အမီတာဘဂျမ်းက မွေးနေ့လက်ဆောင်အဖြစ် မိမိကိုယ်ကို ရူပီး ၂ သန်းတန် Luxury ကားတစ်စီး လက်ဆောင်ပေး

  • 149 views

 

ဘောလိဝုဒ် နတ်ဘုရား အမီတာ ဘဂျမ်းသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က သူ၏ အသက် ၈၂ နှစ်ပြည့် မွေးနေ့ကို ကျင်းပခဲ့သည်။

အမီတာဘဂျမ်းသည် မွမ်ဘိုင်းမြို့တွင် တည်ရှိသော သူ၏ ဂျာလ်ဆာ စံအိမ်ကြီး အပြင်ဘက်တွင် မတ်တပ်ရပ်ကာ မွေးနေ့ ဆုမွန်ကောင်း တောင်းပေးရန် ရောက်လာကြသော ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။

သတင်းမုဆိုးတို့ ရိုက်ကူးခဲ့သော ဓာတ်ပုံအရ အမီတာဘဂျမ်းက ၎င်းဘာသာဝယ်ယူခဲ့သော တန်ဖိုးကြီး ကားတစ်စင်းကို သူ၏ နောက်ဘက်ဆီတွင် တွေ့ရသည်။

အမီတာဘဂျမ်းက မိမိကိုယ်ကို လက်ဆောင်ပြန်ပေးခဲ့သော မွေးနေ့လက်ဆောင်မှာ BMW i7 မော်တော်ကား ဖြစ်သည်။

Times of India သတင်းဌာန၏ ဖော်ပြချက်အရ luxury လျှပ်စစ် ဆီဒင်ကား BMW i7 ၏ တန်ကြေးမှာ ရူပီး ၂ ဒသမ ၀၃ ကုဋေ ရှိသည်ဟု ဆိုသည်။

အမီတာဘဂျမ်း၏ ကားသစ်မှာ နှစ်ရောင်စပ် Oxide Grey Metallic ဖြစ်ပြီး အတွင်းပိုင်းတွင် ၁၂ ဒသမ ၃ လက်မရှိ Infotainment display နှင့် ၁၄ ဒသမ ၉ လက်မရှိ digital instrument cluster တို့ ပါဝင်သည်။

နောက်ခုံမှ စီးနင်းလိုက်ပါမည့်သူများအတွက် ၅ ဒသမ ၅ လက်မ touchscreen တစ်ခု ရှိသည်။

 

((BMW i7 ပိုင်ဆိုင်ထားသော အခြားဘောလိဝုဒ်ကြယ်ပွင့်များ))

၂၀၂၃ ခုနှစ်အတွင်း Rekha သည် သူမ၏ BMW i7 ကားထဲမှ ထွက်လာသည်ကို တွေ့ခဲ့ကြဖူးသည်။

သူ့ကား အပြင်ပိုင်းမှာ Champagne-Green အရောင်ဖြစ်ကြောင်း Cartoq က ဖော်ပြသည်။

အဂျေး ဒေ့ဗ်ဂန်သည်လည်း BMW i7 တစ်စီး ပြီးခဲ့သောနှစ်အတွင်းက ဝယ်ယူထားသည်။

Midnight Blue အရောင်ဖြစ်ပြီး အဂျေးဒေ့ဗ်ဂန်အတွက် ပထမဆုံး လျှပ်စစ်ကားလည်း ဖြစ်သည်။

 

((အမီတာ ဘဂျမ်း ပိုင်ဆိုင်ထားသော luxury ကားများ))

အမီတာ ဘဂျမ်း၏ ကားဂိုဒေါင်တွင် တန်ဖိုးကြီး ကားပေါင်းများစွာ ရှိနေပြီး ဖြစ်သည်။

သူ၏ luxury ကားများတွင် …(တန်ကြေး ရူပီး ၅ ဒသမ ၂၃ ကုဋေမှ ၈ ဒသမ ၄၅ ကုဋေကြား)၊ (ရူပီး ၃ ဒသမ ၇၆ ကုဋေ)၊ Roll Royce Phantom (ရူပီး ၃ ကုဋေ)၊ Land Rover Defender (ရူပီး ၂ ဒသမ ၈၅ ကုဋေ)၊ Mercedes-Benz GL 63 AMG (ရူပီး ၂ ဒသမ ၁၂ ကုဋေ)၊ Lexus LX 570 (ရူပီး ၂ ဒသမ ၃၃ ကုဋေ)နှင့် Porsche 718 Cayman (ရူပီး ၁ ဒသမ ၄၈ ကုဋေ) တို့ အပါအဝင်ဖြစ်ကြောင်း CarDekho က ဖော်ပြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Amitabh Bachchan buys himself a luxurious Rs 2 Crore birthday gift, something that Rekha and Ajay Devgn also own. Find out what it is (gqindia)