• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ LVMH ၏ စီအီးအို Bernard Arnault က ရုံးသို့ ဒေါ်လာ ၁၀,၀၀၀ ကျော်တန် သာမာန်ကားတစ်စင်းဖြင့် ရုံးတက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းက စီအီးအိုဟု မထင်သောကြောင့် ဝင်ခွင့်မပြု

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ LVMH ၏ စီအီးအို Bernard Arnault က ရုံးသို့ ဒေါ်လာ ၁၀,၀၀၀ ကျော်တန် သာမာန်ကားတစ်စင်းဖြင့် ရုံးတက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းက စီအီးအိုဟု မထင်သောကြောင့် ဝင်ခွင့်မပြု

  • 363 views

ကမ္ဘာကျော်သူဌေးကြီး ဘဲနာ့ဒ် အာနို (Bernard Arnault ) ၏ ၁၉၉၀ မော်ဒယ် Peugeot 205 GTI တစ်စင်း အရောင်းဈေးကွက်ဝင်နေပြီး ယူရို ၅၉၀၀၀ (ကန်ဒေါ်လာ ၆၆၀၀၀ ခန့်) ဈေးခေါ်ထားသည်။

ကမ္ဘာ့အကြီးမားဆုံး Luxury ပစ္စည်း ကုမ္ပဏီကြီး LVMH (Moet Henessy Louis Vuitton) ၏ ဥက္ကဋ္ဌ၊ စီအီးအိုဖြစ်သူ ဘဲနာ့ဒ်သည် လူအများ အလွန်အကျွံ အာရုံစိုက်ခံရမှုကို မလိုလားသောကြောင့် ၁၉၉၀ ပြည့်လွန်ကာလများက Peugeot hatchback ကားဖြင့်သာ နေ့စဉ်သွားလာခဲ့သည်။

 

(ဘဲနာ့ဒ် စီးခဲ့သော Peugeot 205 GTI)

 

ဘီလျံနာတစ်ဦး၏ ဘဝမှာ အမြဲအန္တရာယ်ရှိနေသည်ဖြစ်ရာ ဘဲနာ့ဒ်က လူအများ အာရုံစိုက်မခံရသည့် မထင်မရှား ကားမျိုးဖြင့်သာ သွားလာလိုခဲ့သည်။

Peugeot 205 GTI မှာ ဘဲနာ့ဒ်၏ လိုအင်နှင့် ကိုက်ညီသည်။

ဘီလ်ဂိတ်က Porsche စီးပြီး စတိဗ်ဂျော့က Mercedes AMG စီးသည်ဖြစ်ရာ ကမ္ဘာ့ဖက်ရှင်လောကကို သိမ်းပိုက်ထားသူ ဘီလျံနာကြီးတစ်ဦးမှာ ဒေါ်လာ ၁၂၀၀၀ တန် hatchback တစ်စင်း စီးလိမ့်မည်ဟု မည်သူက မှတ်ထင်ပါမည်နည်း။

သို့သော် လူအများအာရုံစိုက်မခံရရန် မထင်မရှားသွားလာသော ဘီလျံနာကြီး ဘဲနာ့ဒ်မှာ တစ်ခါတွင်မူ ထင်မှတ်မထားသော အဖြစ်တစ်ခုနှင့် ကြုံခဲ့ရသည်။
သူ၏ လုံခြုံရေးဝန်ထမ်းက ရုံးထဲသို့ ဝင်ခွင့်မပေးခြင်း ဖြစ်၏။

 

(အီတလီရှိ Louis Vuitton စက်ရုံတစ်ခု။ ဓာတ်ပုံ-Facebook/ Vedere International)

ဘဲနာ့ဒ်က မိမိမည်သူဖြစ်ကြောင်းပြောသော်လည်း ကုမ္ပဏီသူဌေးကို မမြင်ဖူးသူ လုံခြုံရေးက ကားကိုကြည့်ကာ ဘဲနာ့ဒ်ပြောသည်ကို လက်မခံဘဲ ရုံးထဲသို့ ဝင်ခွင့်မပေးခဲ့ကြောင်း Motoronline က ဖော်ပြသည်။

ထိုဖြစ်ရပ်မှာ တစ်ခုသော ရုံးပိတ်ရက်တွင် ဖြစ်ပွားခဲ့သည်ဟု ယူဆရသည်။
ထိုနေ့က တာဝန်ကျသူ လုံခြုံရေးသည် ကုမ္ပဏီဥက္ကဋ္ဌ ဘဲနာ့ဒ်ကို ယခင်က လုံးဝမမြင်ဖူးခဲ့။

သာမာန် hatchback တစ်စီးဖြင့် ရောက်လာသည်ကို သတိထားမိသောကြောင့် ထိုသူမှာ ကုမ္ပဏီဥက္ကဋ္ဌ ဘဲနာ့ဒ်ဆိုသည်ကို လုံခြုံရေးက မယုံကြည်။
ထို့ကြောင့် ရုံးသို့ဝင်ခွင့်မပေး။

ထိုအချက်မှာ နားလည်လက်ခံဖွယ် အခြေအနေဖြစ်၏။

 

(ဘဲနာ့ဒ်ကို LV စက်ရုံတစ်ခုတွင် တွေ့ရပုံ)

ထိုလုံခြုံရေး၏ နေရာမျိုးတွင် လုပ်ကိုင်ရသူမည်သူမဆို ကမ္ဘာ့အကျော်ကြားဆုံး ဖက်ရှင်အမှတ်တံဆိပ်များကို ပိုင်သော ဘီလျံနာသူဌေးကြီးသည် ရုံးသို့လာရာတွင် အလွန်တရာ တန်ကြေးကြီးသော luxury limo တစ်စင်းကို စီးကာ ကုမ္ပဏီအကြီးအကဲများ ခြံရံလိုက်ပါလျက် ရောက်ရှိလာမည်ဟုသာ မှတ်ထင်ကြမည် ဖြစ်သည်။

သို့သော် ထင်ထင်ပေါ်ပေါ် မနေလိုသော ဘီလျံနာဖြစ်သောကြောင့် ဘဲနာ့ဒ်ကို မှတ်မိရန် ခက်ခဲသွားသည်။

 

(ပဲရစ်မြို့ရှိ Louis Vuitton ၏ စက်ရုံတစ်ခု။ ဓာတ်ပုံ-Louis Vuitton)

အထက်ပါ ဖြစ်ရပ်မှာ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်ပျက်ခဲ့သည်ကိုမူ အတိအကျ မသိရချေ။

သို့သော် ၁၉၉၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော Peugeot 205 GT ဖြင့် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Bill Gates drove a Porsche, and Steve Jobs a Mercedes AMG, but across the Atlantic, LVMH’s Bernard Arnault drove a car so humble that he was denied entry to his own office by a security guard who refused to believe that the billionaire would drive a $12,000 hatchback. (luxurylaunches)

Photo Credit- Louis Vuitton, Facebook/ Vedere International