• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ ပိုင်ဆိုင်ခဲ့ဖူးသော ရှားပါး Ferrari တစ်စင်း အလွန်များပြားသော ဈေးနှုန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ ပိုင်ဆိုင်ခဲ့ဖူးသော ရှားပါး Ferrari တစ်စင်း အလွန်များပြားသော ဈေးနှုန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

  • 165 views


ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော Ferrari တစ်စင်း အသစ်အနေအထား အတိုင်းပြန်လည်ရရှိစေရန် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက် များပြားလှသောဈေးနှုန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဟောလိဝုဒ်ရွှေခေတ်က သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသား စတိဗ် မက်ကွင်း (Steve McQueen)၊ ရုပ်ရှင်မင်းသမီး ဂျိန်းဖောင်ဒါနှင့် ဂျာ့ဇ်ဂီတသမား Miles Davis တို့ စီးခဲ့ဖူးသော ကားဖြစ်ပြီး ပိုင်ဆိုင်လိုသူ ကားဝါသနာအိုးများအနေဖြင့် ပေါင် ၂ သန်းခန့်အထိ သုံးစွဲရမည် ဖြစ်သည်။

(Ferrari 275 GTB ကို ကြမ်းခင်းဈေး ပေါင် ၂ သန်းဖြင့် လေလံတင်ရောင်းချရန် စီစဉ်ထားသည်။ ဓာတ်ပုံ-mediadrumimages)

 

(အတွင်းပိုင်းတွင် သစ်သား ဒက်ရှ်ဘုတ်နှင့် စတီယာရင်တွင် Ferrari တံဆိပ်တို့ရှိသည်။ ဓာတ်ပုံ-mediadrumimages)

 

(Ferrari ၏ အမာခံပရိသတ်များက ယခုအခွင့်အလမ်းကို လက်လွတ်ခံကြမည် မဟုတ်ချေ။ ဓာတ်ပုံ-mediadrumimages)


၁၉၆၆ ခုနှစ် မော်ဒယ်ဖြစ်ပြီး RM Sotheby ကုမ္ပဏီက လေလံတင်ပေးမည် ဖြစ်သည်။

၁၉၆၀ ပြည့်လွန်ကာလများက ဒီဇိုင်းများကို ပြန်လည်တွေ့မြင်ခွင့်ရသည်။

သားနားသော အနက်ရောင်အတွင်းပိုင်း၊ ရှည်လျားသော ဘောနက် သံမဏိကိုယ်ထည်တို့ဖြင့် ဖွဲ့စည်းထားသည်။

နာမည်ကျော် ပြင်သစ် ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူ ရောဂျာ ဗာဒင် ပလဲမီယမ်နီကော့ဗ် (Roger Vadim Plemiannikov) တချိန်က ပိုင်ဆိုင်ခဲ့ဖူးသည်။

၁၉၆၈ ခုနှစ်က ရုံတင်ပြသခဲ့ပြီး ဂျိန်းဖောင်ဒါ ပါဝင်သရုပ်ဆောင်ခဲ့သော သိပ္ပံစိတ်ကူးယဉ် လိင်နှင့် ဟာသ ရုပ်ရှင်ဖြစ်သော Barbarella ကဲ့သို့ အညှီအဟောက် ရုပ်ရှင်များဖြင့် ရောဂျာမှာ နာမည်ကြီးသည်။

ဂျိန်းဖောင်ဒါသည် ရောဂျာ၏ ဇနီးလည်း ဖြစ်သည်။

ယခု Ferrari ကို ရောဂျာက ၁၉၆၆ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ နောက်ပိုင်းတွင် ဂျိန်းဖောင်ဒါအား စာရွက်စာတမ်းများ လွှဲပြောင်းပေးခဲ့သည်။

၎င်းတို့စုံတွဲသည် ဤ Ferrari ကို ၂ နှစ်ခွဲခန့် ပိုင်ဆိုင်ထားခဲ့ပြီး ကားနှင့်တွဲကာ မကြာခဏ ဓာတ်ပုံရိုက်ခဲ့ကြဖူးသည်။

ဈေးကွက်တင် အရောင်းကြော်ငြာတွင် “ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း ဒီကားကို မူလအရောင်အသွေးအတိုင်း ပြန်လည်ရရှိစေဖို့အတွက် အလုံးစုံပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ဖော်ပြသည်။

“ဒီကားဟာ Ferrari Classiche လက်မှတ်ရရှိထားပြီး chassis၊ အင်ဂျင်နဲ့ ဂီယာဘောက်တွေ အော်ရီဂျင်နယ် ဖြစ်ကြောင်း ထောက်ခံထားတာ ဖြစ်ပါတယ်”


(ဤကားကို ရုပ်ရှင်ကြယ်ပွင့်များ ပိုင်ဆိုင်ခဲ့ကြဖူးသည်။ ဓာတ်ပုံ-mediadrumimages)

 

(ဂျိန်းဖောင်ဒါနှင့် ခင်ပွန်းဖြစ်သူတို့ ပိုင်ဆိုင်ခဲ့သောကားအဖြစ် အဓိက လူသိများသည်။ ဓာတ်ပုံ-mediadrumimages)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Rare Ferrari owned by A-list celebrities set to sell for eye-watering price after being restored to its former glory (thesun)

Photo Credit- mediadrumimages