- ပင်မစာမျက်နှာ
- ကားသတင်းများ
- မြန်မာတစ်ပတ်ရစ်ကားဈေးကွက် ဆန်းစစ်ချက် (၂၀၂၄-၂၀၂၉) ၊ အွန်လိုင်းဝယ်ရောင်းဈေးကွက်တွင် CarsDB က ဦးဆောင်နေကြောင်း MordorIntelligence ၏ သုတေသနတွင် ဖော်ပြ
မြန်မာတစ်ပတ်ရစ်ကားဈေးကွက် ဆန်းစစ်ချက် (၂၀၂၄-၂၀၂၉) ၊ အွန်လိုင်းဝယ်ရောင်းဈေးကွက်တွင် CarsDB က ဦးဆောင်နေကြောင်း MordorIntelligence ၏ သုတေသနတွင် ဖော်ပြ
- 2033 views
မြန်မာတစ်ပတ်ရစ်ကားဈေးကွက်ကို ယာဉ်အမျိုးအစား (hatchback, Sedan, SUV နှင့် ဘက်စုံသုံး) ၊ ရောင်းချသူ အမျိုးအစား (အဖွဲ့အစည်းနှင့် အဖွဲ့အစည်းမဟုတ်သူ)နှင့် လောင်စာအမျိုးအစား (ဓာတ်ဆီ၊ ဒီဇယ်၊ လျှပ်စစ်နှင့် အခြားလောင်စာအမျိုးအစားဟူ၍ ခွဲခြားလေ့လာသင့်သည်။
((မြန်မာတစ်ပတ်ရစ်ကားဈေးကွက်အရွယ်အစား))
၂၀၂၄ ခုနှစ် ဈေးကွက်အရွယ်အစား- ကန်ဒေါ်လာ ၀ ဒသမ ၇၂ ဘီလီယံ
၂၀၂၉ ခုနှစ် ဈေးကွက်အရွယ်အစား- ကန်ဒေါ်လာ ၁ ဘီလီယံ
ခန့်မှန်းချက်အတွက် အခြေပြုသည့်ခုနှစ်- ၂၀၂၃
ဈေးကွက်ယှဉ်ပြိုင်မှု- အလယ်လတ်တန်း
လေ့လာမှု ခုနှစ်- ၂၀၁၉ မှ ၂၀၂၉ ခုနှစ်
((မြန်မာ တစ်ပတ်ရစ် ကားဈေးကွက် ဆန်းစစ်ချက်))
မြန်မာ တစ်ပတ်ရစ်ကားဈေးကွက်အရွယ်အစားမှာ ၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၀ ဒသမ ၇၂ ဘီလီယံရှိပြီး ၂၀၂၉ ခုနှစ်သို့ ရောက်လျှင် ကန်ဒေါ်လာ ၁ ဘီလီယံပမာဏသို့ ရောက်ရှိဖွယ်ရှိကြောင်း MordorIntelligence က ခန့်မှန်းထားသည်။
ခန့်မှန်းကာလ ၂၀၁၉ -၂၀၂၉ အကြား နှစ်စဉ်တိုးတက်မှုနှုန်း ၅ ဒသမ ၈၀ ရာခိုင်နှုန်းရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ကာလလတ်အနေဖြင့် ဝယ်နိုင်အား မြင့်တက်ခြင်း၊ ချေးငွေအလွယ်တကူ ရနိုင်ခြင်းတို့ကဲ့သို့ အချက်များကြောင့် ဈေးကွက်ကြီးထွားလာနိုင်ကြောင်း MordorIntelligence က ခန့်မှန်းသည်။
ထို့အပြင် ဒစ်ဂျစ်တယ်ကူးပြောင်းမှုမြင့်တက်ခြင်း၊ အင်တာနက်အသုံးပြုသူ များပြားလာခြင်း၊ အွန်လိုင်းတွင် ရောင်းဝယ်သူ များပြားလာခြင်း အစရှိသောချက်များက တစ်ပတ်ရစ်ကား ရောင်းအား တိုးမြင့်စေမည့် အရေးပါသော အချက်များ ဖြစ်သည်။
ထိုအချက်များမှာ တစ်ပတ်ရစ်ကားများ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို အဆင်ပြေ လွယ်ကူစေခြင်း၊ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခြင်း အားသာချက်များ ရရှိစေသည်။
ဝယ်လက်တို့သည် ကားသစ်များတွင် ငွေအလုံးအရင်းသုံးစွဲရခြင်းများကို လက်ရှောင်ကြပြီး တစ်ပတ်ရစ် ကားများသာ ဝယ်ယူရန် ရွေးချယ်ကြသည်။
ထို့ကြောင့် တစ်ပတ်ရစ်ကား ဈေးကွက်သာ ကြီးထွားနေသည်။
တစ်ပတ်ရစ်ကား အရောင်းအဝယ်လုပ်ကြသော အွန်လိုင်းပလက်ဖောင်းတို့ကြောင့် ဘေးကင်းလုံခြုံခြင်း၊ လွယ်ကူစွာအသုံးပြုနိုင်ခြင်း၊ မျှတသော ဈေးဖြင့် ရနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများရှိသည်။
တစ်ပတ်ရစ်ကားများကို ချေးငွေဖြင့် ဝယ်ယူနိုင်ရန် အထောက်အပံ့ပေးမှုများ ရှိလာခြင်းမှာလည်း မြန်မာနိုင်ငံတွင် တစ်ပတ်ရစ်ကား ဈေးကွက်ကြီးထွားမှုကို အထောက်အကူပြုသည့် အချက်တစ်ခု ဖြစ်သည်။
((မြန်မာ တစ်ပတ်ရစ်ကား Market Trends))
အင်တာနက်အသုံးပြုမှုနှင့် အွန်လိုင်း ပလက်ဖောင်းများ ရှိလာခြင်းတို့မှာ တစ်ပတ်ရစ်ကား ဝယ်လိုအားကို မြင့်တက်စေသည့် အချက်တစ်ခု ဖြစ်လာသည်။
♦ ကားဝယ်သူတို့သည် သမားရိုးကျလမ်းကြောင်းမှ ခွဲထွက်ကာ တစ်ပတ်ရစ်ကားများ ဝယ်ယူမှု ၊ ရောင်းချမှု အတွက် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုမှု အလွန်မြင့်မားလာသည်။ နည်းပညာတိုးတက်လာသည်နှင့်အမျှ ကားဝယ်ယူသူတို့မှာ တစ်ပတ်ရစ်ကားများကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူမှုများ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း များပြားလာသည်။
♦ အွန်လိုင်းမှတစ်ဆင့် ကား၏လိုအပ်သော စာရွက်စာတမ်းများ၊ Performance နှင့် အသေးစိတ် အချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်လာသည်။ ထို့ကြောင့် ကားဝယ်မည့်သူတို့သည် မိမိနေအိမ် တွင်နေရင်း မိမိစိတ်ကြိုက် ကားအမျိုးမျိုးကို လွယ်လင့်တကူ နှိုင်းယှဉ်ရွေးချယ် နိုင်လာသည်။
♦ မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ များပြားလာခြင်းကြောင့် ကားဝယ်သူ၊ ရောင်းသူများစွာမှာ အွန်လိုင်းကား အရောင်းအဝယ်ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက်တို့မှတစ်ဆင့် ဝယ်ယူရောင်းချခြင်းများ ပြုလုပ်လာသည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲသူ ၂၁ ဒသမ ၀၃ သန်းရှိကာ ၂၀၂၁ ခုနှစ်ကထက် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
♦ တစ်ပတ်ရစ်ကားများကို App များမှတစ်ဆင့် အွန်လိုင်းဝယ်ယူမှုမှာလည်း မကြာသေးမီနှစ်များအတွင်း တိုးတက်လာသည်။ App developer တို့က mobile App များတွင် ပိုမိုအဆင့်မြင့်သည့် feature များ ထည့်သွင်းပေးလာသည်။
♦ အထက်ဖော်ပြပါ အချက်များကြောင့် မြန်မာနိုင်ငံတွင် ၂၀၂၄ မှ ၂၀၂၉ ခန့်မှန်းကာလအတွင်း တစ်ပတ်ရစ်ကား ဈေးကွက် ကြီးမားသည့်တိုးတက်မှုများ ရှိလာဖွယ်ရှိသည်။
(ဓာတ်ပုံ-mordorintelligence)
((မြန်မာတစ်ပတ်ရစ်ကားဈေးကွက် ခြုံငုံသုံးသပ်ချက်))
မြန်မာတစ်ပတ်ရစ်ကား ရောင်းချမှုနှင့် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားသည်မှာ Toyota Aye and Sons, CarsDB, Japan Auto Showroom, SBT Co,Ltd, Capital Diamond Star Group နှင့် အခြား ကုမ္ပဏီများဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် တစ်ပတ်ရစ်ကားဝယ်လိုအား များပြားခြင်းကြောင့် ကားသစ်များ၏ ဈေးနှုန်းမှာလည်း မြင့်တက် လာစေခဲ့သည်။
၂၀၂၄-၂၀၂၉ ခန့်မှန်းကာလတွင် ကားသစ်ဈေးကွက်မှာလည်း ကြီးမားသည့် တိုးတက်မှုများ ရှိလာဖွယ်ရှိသည်။
((မြန်မာတစ်ပတ်ရစ်ကားဈေးကွက် ဈေးကွက်ဦးဆောင်သူများ))
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘက်မြို့အခြေစိုက် ဈေးကွက်သုတေသနကုမ္ပဏီ mordorintelligence ၏ လေ့လာချက်အရ မြန်မာတစ်ပတ်ရစ် ကားဈေးကွက် ဈေးကွက်ဦးဆောင်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ Toyota Aye and Sons
၂။ CarsDB
၃။ Japan Auto Showroom
၄။ SBT Co,Ltd
၅။ Capital Diamond Star Group Limited
(ဓာတ်ပုံ-mordorintelligence)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Myanmar Used Car Market Size & Share Analysis - Growth Trends & Forecasts (2024 - 2029) (mordorintelligence)
Photo Credit- mordorintelligence