- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ
- 144 views
တရုတ်ပြည်ရှန်ဟိုင်းမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများနှင့် ယာဉ်များပြပွဲကို နိုဝင်ဘာလ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ရာ ယနေ့စတင်ကျင်းပလျက်ရှိသည်။
ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သည့်စက်များ၊ သတ္တုတွင်းလုပ်ငန်းသုံး စက်ယန္တရားများကိုလည်း ပြသသွားမည် ဖြစ်သည်။
Bauma CHINA ဟု အမည်ပေးထားသော ကုန်သွယ်ရေးပြပွဲသည် တရုတ်ပြည်တွင်သာမက အာရှတိုက် တစ်ခုလုံးတွင်ပါ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်တစ်ခုလုံးနှင့် ဆောက်လုပ်ရေးပစ္စည်း စက်ယန္တရားနယ်ပယ် တွင်ပါ ထိပ်တန်းပြပွဲကြီး ဖြစ်သည်။
နောက်ဆုံးပြပွဲမှာ စံချိန်အားလုံးချိုးဖြတ်ခဲ့ကာ bauma CHINA သည် အာရှတိုက်၏ အကြီးမားဆုံးနှင့် အရေးပါဆုံးပြပွဲကြီးဖြစ်သည်ကို သက်သေပြခဲ့သည်။
((bauma CHINA တွင် ပါဝင်ပြသမည့်သူများ))
ပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ မှ ကုမ္ပဏီပေါင်း ၃၂၂၇ ခုက ဝင်ရောက်ပြသမည် ဖြစ်သည်။
ခန်းမအကျယ် စတုရန်းမီတာ ၂၀၀၀၀၀ နှင့် Outdoor နေရာ စတုရန်းမီတာ ၄၁၄၀၀၀ တွင် ခင်းကျင်းပြသမည် ဖြစ်သည်။
((ပြပွဲအချိန်များ))
နိုဝင်ဘာ ၂၆- မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
နိုဝင်ဘာ ၂၇- မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
နိုဝင်ဘာ ၂၈- မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
နိုဝင်ဘာ ၂၉ - မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ
● ပြပွဲတက်ခွင့်ရှိသူများ- သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ကိုင်နေသူများသာ
● ကျင်းပပုံ- ၂ နှစ်တစ်ကြိမ်
● စတင်ကျင်းပသည့်ခုနှစ်- ၂၀၀၂
Bauma CHINA သည် ဆောက်လုပ်ရေးလုပ်ငန်းလောကအတွက် ရှန်ဟိုင်းမြို့တွင် ၂၀၀၂ ခုနှစ်မှ စတင်ကာ ၂ နှစ်တစ်ကြိမ် ကျင်းပခဲ့သော ပြပွဲဖြစ်သည်။
အာရှတိုက်၏ ဆောက်လုပ်ရေးနှင့် သတ္တုတွင်းလုပ်ငန်းဖွံ့ဖြိုးမှုကို ပြသနေသည့်ပြပွဲဖြစ်သည်။
ပြပွဲကျင်းပသည့်နေရာမှာ ရှန်ဟိုင်းမြို့ရှိ Shanghai New International Expo Center (SNIEC) တွင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဆောက်လုပ်ရေးလောကသားများ လာရောက်ကြသည်။
Messe Munchen ၏ ကုမ္ပဏီခွဲဖြစ်သော Messe Munchen Shanghai Co,Ltd က ကြီးမှူးကျင်းပခြင်း ဖြစ်သည်။
Bauma CHINA သည် ဆောက်လုပ်ရေးလုပ်ငန်း၏ နောက်ဆုံးနည်းပညာများ၊ တီထွင်မှုများကို ချပြနိုင်သော နေရာဖြစ်သည်။
အထပ်မြင့်များ၊ Civil engineering နှင့် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ဆောက်လုပ်ရေး စက်ယန္တရားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများ၊ အဆင့်မြင့် သတ္တုတွင်းလုပ်ငန်းသုံးယန္တရားများနှင့် ဆောက်လုပ်ရေးလောကအတွက် အထူးထုတ်လုပ်ထားသော ယာဉ်များ ပါဝင်သည်။
((ပြပွဲကျင်းပမည့်နေရာ))
Shanghai New International Expo Center (SNIEC),
2345 Long Yang Road, Pudong Area, 201204 Shanghai, China
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Bauma China - International Trade Fair for Construction Machinery, Building Material Machines, Mining Machines and Construction Vehicles - Shanghai, China (wailvoil)