- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၂)
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၁၂)
- 318 views
(ဂ) မဖြစ်မနေလိုက်နာရမည့်လမ်းညွှန်းများ။ မဖြစ်မနေလိုက်နာရမည့် လမ်းညွှန်း နောက်ဆက်တွဲများနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) လမ်းအသုံးပြုသူများ မလွဲမသွေလိုက်နာစေလိုသည့် အချက်တို့ကို သက်ဆိုင်သည့် သင်္ကေတရေးဆွဲ ထားသော စက်ဝိုင်းပုံဆိုင်းဘုတ်ဖြင့် ဖော်ပြရမည်။
(၂) အောက်ခံအပြာရောင် စက်ဝိုင်းပုံဆိုင်းဘုတ်တွင် သင်္ကေတ သို့မဟုတ် စာသား ကို အဖြူရောင်ဖြင့် ရေးဆွဲရမည်။
(၃) အချင်း နှစ်ပေ (၆၁ စင်တီမီတာ) အောက်မငယ်သော စက်ဝိုင်းပုံဖြင့် ဖော်ပြရမည်။ မီးရောင်ဖြင့် ဖော်ပြသောဆိုင်းဘုတ်ကို အသုံးပြုပါက အချင်း တစ်ပေ (၃၁ စင်တီမီတာ) အောက်မငယ်စေရ။
(၄) စတင်လိုက်နာရမည့်နေရာတွင် ဖော်ပြရမည်။ ကန့်သတ်အမြန်နှုန်းဖြင့် မောင်းနှင်ခွင့်ပြုထားသည့် လမ်း၌မူ ယာဉ်မောင်းနှင်သူအား ကြိုတင်သတိ ပေးသည့်အနေဖြင့် အမိန့်ပေးချက်ကို လိုက်နာရမည့်နေရာသို့ မရောက်မီ သင့်လျော်သော အကွာအဝေးတွင် သက်ဆိုင်သည့် ဆိုင်းဘုတ်ကို စတင်စိုက်ထူနိုင်သည်။ ထိုသို့ စိုက်ထူရာ၌ အောက်ခံအပြာရောင် အလျားလိုက်စတုဂံပြားပေါ်တွင် နေရာအကွာအဝေးကို အဖြူရောင်ဂဏန်းဖြင့်ရေးသား ပြီး ဆိုင်းဘုတ်အောက်၌ ဖော်ပြရမည်။ (ပုံ-၁၁၇ မှ ၁၃၆ အထိ)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com