- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရန်ကုန်အိမ်စီးကားဈေးကွက် အရောင်းအဝယ်တည်ငြိမ်နေ
ရန်ကုန်အိမ်စီးကားဈေးကွက် အရောင်းအဝယ်တည်ငြိမ်နေ
- 678 views
ရန်ကုန်ကားဈေးကွက်ထဲမှာ အရောင်းအဝယ်ကြီးကြီးမားမားမရှိဘဲ ဈေးကွက်တည်ငြိမ်နေတယ်လို့ အိမ်စီးကားရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။ အရင်လတွေတုန်းက အိမ်စီးကားတွေကို ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ ဝယ်ယူသူတွေ ရှိပေမယ့်လည်း လက်ရှိအချိန်မှာ အဝယ်အေးစက်နေတယ်လို့ ဝါရင့် ကားဝယ်ရောင်းတွေက ပြောပါတယ်။
သြဂုတ်လထဲက ကားဈေးတွေတည်ငြိမ်လာခဲ့ပြီး သိန်းထောင်ချီပေါက်ဈေးရှိခဲ့တဲ့ ကားတွေဟာ ဈေးအနည်းငယ် ပြန်လည်ကျဆင်းလာပြီး ကျပ်သိန်း (၁၀၀၀) ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။
လောင်စာဆီသုံး ကားတွေကို တင်သွင်းခွင့် ပိတ်ထားပေမယ့်လည်း (SKD/CKD) စနစ်နဲ့ ထုတ်လုပ်တပ်ဆင်တဲ့ ကားတွေကိုတော့ အခွန်လျော့ပြီး တင်သွင်းခွင့်ပြုထားပါတယ်။ (SKD) စနစ်ဟာ သက်ဆိုင်ရာ ကားအစိတ် အပိုင်းတွေကို ကားထုတ်လုပ်တဲ့ ကုမ္ပဏီကနေ သယ်ဆောင်လာပြီး ပြည်တွင်းမှာ ပြန်လည်တပ်ဆင်တဲ့ စနစ်ဖြစ်ပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com