• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်တွင် WhatCar? စစ်တမ်းအရ ၂၀၂၄ ခုနှစ် ယုံကြည်စိတ်ချထိုက်ဆုံး ကားအမှတ်တံဆိပ်များနှင့် မယုံရဆုံး ကားအမှတ်တံဆိပ်များ စာရင်းကို ထုတ်ပြန်

ဗြိတိန်တွင် WhatCar? စစ်တမ်းအရ ၂၀၂၄ ခုနှစ် ယုံကြည်စိတ်ချထိုက်ဆုံး ကားအမှတ်တံဆိပ်များနှင့် မယုံရဆုံး ကားအမှတ်တံဆိပ်များ စာရင်းကို ထုတ်ပြန်

  • 2135 views

ကားသစ်တစ်စီးဝယ်ရခြင်းမှာ ကုန်ကျစရိတ်အလွန်ကြီးသည်။
နောက်ပိုင်း ပြုပြင်စရိတ်ဒေါ်လာ ရာထောင်ချီ ကုန်ကျရမည်ဆိုပါက အခြေအနေမဟန်လှ။

ထိုအခြေအနေကို ရှောင်ရှားနိုင်မည့် နည်းလမ်းတစ်ခုရှိသည်။

ယခင် ကားဝယ်ယူခဲ့သူတို့က ၎င်းတို့၏ကားနှင့် ပတ်သက်ပြီး မည်သို့ recommend ပေးထားသည်ဟူသော ယုံကြည်စိတ်ချရသည့် စစ်တမ်းများကို ကားသစ်တစ်စီး မဝယ်မီ လေ့လာကြည့်ရန် ဖြစ်သည်။

ဗြိတိန်တွင် ကားများ၏ ယုံကြည်စိတ်ချရမှုကို နှစ်စဉ်စစ်တမ်းကောက်ယူသည့် WhatCar? အမည်ရှိ စစ်တမ်းတစ်ရပ်ရှိသည်။

ဗြိတိန်၏ အကြီးမားဆုံး စစ်တမ်းကောက်ယူမှုများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်အတွက် စစ်တမ်းကို MotorEasy နှင့် ပူးပေါင်းကောက်ယူခြင်းဖြစ်ကာ ကားပိုင်ရှင် ၂၉၉၆၇ ဦးထံ စစ်တမ်းကောက်ယူခဲ့သည်။

အဆိုပါစစ်တမ်းအရ မည်သည့် ကားအမှတ်တံဆိပ်များမှာ ယုံကြည်စိတ်ချ အားကိုးထိုက်သည်၊ မည်သည့် အမှတ်တံဆိပ်များကို ရှောင်ကြဉ်သင့်သည်ဆိုသည်တို့ကို ဖော်ပြထားသည်။

 


(ဗြိတိန်တွင် မကြာသေးမီကာလအတွင်း ကားပြင်စရိတ် အလွန်ထောင်းလာနေကြသည်။ ကားပိုင်ရှင်များအနေဖြင့် ကားပြင်ခများ အတောမသတ်နိုင်အောင် ကုန်ကျနေရခြင်းကို မလိုလားချေ။)

 

WhatCar? ၏ စစ်တမ်းတွင် ကားပိုင်ရှင်တို့ကို ၎င်းတို့စီးနေသောကား၏ ၂ နှစ်တာအတွင်း ယုံကြည်စိတ်ချရမှုကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ကားပိုင်ရှင်တို့က ၎င်းတို့၏ကား မည်သို့ပျက်ပုံ၊ ပြင်ဆင်ရာတွင် မည်မျှကုန်ကျပုံ၊ ပြင်ဆင်ချိန် မည်မျှကြာပုံတို့ကို ပြောပြခဲ့ကြသည်။

WhatCar? က ကားပိုင်ရှင်တို့ကို ကားပျက်ပုံ အသေးစိတ်အခြေအနေအား မေးမြန်းခဲ့ရာ ကားဘော်ဒီ၊ ဘရိတ်၊ အင်ဂျင်၊ အိတ်ဇောတို့မှသည် ကား၏ infotainment စနစ်များအထိ ဖြစ်သည်။


((ဘယ်ကား brand တွေပါလဲ))

၂၀၂၄ ခုနှစ် WhatCar? ယုံကြည်စိတ်ချရမှုစစ်တမ်းတွင် ကား brand ၃၁ ခုမှ မော်ဒယ် ၁၉၉ မျိုး ပါဝင်ခဲ့သည်။

ပါဝင်သော ကားမော်ဒယ်၏ ပမာဏများပြားနေပါက ဓာတ်ဆီ၊ ဒီဇယ်၊ လျှပ်စစ်နှင့် hybrid ဟူ၍ အမျိုးအစားခွဲခြားကာ လေ့လာခဲ့ပြီး ကားသက်တမ်း ၅ နှစ်အထက်ရှိသော ကားများကိုသာ လေ့လာခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုလျှင် ကားသစ်တို့၏ အာမခံမှာ အနည်းဆုံး ၃ နှစ်ရှိပြီး နောက်ထပ် ၂ နှစ်မှ လက်ခမဲ့ ပြုပြင်ခွင့်ရှိသောကြောင့် ဖြစ်သည်။


((ယုံကြည်စိတ်ချရဆုံးကားနှင့် မယုံကြည်ရဆုံးကား))

၂၀၂၄ ခုနှစ်အတွက် အယုံကြည်ရဆုံးကားမော်ဒယ်အဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေသည်မှာ Mini ဖြစ်သည်။

ယခင်နှစ်က ရပ်တည်မှုအဆင့်ထက် ၂ ဆင့် ခုန်တက်လာခြင်းဖြစ်သည်။

စစ်တမ်းတွင် လေ့လာခဲ့သော လျှပ်စစ်၊ ဓာတ်ဆီနှင့် ဒီဇယ် မော်ဒယ် ၅ ခုလုံးတွင် အခြေအနေကောင်းခဲ့ပြီး စုစုပေါင်း ရမှတ် ၉၈ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်။

ဒုတိယနေရာတွင် ရပ်တည်နေသည်မှာ ဂျပန် brand ဖြစ်သော Lexus ဖြစ်ပြီး Mini ၏နောက် ရမှတ် ၀ ဒသမ ၄ ရာခိုင်နှုန်းသာ နည်းကာ ရမှတ် ၉၇ ဒသမ ၉ ရရှိထားသည်။

(WhatCar? ၏ ယုံကြည်စိတ်ချရမှု စစ်တမ်းတွင် Lexus သည် ယခုနှစ်အထိဆိုလျှင် ၇ ကြိမ်ဆက်တိုက် ပါဝင်နိုင်ခဲ့သော ချန်ပီယံဖြစ်နေသည်။ ယခင်နှစ်ကအောက် တဆင့်သာ ပြုတ်ကျသွားသည်)

Suzuki မှာ ရမှတ် ၉၇ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရှိနေသည်။ (Swift နှင့် Vitara တို့မှာ ရမှတ် ၉၅ ဒသမ ၇၊ ၉၇ ဒသမ ၇ အသီးသီးရရှိ)


(( ယုံကြည်စိတ်ချထိုက်ဆုံး ကား Brand များ))

 

၁။ Mini- ၉၈ ဒသမ ၃ ရာခိုင်နှုန်း

၂။ Lexus- ၉၇ ဒသမ ၉ ရာခိုင်နှုန်း

၃။ Suzuki- ၉၇ ဒသမ ၇ ရာခိုင်နှုန်း

၄။ Honda -၉၆ ဒသမ ၆ ရာခိုင်နှုန်း

၅။ Toyota- ၉၆ ဒသမ ၁ ရာခိုင်နှုန်း

၆။ Dacia- ၉၆ ရာခိုင်နှုန်း

၇။ Citroen-၉၄ ဒသမ ၁ ရာခိုင်နှုန်း

၈။ BMW- ၉၄ ရာခိုင်နှုန်း

၉။ Renault-၉၃ ဒသမ ၆ ရာခိုင်နှုန်း

၁၀။ Hyundai-၉၃ ဒသမ ၅ ရာခိုင်နှုန်း


((ယုံကြည်ရမှု အနည်းဆုံး ကား Brand များ))

၁။ MG- ၇၆ ဒသမ ၉ ရာခိုင်နှုန်း

၂။ Alfa Romeo- ၈၄ ဒသမ ၁ ရာခိုင်နှုန်း

၃။ Vauxhall- ၈၄ ဒသမ ၇ ရာခိုင်နှုန်း

၄။ Nissan- ၈၅ ဒသမ ၉ ရာခိုင်နှုန်း

၅။ Land Rover- ၈၇ ဒသမ ၁ ရာခိုင်နှုန်း

၆။ Seat-၈၇ ဒသမ ၅ ရာခိုင်နှုန်း

၇။ Fiat-၈၈ ဒသမ ၂ ရာခိုင်နှုန်း

၈။ Audi- ၈၉ ရာခိုင်နှုန်း

၉။ Polestar- ၈၉ ဒသမ ၃ ရာခိုင်နှုန်း

၁၀။ Mercedes-Benz- ၈၉ ဒသမ ၇ ရာခိုင်နှုန်း

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Source: What Car? Reliability Survey 2024 based on models up to 5 years old.

Ref: Most reliable car brands for 2024 revealed: Where does YOUR manufacturer rank? (dailymail)