- ပင်မစာမျက်နှာ
- ကားသတင်းများ
- တိုယိုတာက Tesla နှင့် တရုတ်ပြည်ထုတ်ကားများကို ရင်ဆိုင်ရန် Area 35 အမည်ရှိ လျှို့ဝှက် စီမံကိန်းကို အကောင်အထည်ဖော်နေ
တိုယိုတာက Tesla နှင့် တရုတ်ပြည်ထုတ်ကားများကို ရင်ဆိုင်ရန် Area 35 အမည်ရှိ လျှို့ဝှက် စီမံကိန်းကို အကောင်အထည်ဖော်နေ
- 348 views
Toyota သည် Tesla နှင့် တရုတ်ပြည်ထုတ်ကားများကို ရင်ဆိုင်ရာတွင် ပိုမိုဈေးသက်သာကာ ပိုမိုကောင်းမွန်သော လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် Area 35 အမည်ရှိ စီမံကိန်းတစ်ခု ချမှတ်လာသည်။
အဆိုပါစီမံကိန်းဖြင့် ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် လျှပ်စစ်ကား အစင်းရေ ၃ ဒသမ ၅ သန်းထုတ်လုပ်ရန် ရည်မှန်းထားသည်။
တိုယိုတာ၏ ကားထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို တချိန်က ကားနယ်ပယ်တစ်ခုလုံး အားကျခဲ့ရသည်။
သို့သော် Tesla ကမူ သမားရိုးကျ ကားထုတ်လုပ်မှုနည်းလမ်းများထက် ပိုမိုမြန်ဆန်၊ ပိုမိုသက်သာသည့် ခေတ်သစ်ချဉ်းကပ်ပုံဖြင့် ထုတ်လုပ်ခဲ့သည်။
Toyota က ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးများစွာ ရင်ဆိုင်ရသည့် ပြဿနာများကို ရှောင်လွှဲနိုင်ရန်လည်း Area 35 က အထောက်အကူဖြစ်စေမည် ဖြစ်သည်။
ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးများစွာသည် EV ကဏ္ဍအတွက် ပုံအောရင်းနှီးခြင်း၊ EV များ အဆောတလျင် အင်တိုက်အားတိုက်ထုတ်လုပ်ခြင်းတို့ လုပ်ဆောင်ကြရာ ဝယ်လိုအား ကျဆင်းပါက အထိနာမှု ရင်ဆိုင်ရမည် ဖြစ်သည်။
Toyota ၏ မဟာဗျူဟာတွင် EV သီးသန့်ထုတ်လုပ်မည့် အဆောက်အအုံသစ်များ ဆောက်လုပ်မည် မဟုတ်ချေ။
ထိုသို့ဆောက်လုပ်မှုအစား ရှိရင်းစွဲ Facility များကို အသုံးပြုကာ EV များထုတ်လုပ်မည်ဖြစ်ပြီး ထုတ်လုပ်စရိတ် သက်သာစေရန်အတွက် ရှုပ်ထွေးမှုကို လျှော့ချပြီး ထုတ်လုပ်ရေးနေရာ အများဆုံးနေရာယူမည် ဖြစ်သည်။
လက်ရှိ ICE များ ထုတ်လုပ်နေသည့်နေရာကို ၃၅ ရာခိုင်နှုန်းလျှော့ချပြီး EV ထုတ်လုပ်ရေးလိုင်းအတွက် နေရာသစ်များ ဖန်တီးကာ အဆောက်အအုံသစ် ဆောက်လုပ်ရန် မလို၊ ဝန်ထမ်းသစ် ခန့်ထားရန် မလိုဘဲ EV ထုတ်လုပ်သွားမည် ဖြစ်သည်။
ထို့အပြင် တိုယိုတာ၏ ၎င်း၏ မော်တော်ကားများတွင် မတူညီသည့် ပစ္စည်းအစိတ်အပိုင်း ပမာဏကိုလည်း ၃၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကာ ထုတ်လုပ်မှုမြန်နှုန်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေမည် ဖြစ်သည်။
အဆိုပါ အချက် ၂ ရပ်ကြောင့် အမြတ် ၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်စေမည်ဟု တိုယိုတာက ပြောသည်။
Area 35 အစီအစဉ်ကို စတင်လျက်ရှိနေပြီဖြစ်ပြီး ပြီးခဲ့သော ၂၀၂၃ ခုနှစ် သြဂုတ်လက ဂျပန်ရှိ စက်ရုံ ၁၀ ခုတွင် Area 35 ပြောင်းလဲမှုများ စတင်ခဲ့သည်။
အဆိုပါခြေလှမ်းကြောင့် နှစ်စဉ် ထုတ်လုပ်မှု အစင်းရေ ၈၀၀၀၀ ခန့် မြင့်တက်စေခဲ့သည်။
ယခုအခါ အဆိုပါ မဟာဗျူဟာကို ကမ္ဘာတဝန်းရှိ စက်ရုံ ၅၄ ခုတွင် ဆက်လက်အကောင်အထည်ဖော်သွားရန် တိုယိုတာက စီစဉ်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota's secret mission to stop Tesla and cheap Chinese brands: How sci-fi-sounding 'Area 35' plan will push the Japanese giant to the next level - and deliver you cheaper, better electric cars like the LandCruiser (carsguide)