- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ်အမ်ဘာနီက ဒီဝါလီနေ့တွင် ဇနီးအတွက် ရူပီး ၁၀ ကုဋေတန် ကားတစ်စင်းဝယ်ပေးပြီး ၎င်းကိုယ်တိုင်အတွက် ရူပီး ကုဋေ ၁၀၀၀ တန် ဂျက်လေယာဉ်ကြီးဝယ်
အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ်အမ်ဘာနီက ဒီဝါလီနေ့တွင် ဇနီးအတွက် ရူပီး ၁၀ ကုဋေတန် ကားတစ်စင်းဝယ်ပေးပြီး ၎င်းကိုယ်တိုင်အတွက် ရူပီး ကုဋေ ၁၀၀၀ တန် ဂျက်လေယာဉ်ကြီးဝယ်
- 460 views
အမ်ဘာနီမိသားစုသည် အာရှတိုက်တွင် အချမ်းသာဆုံးမိသားစု ဖြစ်သည်။
ဘီလျံနာ မူကက်ရှ် အမ်ဘာနီ၊ သားသမီးများဖြစ်သော အေကက်ရှ်၊ အာနန့်နှင့် အီရှာ အမ်ဘာနီတို့ အပါအဝင် မိသားစုဝင်အားလုံးမှာ မိသားစု၏ လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နေကြသည်။
Reliance ဖောင်ဒေးရှင်းတည်ထောင်သူ နီတာ အမ်ဘာနီမှာမူ ပရဟိတအလုပ်များတွင်သာ အာရုံစိုက်နေသည်။
ထိုသို့ စီးပွားရေးကို ဇောက်ချလုပ်ကိုင်နေသော်လည်း ပွဲလမ်းသဘင်များ ကျင်းပစရာရှိလျှင် အမ်ဘာနီမိသားစုသည် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိသည်။
လက်ဆောင်ပေးရမည်ဆိုပါက ဈေးနှုန်းကို မကြည့်ကြ။
((မူကက်ရှ် အမ်ဘာနီ၏ ကြွယ်ဝမှု))
Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ မူကက်ရှ်အမ်ဘာနီ၏ ကြွယ်ဝမှုမှာ ရူပီး ၈,၆၁၄,၈၀၇,၈၇၉ ,၆၈၀ (ကန်ဒေါ်လာ ၁၀၂ ဒသမ ၄ ဘီလီယံ) ရှိသည်ဟု ဆိုသည်။
၁။ ရူပီး ၁၀ ကုဋေတန် Rolls Royce Cullinan Black Badge
မူကက်ရှ် အမ်ဘာနီသည် ဇနီးဖြစ်သူ နီတာ အမ်ဘာနီအား အိန္ဒိယတွင် တန်ဖိုးအကြီးဆုံး SUV ဖြစ်သော Rolls Royce Cullinan Black Badge တစ်စင်း လက်ဆောင်ပေးခဲ့သည်။
အပိုမွမ်းမံမှုများ မပါသေးဘဲ မူရင်းတန်ဖိုးပင်လျှင် ရူပီး ၁၀ ကုဋေ တန်ကြေးရှိသည်။
အဆိုပါကားကို အိန္ဒိယတွင် ရှာရွတ်ခန်အပါအဝင် လက်တစ်ဆုပ်စာမျှသာ ပိုင်ဆိုင်ကြသည်။
Rolls Royce Cullinan တွင် 6.75-litre twin-turbo V12 အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား 600Bhp ရှိကာ ရုန်းအား 900Nm ရှိသည်။
(၂) ရူပီး ကုဋေ ၁၀၀၀ တန် Boeing 737 ဂျက်လေယာဉ်
မူကက်ရှ် အမ်ဘာနီသည် Boeing Business Jet, Airbus A319 နှင့် Falcon 900EX ဂျက်လေယာဉ်များ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
၂၀၂၄ ဒီဝါလီနေ့ မတိုင်မီတွင် မူကက်ရှ် အမ်ဘာနီက Boeing 737 MAX 9 ဂျက်လေယာဉ်ကြီးတစ်စင်း ထပ်မံ ဝယ်ယူခဲ့သည်။
DNA နှင့် Times Now သတင်းဌာနတို့၏ ဖော်ပြချက်အရ အဆိုပါလေယာဉ်ကြီးသည် လေယာဉ်လောကတွင် တန်ဖိုးအကြီးဆုံးများထဲ၌ ပါဝင်သည်ဟု ဆိုသည်။
တာဝေးသွား လေယာဉ်အမျိုးအစားဖြစ်ပြီး မူကက်ရှ် အမ်ဘာနီဝယ်ယူရာတွင် ရူပီး ကုဋေ ၁၀၀၀ ပေးခဲ့ရသည်။
(၃) ရှယ်ယာရှင်တို့အား ဘောနပ်စ် ရှယ်ယာများပေးအပ်
မူကက်ရှ် အမ်ဘာနီသည် ဒီဝါလီနေ့တွင် Reliance Industries ၏ ရှယ်ယာရှင်တို့အား ဘောနပ် ရှယ်ယာများ လက်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ ပေးအပ်ခြင်းမှာ ၇ နှစ်တာအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ရှယ်ယာရှင်တို့ ပိုင်ဆိုင်ထားသော ရှယ်ယာတစ်စုလျှင် ဘောနပ်အဖြစ် ရှယ်ယာတစ်စု လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း Reliance Industries က စတော့ဈေးကွက်တွင် ကြေညာခဲ့သည်။
ထို့ကြောင့် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသော ရှယ်ယာရှင် ၃၇ သိန်းမှာ ရှယ်ယာ ၂ ဆ ပိုင်ဆိုင်လာ ကြတော့မည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mukesh Ambani Diwali shopping: Rs 10 crore car for Nita Ambani, Rs 1000 crore private jet for himself and much more (gqindia)