချရန်စီစဉ်ထားပြီး ပေါင် ၃၅၀,၀၀၀ ဖြင့် ရောင်းချမည်ဟု ဆိုသည်။

 

(၁၉၇၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး တစ်နှစ်လျှင် မိုင် ၅၀၀၀ ခန့်သာ စီးထားသည်။ ဓာတ်ပုံ-mediadrumimages)

(ပိုင်ရှင် ၃ ဆက်သာ ရှိသေးသည်။ ဓာတ်ပုံ-mediadrumimages)

(ပေါင် ၃၅၀,၀၀၀ ဖြင့် ရောင်းချမည်ဟု ဆိုသည်။ ဓာတ်ပုံ-mediadrumimages)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Retro Ferrari so rare that only EIGHT were ever made goes up for sale for eye-watering sum (thesun)

Photo Credit-mediadrumimages