ဘရပ်ဆဲ ကားပြပွဲတွင် ဆုချီးမြှင့်မည့် Car of the Year 2025 အတွက် ဖိုင်နယ်သို့ ရောက်ရှိသော ကားမော်ဒယ်များစာရင်းထွက်ပေါ်လာ

  • 343 views


ဥရောပ Car of the Year 2025 ဆုကို ဘရပ်ဆဲလ်တွင် ကျင်းပမည့် ကားပြပွဲ၌ ဇန်နဝါရီလ ၁၀ ရက်တွင် ဆုချီးမြှင့်ရန် စီစဉ်ထားသည်။

ဂုဏ်သတင်းကြီးသော ဥရောပ Car of the Year အဖွဲ့အစည်း (ECOTY) မှ ဒိုင်လူကြီးများက နောက်ဆုံး ဖိုင်နယ်အဆင့်သို့ ရောက်ရှိလာသော ကားမော်ဒယ်များစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

ကားမော်ဒယ် ၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာတွင် အဖွဲ့ဝင် ၆၀ ဦးပါသော ဒိုင်အဖွဲ့က အကဲဖြတ်ရွေးချယ် ခဲ့ကြသည်။

အသစ် ပါဝင်ယှဉ်ပြိုင်လာကြသော Ford Explorer EV, Mini Cooper SE, Aceman နှင့် Countryman, Polestar 4, MG Cyberster နှင့် Hyundai Santa Fe တို့မှာ ရွေးချယ်မခံခဲ့ရ။

အဆင့်ဆင့် စိစစ်ရွေးချယ်ပြီးနောက် ကားမော်ဒယ် ၇ ခုသာ ဖိုင်နယ်သို့ ရောက်လာသည်။

● Alfa Romeo Junior
● Citroen C3/ e-C3
● Cupra Terramar
● Dacia Duster
● Hyundai Inster
● Kia EV3
● Renault 5

အထက်ပါ စာရင်းတွင် တွေ့ရသည့်အတိုင်း လျှပ်စစ်ကားများ ကြီးစိုးထားသည်ကို တွေ့ရမည် ဖြစ်သည်။

ဖိုင်နယ်သို့ ကားမော်ဒယ် ၅ ခုအထိ ရောက်ရှိလာပြီး Cupra Terramar နှင့် Dacia Duster တို့သာ အခြားမော်ဒယ်အဖြစ် ရှိနေသည်။

ထိုမော်ဒယ် ၂ မျိုးလုံးတွင်လည်း လျှပ်စစ်ကား version ရှိသည်။

 

(Alfa Romeo Junior)

134hp hybrid ဗားရှင်း ထွက်လာရန် ရှိနေသည်။

ထိုမော်ဒယ်မှာ EV version ထက် ပိုမိုကျော်ကြားလာဖွယ်ရှိနေသည်။

လက်ရှိအားဖြင့် ရွေးချယ်စရာ လျှပ်စစ်ကား မော်ဒယ် ၂ မျိုးရှိသည်။

Entry model မှာ 154hp ထွက်ပြီး flagship မော်ဒယ် Veloce မှာ 278hp ရှိသည်။

 

(Citroen C3/e-C3)

C3 သည် ICE နှင့် EV ၂ မျိုးလုံး လာသည်။

ICE ဗားရှင်းတွင် 1.2-litre အင်ဂျင်ဖြင့်ဖြစ်ပြီး လျှပ်စစ်ကား e-C3 မှာ 111hp ထွက်သော လျှပ်စစ်မော်တာ တစ်လုံး တပ်ဆင်ထားကာ 62mph အမြန်နှုန်းကို ၁၁ စက္ကန့်အတွင်း ရနိုင်သည်။

 

(Cupra Terramar)

ECOTY ဒိုင်လူကြီးတို့က VW ၏ Euro Tiguan ကို ဖိုင်နယ်သို့ ခေါ်မလာ။ Cupra ကို ဖိုင်နယ်သို့ခေါ်လာသည်။

Mild-hybrid နှင့် လျှပ်စစ် hybrid powertrain များရှိပြီး 268hp အထိ ထွက်သည်။

 

(Dacia Duster)

Entry level တွင် touchscreen မပါ။ မည်သည့်ဗားရှင်းမှ 139hp (103KW/ 140PS) ထက် မကျော်။

သို့သော် မော်ဒယ်အများစုတွင် ပစ္စည်းအစုံထည့်သွင်းပေးထားပြီး ရှေ့ယက် (သို့မဟုတ်) 4WD တို့ မှာယူနိုင်သည်။

 

(Hyundai Inster)

Inster တွင် power ရွေးချယ်စရာအနေဖြင့် 95hp (71KW/97PS) နှင့် 113hp (84.5KW/ 115PS) လျှပ်စစ်မော်တာများရှိသည်။

ပိုမိုအားကောင်းသော ဗားရှင်းတွင် ဘက်ထရီမှာ အနည်းငယ်ပိုမိုကြီးမားပြီး တစ်ကြိမ်အားသွင်းထားလျှင် မောင်းနိုင်မည့်ခရီးကို ၁၈၆ မိုင်မှ ၂၂၁ မိုင်အထိ တိုးမြင့်လာစေနိုင်သည်။

 

(KIA EV3)

လက်ရှိအားဖြင့် 201HP (150KW/ 204PS) ထွက်သည် Single motor powertrain တစ်မျိုးတည်းသာ -ရနိုင်သည်။ 0-62 mph အမြန်နှုန်းကို ၇ ဒသမ ၅ စက္ကန့်အတွင်း ရနိုင်သည်။

နောက်ပိုင်းတွင်မူ အခြားဗားရှင်းများ ထွက်လာရန် ရှိသည်။

 

(Renault 5/ Alpine A290)

ရွေးချယ်စရာ ဗားရှင်း ၅ မျိုးရှိသည်။

Renault 5 တွင် ရွေးချယ်စရာ 94hp (70 KW/ 95 PS) , 121 hp (90 KW/ 122 PS) နှင့် 148hp (110KW/ 150 PS) တို့ရှိသည်။

A290 တွင်မူ 178hp (180PS/ 130KW) နှင့် 217hp (220PS/ 160KW) တို့ ရွေးစရာရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The finalists for the Car of the Year 2025 award (carscoops)