- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗီယက်နမ်မှ လက်သမားဆရာတစ်ဦးက ကာလယန္တရား ရုပ်ရှင်ထဲမှ ယန္တရားကြီးအသွင် မော်တော်ကားတစ်စီး ကို သစ်သားဖြင့် ပြုလုပ်
ဗီယက်နမ်မှ လက်သမားဆရာတစ်ဦးက ကာလယန္တရား ရုပ်ရှင်ထဲမှ ယန္တရားကြီးအသွင် မော်တော်ကားတစ်စီး ကို သစ်သားဖြင့် ပြုလုပ်
- 331 views
ဗီယက်နမ်နိုင်ငံတွင် ထရုန် ဗန်ဒေါင်အမည်ရှိ လက်သမားဆရာတစ်ဦးက သစ်သားဖြင့် ကားတစ်စင်း ထုတ်လုပ်ခဲ့ရာ သူ၏ကားတွင် ရဟတ်ဘီး ခွေးသွားစိတ်များ၊ ပစ္စတင်များတပ်ဆင်ထားသည်။
ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရမှုအရ ထရုန် ဗန်ဒေါင်သည် သူ၏ သစ်သားကားမှ အစိတ်အပိုင်းတစ်ခုချင်းကို ပြသခဲ့သည်။
သူ၏ ကားမှာ ဘက်ထရီကို အသုံးပြုသော လျှပ်စစ်ကားဖြစ်သည်။
ထရုန် ဗန်ဒေါင်၏ ကားမှာ လမ်းလျှောက်သည့်နှုန်းထက် များစွာပိုမိုမြန်ဆန်အောင် မောင်းနှင်နိုင်ခြင်း မရှိသော်လည်း တွေ့ရသူအပေါင်းက အနုစိတ်လက်ရာမြောက်စွာ အချိန်ယူဆောက်လုပ်ထားမှုကို ရင်သပ်ရှုမော ဖြစ်ကြရသည်။
ထရုန်ဗန်ဒေါင်၏ မော်တော်ကားသည် ကာလယန္တရားရုပ်ရှင်ဇာတ်ကားထဲမှ စက်ကြီးအသွင်မျိုးဖြစ်သည်။
သို့သော် သူ၏ မော်တော်ကားမှာမူ နေရာဒေသတို့ကို ဖြတ်ကျော်၍သာ သွားလာနိုင်ပြီး အချိန်ကာလကို ဖြတ်ကျော်နိုင်သောစက် မဟုတ်ချေ။
(ထရုန်ဗန်ဒေါင် အမည်ရှိ Youtuber တစ်ဦးက ကာလယန္တယားဇာတ်ကားထဲမှ စက်ကြီးကို inspire ယူကာ ထုတ်လုပ်ထားသော သစ်သားမော်တော်ကား)
ထရုန်ဗန်ဒေါင်က ကာလယန္တယား မော်တော်ကားကို ဗွီဒီယိုရိုက်ကူးကာ သူ၏ YouTube ချန်နယ်ဖြစ်သော ND Woodworking Art တွင် လွှင့်တင်ခဲ့သည်။
သူ၏ YouTube ချန်နယ်ကို ထရုန်ဗန်ဒေါင်က ညွှန်းဆိုပြောပြသည်မှာ အဖေနှင့်သား သားအဖနှစ်ဦးက အနုပညာနှင့် လက်တွေ့လည်ပတ်နိုင်မှုတို့ကို ပေါင်းစပ်ပေးထားသည့် အံ့မခန်းသစ်သား မော်တော်ကားများဟု ရည်ညွှန်းသည်။
ထရုန်ဗန်ဒေါင်သည် သစ်သားကို အသုံးပြုကာ Cybertruck အပါအဝင် မော်တော်ကား မော်ဒယ်မျိုးစုံကို ထုတ်လုပ်ထားသည့်အပြင် သစ်သား ရထားပင် ထုတ်လုပ်ထားသေးသည်။
ယခုဗွီဒီယိုတွင်မူ ထရုန်ဗန်ဒေါင်က ကာလယန္တရားရုပ်ရှင်ထဲမှ စက်ယန္တရားကြီးအသွင် ထုတ်လုပ်ထားသည့် မော်တော်ကားကို ပြသခြင်း ဖြစ်သည်။
ဗွီဒီယို၏ description ဖော်ပြချက်တွင် ယခုမော်တော်ကားကို AI အကူအညီဖြင့် ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသော်လည်း ဒီဇိုင်းရေးဆွဲခဲ့ပုံကိုမူ ဗွီဒီယိုထဲတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိချေ။
ဗွီဒီယိုထဲတွင် ပထမဆုံးတွေ့ရသည်မှာ ထရုန်ဗန်ဒေါင်သည် ကား၏ သတ္တုဖရိန်ကို ဝရိန်ဆော်နေပုံ တွေ့ရသည်။
ထရုန်ဗန်ဒေါင်က ဘီး ၄ ဘီးနှင့် အောက်ခံကိုယ်ထည် chassis ကို စတင်ဆောက်လုပ်ခဲ့ပြီးနောက် ကား၏ ထူးခြားသည့်အစိတ်အပိုင်းဖြစ်သော အဝိုင်းဖရိန်ကြီးများ တပ်ဆင်ခဲ့သည်။
(သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်သော ကာလယန္တရားဇာတ်ကားထဲမှ စက်ကြီးအသွင် ကားကိုဒီဇိုင်းဆွဲထားသည်)
(Blackadder: Back and Forth ဇာတ်ကားထဲမှ ကာလယန္တရားကို inspire ယူကာ ကားထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်)
(ထရုန်ဗန်ဒေါင်က ကာလယန္တရား မော်တော်ကားကို သားဖြစ်သူအတွက် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောသည်)
(ကား၏ သတ္တုကိုယ်ထည်ဖရိန်ကို ထရုန်ဗန်ဒေါင် ဝရိန်ဆော်နေပုံ)
(ကြီးမားသော သစ်သားဘီးကြီး တပ်ဆင်နေပုံ)
(အရောင်ဖျော့ သစ်သားတို့ကို အသုံးပြုကာ ရဟတ်ဘီးအသွင် တပ်ဆင်ခဲ့သည်)
(ကိုယ်ထည်ဖရိန်ထဲတွင် ခွေးသွားစိတ်များ တပ်ဆင်ထားပြီး မော်တာဖွင့်လိုက်သည်နှင့် လည်ပတ်နိုင်မည် ဖြစ်သည်)
(ကားမောင်းနေချိန်တွင် ကိုယ်ထည်ဖရိန်ရှိ ခွေးသွားစိတ်များ၊ ပစ္စတင်များမှာလည်း လည်ပတ်နေမည်ဖြစ်ရာ သိပ္ပံဆန်းကြယ်ရုပ်ရှင်ထဲမှ ကာလယန္တရားအသွင် ခံစားရစေမည် ဖြစ်သည်)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Wood you believe it? Fully functional WOODEN car takes to the road - and it looks like something from a science fiction blockbuster (dailymail)
Photo Credit: dailymail