• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Tesla က ထုတ်လုပ်မည့် စတီယာရင်, pedal များမပါသော မောင်းသူမဲ့ Robotaxi ကို မကြာမီတွင် ဒေါ်လာ ၃၀,၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း Elon Musk ထုတ်ဖော်ပြောကြား

Tesla က ထုတ်လုပ်မည့် စတီယာရင်, pedal များမပါသော မောင်းသူမဲ့ Robotaxi ကို မကြာမီတွင် ဒေါ်လာ ၃၀,၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း Elon Musk ထုတ်ဖော်ပြောကြား

  • 248 views

Tesla သည် သိပ္ပံဆန်းကြယ်ရုပ်ရှင်များမှ ယာဉ်များအသွင် မှတ်ထင်ရသော Robotaxi ဟု အမည်ပေးထားသည့် မောင်းသူမဲ့ကားကို ပြောခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်သည်။

ယခုအခါ အဆိုပါအိပ်မက်မှာ လက်တွေ့အကောင်အထည်ပေါ်လာတော့မည်ဖြစ်ကြောင်း Elon Musk က ပြောကြားလာသည်။

Robotaxi တွင် စတီယာရင်နှင့် pedal များ မပါသည့်အပြင် လူ ၂ ဦးသာ စီးနိုင်သောကား ဖြစ်သည်။

Tesla က အောက်တိုဘာ ၁၀ ရက်နေ့ည၌ ကျင်းပခဲ့သော “We,Robot” အမည်ရှိပွဲတွင် Robotaxi ကို စတင်ချပြလိုက်သည်။

Robotaxi မှာ လျှပ်စစ်ကားဖြစ်ပြီး ဈေးနှုန်း ကန်ဒေါ်လာ ၃၀၀၀၀ အောက်သာ ကျသင့်မည်ဖြစ်ပြီး မောင်းနှင်မှု ကုန်ကျစရိတ်မှာ တစ်မိုင်လျှင် ဆင့် ၂၀ (တစ်ဒေါ်လာ၏ ၅ ပုံ ၁ ပုံ) သာ ဖြစ်သည်။

အဆင့်မြင့်နည်းပညာနှစ်သက်သူများအတွက် Robotaxi လမ်းများပေါ်သို့ ရောက်လာရန် ကြာကြာ စောင့်ရတော့မည်မဟုတ်။

 

(Tesla ၏ အနာဂတ်ဆန်လှသော Robotaxi တွင် စတီယာရင်၊ pedal များ မပါချေ။ လိုက်ပါမည့်သူ ၂ ဦးအနေဖြင့် ကားပေါ်တွင် ထိုင်၍ လိုက်ပါသွားရုံသာဖြစ်ပြီး ကားမှာ မိမိသွားလိုရာသို့ အလိုအလျောက် မောင်းနှင်ပေးသွားမည်ဖြစ်သည်)

 

(အောက်တိုဘာ ၁၀ ရက်နေ့ညက ကျင်းပခဲ့သော “We, Robot” အမည်ရှိပွဲတွင် Robotaxi ကို စတင်မိတ်ဆက်ခဲ့သည်။ Tesla ၏ ပထမဆုံး ရာနှုန်းပြည့်အလိုအလျောက်စနစ်သုံး မော်တော်ကားဖြစ်ပြီး အတွင်းပိုင်းတွင် ကြီးမားသော screen တစ်ခုနှင့် ခွက်ထည့်သောနေရာ ၂ ခုသာ ပါသည်)

 

♦ Tesla ၏ ပထမဆုံးသော ရာနှုန်းပြည့် အလိုအလျောက်မောင်းနှင်စနစ်သုံး မော်တော်ကား

● Robotaxi သည် Tesla ၏ ပထမဆုံး ရာနှုန်းပြည့် အလိုအလျောက်မောင်းနှင်စနစ်သုံး ကားတစ်စီးဖြစ်

● စတီယာရင်၊ Pedal များနှင့် အခြားထိန်းချုပ်စနစ်များ မပါဝင်

● လိုက်ပါမည့်သူများမှာ ကားပေါ်ထိုင်၍သာလိုက်သွားရုံဖြစ်ပြီး မိမိသွားလိုရာရောက်သည်အထိ စောင့်နေရန်သာ ရှိသည်

● ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃၀၀၀၀ အောက်သာဖြစ်ပြီး မောင်းနှင်စရိတ် ၁ မိုင်လျှင် ဆင့် ၂၀ သာ ကျသင့်မည်ဖြစ်

● ၂၀၂၆ နှစ်ကုန်ပိုင်း မတိုင်မီ စတင်ရောင်းချပေးနိုင်မည်ဟု Elon Musk က ခန့်မှန်းထား

ဓာတ်ပုံများတွင် တွေ့ရှိရမှုအရ ကားအတွင်းပိုင်း၌ ခွက်ထည့်သည့်နေရာ ၂ ခုနှင့် အခြားသော Tesla မော်ဒယ်များတွင် တွေ့ရလေ့ရှိသော ကြီးမားသည့် screen ကြီးတစ်ခုသာ ပါဝင်သည်ကို တွေ့ရသည်။

Elon Musk က Robotaxi ကို ဟောလိဝုဒ်ရှိ ဇာတ်ခုံစင်မြင့်တစ်ခုပေါ်သို့ မောင်းတက်စေကာ မိတ်ဆက်ချပြခဲ့ခြင်းဖြစ်သည်။

Elon Musk ၏ ပြောပြချက်အရ Robotaxi တွင် အခြားလျှပ်စစ်ကားများကဲ့သို့ အားသွင်းပေါက် မပါဝင်ကြောင်း ပြောသည်။

Robotaxi ကို အားသွင်းစခန်းရှိရာသို့ မောင်းသွားပြီး လျှပ်စစ်အားကို ကြိုးမဲ့စနစ်ဖြင့် သွင်းယူရန်သာဖြစ်ရာ အားသွင်းရန်အတွက် လူတို့၏ အကူအညီ ရယူရန် မလိုအပ်ချေ။

Manual control စနစ်အားလုံး ထည့်သွင်းမထားသောကြောင့် ကားပေါ်တွင် လိုက်ပါမည့်သူ ၂ ဦးအတွက် နေရာပိုမိုရရှိလာမည့်အပြင် သက်တောင့်သက်သာ စီးနင်းနိုင်မည် ဖြစ်သည်။

(Tesla Robotaxi သည် ဈေးနှုန်း ဒေါ်လာ ၃၀၀၀၀ အောက်သာ ကျသင့်မည်ဖြစ်ပြီး မောင်းနှင်စရိတ် တစ်မိုင်လျှင် ဆင့် ၂၀ သာ ကုန်ကျမည် ဖြစ်သည်)

 

(လိပ်ပြာတောင် တံခါးများမှာ အပေါ်သို့ ဒေါင်လိုက်ဖွင့်ရပြီး နှစ်ယောက်စီးကား ဖြစ်သည်)

 

Robotaxi ၏ ရည်မှန်းချက်မှာ Uber ကဲ့သို့ အငှားဝန်ဆောင်မှုကားမျိုးဖြစ်ရန် ရည်မှန်းခြင်းဖြစ်သည်။

Robotaxi ၏ အားသာချက်မှာ အလိုအလျောက်မောင်းနှင်စနစ်ဖြစ်သောကြောင့် မိမိအသုံးမပြုချိန်တွင် အခြားသူများကို ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်သည်။

တစ်နည်းဆိုရလျှင် သင့်အနေဖြင့် အိပ်ရာထဲတွင် ဘေးကင်းလုံခြုံစွာ အိပ်စက်နေချိန်၌ သင်၏ကားမှာ အလိုအလျောက်မောင်းနှင်ကာ တစ်ညလုံးငွေရှာပေးနေမည် ဖြစ်သည်။

Credit: iMyanmarHouse.com

Credit to Photo

Ref: Inside Tesla's Robotaxi: Elon Musk's driverless cab features NO steering wheel or pedals (dailymail)

Photo Credit-dailymail