- ပင်မစာမျက်နှာ
- ကားသတင်းများ
- Celica ပြန်လာမည်ဖြစ်ကြောင်း တိုယိုတာ တရားဝင်အတည်ပြု
Celica ပြန်လာမည်ဖြစ်ကြောင်း တိုယိုတာ တရားဝင်အတည်ပြု
- 212 views
နှစ်ပေါင်းများစွာ ကောလာဟလများ၊ မှန်းဆချက်သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း Celica ကို ပြန်လည်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း တိုယိုတာက တရားဝင်အတည်ပြုလိုက်ပြီ ဖြစ်သည်။
Toyota Stadium တွင် ကျင်းပသည့် Rally Japan ပွဲတွင် တိုယိုတာ၏ အမှုဆောင် ဒုတိယဥက္ကဌဖြစ်သူ ယုကိ နကဂျိမ (Yuki Nakajima) က အတည်ပြုကြေညာခဲ့ခြင်း ဖြစ်သည်။
ထိုအတည်ပြုချက်မှာ ရုတ်တရက် ကျပန်းထုတ်ဖော်ပြောကြားခဲ့မှုတစ်ရပ် ဖြစ်သည်။
Celica ပြန်လည်ထုတ်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ တိုယိုတာ၏ ဥက္ကဌဖြစ်သူ အကီယို တိုယိုဒါကို တိုက်ရိုက်မေးမြန်းခဲ့ခြင်းဖြစ်သော်လည်း နကဂျိမ ဖြေကြားပေးရန် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ဂျပန်သတင်းဌာနတစ်ခုဖြစ်သော Best Car ၏ ဖော်ပြချက်အရ နကဂျိမက “ရိုးရိုးသားသား ပြောရရင် လက်ရှိအချိန်မှာ အဲဒါနဲ့ ပတ်သက်တဲ့ အရိပ်လက္ခဏာတွေ မရှိပါဘူး။ ဒါပေမယ့် ကုမ္ပဏီထဲကလူ အတော်များများဟာ Celica ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတယ်။ ဒီကိစ္စကို public မှာ ပြောဖို့ အဆင်ပြေ မပြေ ကျွန်တော် မသေချာပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ Celica ကို ပြန်ထုတ်ဖို့လုပ်နေတယ်လို့ ပြောချင်ပါတယ်” ဟု ဖြေကြားသည်။
((သတိကြီးစွာ အတည်ပြုချက်))
နကဂျိမ၏ ဖြေကြားချက်တွင် တိကျမှု ပါဝင်နေသော်လည်း အကီယို တိုယိုဒါက သတိပေးပြောကြားမှုတစ်ခု ဖြည့်စွက်ပြောကြားခဲ့သည်ဟု ဆိုသည်။
“အရာရာ အဆင်ပြေရဲ့လား။ အခက်အခဲတွေ အများကြီးရှိပါတယ်။ တိုယိုတာက Celica ထုတ်နေပြီလို့ Best Car က ရေးတယ်။ ဒါပေမယ့် ခင်ဗျားတို့ အဲဒါကို မယုံသင့်ဘူး” ဟု တိုယိုဒါက ပြောအပြီးတွင် နကဂျိမက မိုက်ကို ယူကာ “ဘယ်အချိန်ထုတ်မယ်ဆိုတာ သူတို့က မဖော်ပြထားပါဘူး။ အဲဒါက လာမယ့်နှစ်ထဲမှာ ဖြစ်နိုင်ပါတယ်” ဟု ပြောခဲ့သည်။
(Toyota Celica 6th Generation ကို တွေ့ရပုံ)
Celica သည် တိုယိုတာ၏ Lineup တွင် ၁၉၇၀ မှ ၂၀၀၆ ခုနှစ်အထိ ရှိခဲ့ပြီး 7 generation အထိ ထုတ်လုပ်ခဲ့သည်။
ဂျပန်မှလာသော အတည်မပြုနိုင်သည့် ကောလာဟလများအရ Celica 8th gen ကို ၂၀၂၅ ခုနှစ် Toyota Auto Salon တွင် ထုတ်ပြလာဖွယ်ရှိကြောင်း သတင်းများရှိသည်။
သို့သော် အပြီးသတ်ထုတ်လုပ်မည့် မော်ဒယ်အနေဖြင့် မဟုတ်ဘဲ concept car အနေဖြင့်သာ ချပြဖွယ်ရှိကြောင်းလည်း ခန့်မှန်းပြောဆိုကြသည်။
(Toyota Celica 7th generation ကို တွေ့ရပုံ)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota Officially Confirms Celica’s Return (carscoops)
Photo Credit-carscoops