• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • စူပါ မာ့ကက်တွင် သန့်ရှင်းသမားအဖြစ်လုပ်ကိုင်ရင်း Porsche တစ်စီး ပိုင်ဆိုင်လိုစိတ်ကြောင့် အလုပ်ကြိုးစားခဲ့၊ WhatsApp ကို ထုတ်လုပ်ခဲ့ပြီးနောက် ဘီလျံနာဖြစ်လာကာ ယခုအခါ Porsche များစွာ ဝယ်ယူထားသူ

စူပါ မာ့ကက်တွင် သန့်ရှင်းသမားအဖြစ်လုပ်ကိုင်ရင်း Porsche တစ်စီး ပိုင်ဆိုင်လိုစိတ်ကြောင့် အလုပ်ကြိုးစားခဲ့၊ WhatsApp ကို ထုတ်လုပ်ခဲ့ပြီးနောက် ဘီလျံနာဖြစ်လာကာ ယခုအခါ Porsche များစွာ ဝယ်ယူထားသူ

  • 261 views

(ဂျန်ကွန်း ဘယ်သူလဲ)

ဂျန် ဘိုရီဆိုဗစ်ချ် ကွန်း (Jan Borysovych Koum)-(မွေး) ၁၉၇၆
ကွန်ပြူတာ ပရိုဂရမ်မာ

ယူကရိန်းဖွား-အမေရိကန်နိုင်ငံသား

WhatsApp ကို ပူးတွဲတည်ထောင်သူ စီအီးအိုဟောင်း
၂၀၁၄ ခုနှစ်တွင် WhatsApp ကို Facebook ထံ ကန်ဒေါ်လာ ၁၉ ဒသမ ၃ ဘီလီယံဖြင့် ရောင်းချခဲ့

ကားဝါသနာကြီးသူများ၊ အထူးသဖြင့် ကားစုဆောင်းမှု ဝါသနာပါသည့် အကျော်အမော်တို့၏ အနှစ်သက်ဆုံးကားများတွင် တစ်ခုအပါအဝင်ဖြစ်နေခြင်းကို Porsche က အမြဲဂုဏ်ယူနေသည်။

Porsche ကို နှစ်သက်မြတ်နိုးသူများတွင် ဂျန်ကွန်း (Jan Koum) လည်း တစ်ဦး အပါအဝင် ဖြစ်သည်။

ဂျန်ကွန်းသည် WhatsApp ကို တည်ထောင်ခဲ့သူ ဘီလျံနာသူဌေး ဖြစ်သည်။
ဂျန်ကွန်းသည် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်၏ ဆင်ခြေဖုံးဒေသတွင် ကြီးပြင်းခဲ့ရစဉ် ကာလကတည်းက Porsche ကို စွဲလမ်းခဲ့ခြင်း ဖြစ်သည်။

ဂျန်ကွန်းက ပြောပြသည်မှာ ဂျာမန်ထုတ် Porsche တစ်စီး ပိုင်ဆိုင်လိုသည့် ဆန္ဒက မိမိ၏ ဘဝဖြတ်သန်းမှု အစောပိုင်းကာလ ဇွဲလုံ့လရည်မှန်းချက်တို့ကို လှုံ့ဆော်မှုပေးခဲ့ကြောင်း ပြောသည်။

ဂျန်ကွန်းသည် ဝင်ငွေနည်းပါးသူများကို ထောက်ပံ့ပေးသော food stamps တို့ဖြင့် ရှင်သန်ရပ်တည်ခဲ့ရသူ ဖြစ်သည်။

WhatsApp ကို Facebook ထံ ရောင်းချပြီးချိန်တွင် သူလိုချင်ခဲ့သော Porsche ကားတစ်စီးမျှသာမက အလွန်ရှားပါးလှသော Porsche များစွာ ဝယ်ယူခဲ့သည်။

((စူပါမာ့ကက် သန့်ရှင်းရေးသမား ဘဝကနေ ဘီလျံနာသူဌေးကြီးဖြစ်လာဖို့ Porsche က ဘယ်လိုတွန်းအားပေးခဲ့လဲ))

ဆင်းဆင်းရဲရဲဘဝမျိုးမှ သူဌေးဖြစ်သွားသူတို့၏ ဇာတ်ကြောင်းများတွင် ဂျန်ကွန်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ဂျန်ကွန်းကမူ Porsche ကို ချစ်မြတ်နိုးသည့်စိတ်ကြောင့် အလုပ်ကြိုးစားခဲ့ခြင်း ဖြစ်၏။

ဂျန်ကွန်းကို ယူကရိန်းနိုင်ငံ၊ ကိဗက်ဗ်မြို့တော် ဆင်ခြေဖုံးဒေသတွင် ၁၉၇၆ ခုနှစ်၌ မွေးဖွားသည်။

သူ၏ မိသားစုမှာ အလွန်ဆင်းရဲကြပ်တည်းသည့် မိသားစု ဖြစ်သည်။

အသက် ၁၆ နှစ်သားအရွယ် ၁၉၉၂ ခုနှစ်တွင် ဘဝပြောင်းလဲရန် မျှော်လင့်ကာ အမေရိကန်ပြည်သို့ မိခင်ကြီးနှင့်အတူ ရောက်ရှိလာခဲ့သည်။

အမေရိကတွင် နေထိုင်ရသည့်ဘဝမှာလည်း စိန်ခေါ်မှုများ၊ အခက်အခဲများစွာရှိနေဆဲဖြစ်ပြီး လူမှုဖူလုံရေး အထောက်အပံ့နှင့် food stamps များကို မှီခိုရပ်တည်ခဲ့ရသည်။

ဂျန်ကွန်းမှာ စူပါမာ့ကက်တစ်ခုတွင် သန့်ရှင်းသမားအဖြစ် လုပ်ကိုင်ရပြီး မိခင်ဖြစ်သူမှာ အထည်ကောက်ဈေးဖြင့် မီးပူတိုက်ခဲ့ရ၏။

Porsche တစ်စင်းကို တွေ့လိုက်တိုင်း ဂျန်ကွန်းက သူ၏ အိပ်မက်ကို အမြဲသတိပေးနေမိသည်။

“ကျွန်တော့်အတွက်တော့ Porsche ဟာ အောင်မြင်မှုရဲ့ စံတစ်ခုလို ဖြစ်နေပါတယ်။”

ထိုဆန္ဒကြောင့်ပင် ဂျန်ကွန်းမှာ programming ကိုလေ့လာရန် တွန်းအားတစ်ခု ဖြစ်ခဲ့သည်။

ထို့နောက် ဂျန်ကွန်းသည် Yahoo တွင် ၉ နှစ်တာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်မူ WhatsApp ကို တည်ထောင်ခဲ့သည်။

WhatsApp ကို တည်ထောင်ခဲ့ခြင်းမှာ ဂျန်ကွန်းအတွက် အောင်မြင်မှုလမ်းပေါ်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် Facebook က WhatsApp ကို ကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူခဲ့ရာ ဂျန်ကွန်းမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းထဲတွင် ပါဝင်သော ဘီလျံနာသူဌေးတစ်ဦး ဖြစ်လာခဲ့သည်။

ရုတ်တရက် ကျိကျိတက်ချမ်းသာသွားသော်လည်း ဂျန်ကွန်းမှာ နှိမ့်ချစွာသာ နေတတ်သော်လည်း Porsche များကို ရူးသွပ်သည့်စိတ်ကား ပြောင်းလဲမသွား။

အနှစ်နှစ်အလလ အိပ်မက်မက်ခဲ့သော Porsche ကား ပိုင်ဆိုင်လိုသည့် ဆန္ဒကို ဖြည့်ဆည်းခဲ့၏။

“ကျွန်တော့်ကားက Porsche ပါ” ဟု ဂျန်ကွန်း ဂုဏ်ယူစွာ ပြောတတ်သည်။


(ဂျန်ကွန်း ပထမဆုံးဝယ်ယူသည့် ၂၀၀၃ မော်ဒယ် 911 Cabriolet။ ပုံတွင် ပြထားသည်မှာ နမူနာပုံသာ ဖြစ်ပါသည်။ ဓာတ်ပုံ-Bring a Trailer)

 

(ဂျန်ကွန်း ဝယ်ယူထားသော Porsche အချို့ကို ၂၀၁၉ ခုနှစ်တွင် လေလံတင်ရောင်းချခဲ့သည်)

တစ်နှစ်တာအတွင်း ဂျန်ကွန်း ဝယ်ယူသော Porsche များမှာ အလွန်များပြားခဲ့သည်။

ယင်းနောက် ဂျန်ကွန်းက Porsche ၁၀ စင်းကို Gooding & Co မှတဆင့် လေလံတင်ရောင်းချခဲ့သည်။

ထိုစဉ်က ရောင်းချခဲ့သော ကားများတွင် အလွန်ရှားပါးသော air-cooled Carrera RS 911 ၃ စင်း၊ 997 GT2 RS တစ်စင်းနှင့် 918 Spyder hybrid တို့ ပါဝင်သည်။

ဂျန်ကွန်းတွင် လက်ရှိပိုင်ဆိုင်ထားသော ကားများတွင် 993 gen 911 GT2 တစ်စင်းနှင့် Porsche Carrera GT တစ်စင်းတို့ ပါဝင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Once a cleaner at a supermarket, it was his passion for owning a Porsche that pushed Jan Koum to work harder and build WhatsApp. He now has so much money that he could single-handedly buy a majority stake in Porsche. 
(luxurylaunches)

Photo Credit-Bring a Trailer