ကားတစ်စီးနှင့် ဘဝသင်ခန်းစာ

  • 295 views

တစ်ခါက အမျိုးသားတစ်ဦးသည် သူ၏ကားကို တိုက်ချွတ်ဆေးကြောနေ၏။
ထိုအချိန်တွင် သူ၏ ၄ နှစ်အရွယ် သမီးငယ်လေးက ကျောက်ခဲတစ်ခဲကို ကောက်ယူကာ ကားဘေးဘက်တွင် လိုက်လံ ရေးခြစ်နေလေသည်။

ကားကို ကျောက်ခဲနှင့် ခြစ်နေသည်အား တွေ့သောအခါ ဖခင်ဖြစ်သူမှာ အလွန်ဒေါသထွက်ကာ သမီးငယ်၏ လက်ကို ဆွဲယူပြီး ပြင်းထန်စွာ ရိုက်နှက်လေသည်။

ကားပြင်သော ခွရှင်တစ်ခုဖြင့် ရိုက်နေမိမှန်း သတိမထားမိခဲ့။

သမီးငယ်လေး၏ လက်မှာ အရိုးအားလုံး ကြေမွသွားသောကြောင့် လက်ချောင်းအားလုံး ဖြတ်တောက်ပစ်ခဲ့ရသည်။

ဆေးရုံမှ ဆင်းလာချိန်တွင် ဖခင်ကို တွေ့သောအခါ သမီးငယ်လေးက ဝမ်းနည်းကြေကွဲသော မျက်ဝန်းများဖြင့် ကြည့်ရင်း မေး၏။

“ဖေကြီး…မီးမီးလက်ချောင်းတွေ ဘယ်တော့ ပြန်ရှည်လာမှာလဲဟင်”

ဖခင်မှာ ဆို့နစ်ကြေကွဲကာ ဆွံ့အနေခဲ့သည်။

ယူကျုံးမရဖြစ်နေသော ဖခင်မှာ ကားဆီသို့ သွားကာ သူ၏ကားကိုသာ အကြိမ်ကြိမ် ကန်ကျောက်ပစ်ခဲ့မိသည်။

ထို့နောက် ကားဘေးတွင် ထိုင်ချရင်း သမီးငယ် ကျောက်ခဲဖြင့် ခြစ်ခဲ့သောနေရာကို ကြည့်လိုက်ရာ ကျောက်ခဲဖြင့် ခြစ်ကာ စာတစ်ကြောင်းရေးထားသည်ကို တွေ့လိုက်ရလေသည်။

“ဖေဖေ့ကို ချစ်တယ်”

((သင်ခန်းစာ))

ဒေါသနှင့် အချစ်မှာ အကန့်အသတ်မရှိသည်ကို သတိရပါ။

အသုံးအဆောင်ပစ္စည်းဟူသည် အသုံးချရန်ဖြစ်ပြီး လူတို့မှာ ချစ်ရန်ဖြစ်သည်ကို အမြဲသတိရပါ။

ယနေ့ခေတ် ကမ္ဘာကြီး၏ ပြဿနာကား လူတို့မှာ အသုံးချခံနေရပြီး ပစ္စည်းများမှာ အချစ်ခံနေရခြင်း ဖြစ်လေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Who or What do we love more?