- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကမ္ဘာ့လေခွင်းအား အကောင်းဆုံးမော်တော်ကားဟု ကင်ပွန်းတပ်ခံထားရသော နေစွမ်းအင်သုံး ကားတစ်စင်း ကြမ်းခင်းဈေးနည်းပါးစွာဖြင့် လေလံတင်ရန် စီစဉ်လာ
ကမ္ဘာ့လေခွင်းအား အကောင်းဆုံးမော်တော်ကားဟု ကင်ပွန်းတပ်ခံထားရသော နေစွမ်းအင်သုံး ကားတစ်စင်း ကြမ်းခင်းဈေးနည်းပါးစွာဖြင့် လေလံတင်ရန် စီစဉ်လာ
- 131 views
ကမ္ဘာ့လေခွင်းအား အကောင်းဆုံးမော်တော်ကားဟု ကင်ပွန်းတပ်ခံထားရသော နေစွမ်းအင်သုံး ကားတစ်စင်းမှာ နည်းပါးလှသော ကြမ်းခင်းဈေးဖြင့် လေလံဈေးကွက်ဝင်လာသည်။
နယ်သာလန် အခြေစိုက် ကားထုတ်လုပ်သည့်ကားကုမ္ပဏီဖြစ်သော Lightyear မှ ထုတ်လုပ်သောကားဖြစ်ပြီး တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းအထိ မောင်းနိုင်ကာ 0 to 100km အမြန်နှုန်းကို ၁၀ စက္ကန့်အတွင်း ရနိုင်သည်။
(ကြမ်းခင်းဈေးနည်းပါးစွာဖြင့် လေလံတင်လာသော Lightyear Zero ။ ဓာတ်ပုံ-Dagens)
(အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ မောင်းနိုင်ပြီး 0 to 100km အမြန်နှုန်းကို ၁၀ စက္ကန့် အတွင်း ရနိုင်သည်။ ဓာတ်ပုံ-Dagens)
(နယ်သာလန်ကားကုမ္ပဏီ Lightyear သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ဒေဝါလီခံသွားခဲ့သည်။ ဓာတ်ပုံ-Dagens)
The Zero ဟု အမည်ပေးထားသော ယခုကားမော်ဒယ်မှာ အပြင်ပိုင်းတွင် မီးခိုးနှင့် အနက်ရောင်တို့ အသုံးပြုထားပြီး အနာဂတ်ဆန်သော သွင်ပြင်ခံစားချက် ရရှိစေသည်။
နယ်သာလန်ကားဈေးကွက်တွင် လေလံဝင်လာသော ယခုကားမှာ ကြမ်းခင်းဈေး ယူရို ၁၇,၀၀၀ သာ သတ်မှတ်ထားရာ မူရင်းဈေးနှုန်းဖြစ်သော ယူရို ၂၀၀,၀၀၀ အောက် ၈၈ ရာခိုင်နှုန်း နည်းပါးသည့် ဈေးနှုန်း ဖြစ်သည်။
ယခုကားသည် The Zero မော်ဒယ်ဝင် ကားတစ်စင်းမျှသာမက ပထမဆုံးထုတ်လုပ်ခဲ့သောကားလည်းဖြစ်ပြီး နမူနာကား နံပါတ် 0001 ဖြစ်သည်။
သို့သော် သတိပြုရန်အချက်မှာ ယခုကားမှာ ဥရောပယာဉ်စည်းကမ်းသတ်မှတ်ချက်စံနှုန်းများနှင့် မကိုက်ညီသောကြောင့် လမ်းပေါ်တွင် မောင်းနှင်ခွင့်မရှိသောကားဖြစ်ပြီး နံပါတ်ပြားလည်း ပါဝင်ခြင်း မရှိချေ။
Lightyear Zero ကို နေစွမ်းအင်ဖြင့် မောင်းနှင်နိုင်ရန် ထုတ်လုပ်ထားပြီး ကားပိုင်ရှင်အနေဖြင့် တစ်နှစ်လျှင် ကီလိုမီတာ ၇၄၀၀ ခန့် လောင်စာဖိုးမကုန်ဘဲ မောင်းနှင်နိုင်မည် ဖြစ်သည်။
ယခုမော်ဒယ်အောက် ပိုမိုဈေးသက်သာသော Lightyear 2 ကို ထုတ်လုပ်မည်ဟု ကြေညာခဲ့သော်လည်း မထုတ်လုပ်ဖြစ်ခဲ့ဘဲ ကုမ္ပဏီဒေဝါလီခံသွားသည်။
လေလံဆွဲသူ ရှိ၊ မရှိနှင့် ဈေးနှုန်းမည်မျှဖြင့် ရောင်းထွက်သည်တို့ကိုမူ မသိရချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Solar-powered supercar dubbed ‘world’s most aerodynamic motor’ hits auction for bargain price – but it’s not road legal (thesun)
Photo Credit: Dagens