- ပင်မစာမျက်နှာ
- ကားသတင်းများ
- တချိန်က Ferrari များ ထုတ်လုပ်ခဲ့ပြီး ယခုအခါ စွန့်ပစ်ခံထားရကာ လက်သရမ်းသူတို့၏ ဖျက်ဆီးခံထားရသော ကြေကွဲဖွယ် ကားစက်ရုံကြီး
တချိန်က Ferrari များ ထုတ်လုပ်ခဲ့ပြီး ယခုအခါ စွန့်ပစ်ခံထားရကာ လက်သရမ်းသူတို့၏ ဖျက်ဆီးခံထားရသော ကြေကွဲဖွယ် ကားစက်ရုံကြီး
- 246 views
ကားလောကတွင် ဂိုဒေါင်များအတွင်း စွန့်ပစ်ထားသော ကားများ မကြာခဏတွေ့ရတတ်သည်မှာ မဆန်းလှ။
သို့သော် ပြိုင်ကားများ ထုတ်လုပ်သည့် ကားစက်ရုံတစ်ခု စွန့်ပစ်ခံထားရသည်မှာမူ တွေ့ရခဲသည်။
အီတလီနိုင်ငံတွင် မော်တော်ကားဒီဇိုင်းကုမ္ပဏီ Pininfarina က ဆောက်လုပ်ပေးခဲ့သော ကားစက်ရုံတစ်ခုမှ စက်ရုံပိတ်သိမ်းသွားပြီးနောက်ပိုင်း ပျက်ဆီးယိုယွင်းနေပုံကို ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့လာရသည်။
ထိုကားစက်ရုံကို ၁၉၈၆ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ကားအမျိုးမျိုး ထုတ်လုပ်ခဲ့သည်။
သို့သော် ယနေ့အခါတွင်မူ စက်ရုံကြီးမှာ လက်သရမ်းဖျက်ဆီးမှု အကြီးအကျယ်ခံထားရပြီး ယခင်က မည်သို့မြင်ကွင်းရှိသည်ကို ပြသနိုင်သော ဗွီဒီယိုဖိုင် အနည်းငယ်မျှသာ ရှိတော့သည်။
((စွန့်ပစ်ခံ ကားစက်ရုံ))
၂၀၂၁ ခုနှစ်က ရိုက်ကူးခဲ့သော မှတ်တမ်းဗွီဒီယိုဖိုင်တစ်ခုတွင် စွန့်ပစ်ခံစက်ရုံကြီး၏ အခြေအနေတို့ကို တွေ့ရပြီး လက်သရမ်းဖျက်ဆီးမှု အကြီးအကျယ်ခံထားရသည်ကို တွေ့ရသည်။
ထိုဗွီဒီယိုဖိုင်ကို Forgotten Buildings အမည်ရှိ YouTube ချန်နယ်က ၂၀၂၃ ခုနှစ်အတွင်း လွှင့်တင်ခဲ့သည်။
ရိုက်ကူးထားသည်မှာမူ ၂၀၂၁ ခုနှစ်အတွင်းက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
(ဓာတ်ပုံ- Forgotten Buildings)
(ဓာတ်ပုံ- Forgotten Buildings)
Pininfarina က Cadillac Allante ၏ ကိုယ်ထည်များ ထုတ်လုပ်ရန် အဆိုပါစက်ရုံကို ဒီဇိုင်းရေးဆွဲ ပေးခဲ့ခြင်း ဖြစ်သည်။
Cadillac Allante ထုတ်လုပ်ပြီးနောက်ပိုင်း ထိုစက်ရုံတွင် Ferrari Testarossa နှင့် Peugeot 406 Coupe တို့ကို ခေတ္တထုတ်လုပ်ခဲ့သေးသည်။
ယင်းနောက်ပိုင်း Alfa Romeo Brera နှင့် Spider တို့ကိုလည်း ထုတ်လုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် စက်ရုံပိတ်သိမ်းသွားသည်။
စွန့်ပစ်ခံစက်ရုံကြီး၏ ကားစမ်းကွင်းတွင် စမ်းသပ်မောင်းနှင်မှုပြုလုပ်ထားသည့် Alfa Romeo Brera အနည်းငယ်ကို ကာလအတန်ကြာအထိ တွေ့ခဲ့ရသည်။
((နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသည့် စက်ရုံ၏ အခြေအနေ))
နောက်ပိုင်းတွင်မူ ထိုကားများကို အရည်ကြိုဖျက်ဆီးပစ်ရန် ယူဆောင်သွားကြသည်။
သမိုင်းဝင်ကားများမှာ စွန့်ပစ်ခံရ၊ ဖျက်ဆီးခံရသည်မှာ ရှက်ဖွယ်ကောင်းလှသည်။
စက်ရုံပိတ်သိမ်းထားသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း ဗွီဒီယိုဖိုင်ထဲတွင် တွေ့မြင်ရမှုအရ စက်ရုံမှာ ကြည့်ပျော်ရှုပျော် အနေအထားရှိနေဆဲပင်။
အချိန်ကာလများစွာ ကုန်လွန်ဖြတ်သန်းသွားခဲ့သည့်တိုင် စက်ရုံထဲမှ ထုတ်လုပ်ရေးလိုင်းတွင် စက်ယန္တရားများ ရှိနေဆဲ ဖြစ်သည်။
(ဓာတ်ပုံ- Forgotten Buildings)
(ဓာတ်ပုံ- Forgotten Buildings)
၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြီးကြောင့် စက်ရုံပိတ်သိမ်းလိုက်ရခြင်းဖြစ်ပြီး ယင်းနောက်ပိုင်း ကားပြန်လည်ထုတ်လုပ်သည့် အရိပ်လက္ခဏာ မရှိခဲ့။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Car factory once known for producing legendary Ferraris is now abandoned leaving behind remnants (supercarblondie)
Photo Credit- Forgotten Buildings