• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Honda Cars India ၏ ၂၀၂၄ ခုနှစ်ဝင်ငွေမှာ ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်နေပြီး ရူပီး ၁၆၄၆၁ ကုဋေအထိ ရှိနေ၊ ပြည်ပသို့ စံချိန်တင် တင်ပို့ရမှုများကြောင့်ဖြစ်

Honda Cars India ၏ ၂၀၂၄ ခုနှစ်ဝင်ငွေမှာ ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်နေပြီး ရူပီး ၁၆၄၆၁ ကုဋေအထိ ရှိနေ၊ ပြည်ပသို့ စံချိန်တင် တင်ပို့ရမှုများကြောင့်ဖြစ်

  • 248 views

City sedan နှင့် Elevate SUV တို့ ထုတ်လုပ်သူ Honda Cars India သည် ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေ ရူပီး ၁၆၄၆၁ ကုဋေ ရှိနေပြီး ၁၆ ရာခိုင်နှုန်း မြင့်တက်လာကာ အဓိကအားဖြင့် ပြည်ပသို့ တင်ပို့ ရောင်းချရမှုများကြောင့် ဖြစ်သည်။

သို့သော် အသားတင်အမြတ်အစွန်းမှာ ရူပီး ၆၆၁ ဒသမ ၄၁ ကုဋေသာရှိခဲ့ပြီး နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ၅၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယင်းသို့ ကျဆင်းရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ကြီးမားသည့်အခွန်ကြောင့်ဖြစ်ပြီး ရူပီး ၅၇၆ ကုဋေအထိ အခွန်ဆောင်ခဲ့ရကြောင်း ကုမ္ပဏီ၏ annual filing တွင် ဖော်ပြသည်။

၂၀၂၄ ဘဏ္ဍာရေးနှစ်၏ အခွန်မဆောင်မီ အမြတ်ငွေမှာမူ နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ကုမ္ပဏီ၏ ဝင်ငွေမှာ လွန်ခဲ့သော ၆ နှစ်တာအတွင်း အမြင့်ဆုံးကာလအဖြစ် မြင့်တက်ခဲ့သည်။

၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အစင်းရေ ၁၂၄၂၄၄ ရောင်းချခဲ့ရရာ ၈ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၅ နှစ်တာအတွင်း အမြင့်မားဆုံးမြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ရောင်းအားမြင့်တက်ခြင်းမှာ အစင်းရေ ၃၇၆၆၀ အထိ မကြုံစဖူး ပြည်ပသို့ တင်ပို့ခဲ့ရခြင်းကြောင့်ဖြစ်ပြီး ပြည်ပသို့တင်ပို့ရမှု ၆၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ပျမ်းမျှရောင်းဈေးမှာ ယခင်နှစ်တွင် ရူပီး ၁၂ ဒသမ ၄ ကုဋေမှ ယခုနှစ်တွင် ရူပီး ၁၃ ဒသမ ၂ ကုဋေ သို့ မြင့်တက်လာသည်။

Honda Cars India သည် စရိတ်ထိန်းချုပ်နိုင်မှုတွင် ခြေလှမ်းကြဲကြဲလှမ်းနိုင်ခဲ့ရာ ကုန်ကြမ်းပစ္စည်း၊ ဝန်ထမ်းစရိတ် အစရှိသည့်ကဏ္ဍတို့တွင်ဖြစ်သည်။

ထိုသို့ ထိန်းချုပ်နိုင်မှုကြောင့် ကားတစ်စင်းချင်း အမြတ်အစွန်းတွင် ပိုမိုမြင့်တက်လာစေခဲ့သည်။

ကုမ္ပဏီ၏ အသားတင်အမြတ်အစွန်းမှာ ၄ နှစ်ဆက်တိုက် တိုးတက်ခဲ့သည်။
၂၀၂၁ ဘဏ္ဍာနှစ်တွင် အသားတင်အမြတ် ၂၇ ဒသမ ၂၀ ရာခိုင်နှုန်းရှိခဲ့ပြီး ယင်းနောက်ပိုင်း တစ်နှစ်ပြီးတစ်နှစ် တစ်စထက်တစ်စ တိုးတက်လာသည်။

လက်ရှိအားဖြင့် ကားတစ်စင်းလျှင် ရူပီး ၄၂၂၄၄၉ အသားတင်မြတ်စွန်းပြီး ကုန်ကျစရိတ်နှုတ်ပြီး အမြတ်ငွေမှာ ကားတစ်စင်းလျှင် ရူပီး ၁၃၉၆၆၇ (အကောက်ခွန် မပါသေး) ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Honda Cars India FY24 revenues jump 16% to Rs 16,461 crore on record exports (autocarpro)