• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ပရီးမီးယားလိဂ် ဘောလုံးကြယ်ပွင့်များ၊ အကျော်အမော်များ၏ ပေါင် ၁ သန်းကျော်တန် ပြိုင်ကားများဖြင့် အတိပြီးကာ ကားပြခန်းကြီးသဖွယ်ဖြစ်နေသော ဗြိတိန်က ကျေးရွာလေး

ပရီးမီးယားလိဂ် ဘောလုံးကြယ်ပွင့်များ၊ အကျော်အမော်များ၏ ပေါင် ၁ သန်းကျော်တန် ပြိုင်ကားများဖြင့် အတိပြီးကာ ကားပြခန်းကြီးသဖွယ်ဖြစ်နေသော ဗြိတိန်က ကျေးရွာလေး

  • 301 views

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း မန်ချက်စတာမြို့၏ တောင်ဘက်ရှိ ချက်စ်ရှိုင်းယားခရိုင်တွင် ကျေးရွာလေးတစ်ခုတွင် နေထိုင်သော ရွာသူရွာသားတို့က ပြောသည်မှာ ၎င်းတို့ကျေးရွာရှိ လမ်းများတွင် တန်ဖိုးကြီး ပြိုင်ကားများ ပြည့်နှက်နေပြီး ကားပြခန်းတစ်ခုအသွင် ဖြစ်နေကြောင်း ပြောကြသည်။

ချက်စ်ရှိုင်းယား၏ Wilmslow နှင့် Presbury တို့အပါအဝင် မြို့ငယ်လေးများ၊ ရွာငယ်များ ပါဝင်သော ရွှေတြိဂံဟုခေါ်ကြသည့် ဒေသတွင် Alderley Edge ကျေးရွာလည်း အပါအဝင် ဖြစ်သည်။

(Alderley Edge ကျေးရွာ၏ မိန်းလမ်းမကြီးတွင် luxury ကားများကို မကြာခဏတွေ့ရသည်။ ဓာတ်ပုံ credit-Andrew Price/ View Finder Pictures)

 

(ကျေးရွာရှိ High Street လမ်းမကြီးပေါ်တွင် အလွန်ဈေးကြီးသော ပြိုင်ကားများ ပြည့်နှက်နေပြီး ကားပြခန်းတစ်ခုနှင့်တူနေကြောင်း ဒေသခံတို့က ပြောသည်။ ပုံတွင်တွေ့ရသည်မှာ Alderley Edge ကျေးရွာဖြစ်ပြီး ၂၀၂၁ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ credit-@supercarsinmanchester-/Instagram)

 

(ပရီးမီးယားလိဂ်ဘောလုံးကြယ်ပွင့်များ၊ အကျော်အမော်များ လာရောက်ကြရာနေရာဖြစ်ပြီး သန်းကြွယ်သူဌေး တို့ ကျင်လည်ကျက်စားရာနေရာအဖြစ် လူသိများသည်။ ဓာတ်ပုံ credit-@supercarsinmanchester-/ Instagram)

 

(အင်္ဂလန်ရုပ်သံကြယ်ပွင့် Molly Mae က သူ၏ ချက်စ်ရှိုင်းယားစံအိမ်မှ သူငယ်ချင်းများနှင့်အတူ ထွက်လာပုံ။ ဓာတ်ပုံ credit-Splash)

 

Alderley ရွာကလေးတွင် ပေါင် ၁ ဒသမ ၂ သန်းတန်ကြေးရှိသော Ferrari F40 ကဲ့သို့ Luxury ကားများ အမြဲတွေ့ရသည်။

Alderley ကျေးရွာသည် ခမ်းနားသော ကျေးလက်ဒေသ အခြေချရာနေရာတစ်ခုဖြစ်ပြီး တန်ဖိုးကြီး စံအိမ်ကြီးများ၊ high-end ဈေးဆိုင်များ၊ ထိပ်တန်း အရက်ဘားများနှင့် စားသောက်ဆိုင်များ တည်ရှိသည့် နေရာအဖြစ်လည်း ကျော်ကြားသည်။

Alderley Edge ကျေးရွာအလယ်ကို ဖြတ်သန်းဖောက်လုပ်ထားသော London လမ်းမကြီးပေါ်တွင် ပေါင်သန်းပေါင်းများစွာ တန်ကြေးှရှိသော Lamborghini များ၊ Ferrari များ၊ Bugatti များ၊ Luxury 4×4 များနှင့် အခြားတန်ဖိုးကြီးကားများကို မကြာခဏ စီတန်းတွေ့မြင်ရလေ့ရှိသည်။

ထိုကျေးရွာမှ အသက် ၄၂ နှစ်အရွယ်ရှိ ရွာသားတစ်ဦးဖြစ်သူ Martin Wroe က “ဒီရွာက နေလို့ကောင်းတဲ့ နေရာတစ်ခုပါ။ အပြင်ကလူတွေ ဒီရွာကို အလည်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဒီရွာလေးကို သဘောကျတယ်။ ဒီဒေသရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လိုကြတယ်” ဟု ပြောသည်။

“လည်ပတ်ဖို့၊ စားသောက်ဖို့ ကောင်းတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တချို့အိမ်ဈေးတွေက ခေါင်ခိုက်နေတယ်။ Macclesfield မှာ ပေါင် ၆၀၀၀၀၀ လောက်ပဲ ပေးရမယ့်အိမ်မျိုးက ဒီမှာဆိုရင် ပေါင် ၁ ဒသမ ၅ သန်းလောက် ဈေးပေါက်နေတယ်”

“ဒီမှာ တွေ့ရတဲ့ တန်ဖိုးကြီးကားတွေထဲမှာ ဘောလုံးသမားတွေရဲ့ ကားတွေ အများကြီး ပါပါတယ်။ တစ်ခါတုန်းက Bruce Fernandez ကားထဲက ထွက်လာတာကို ကျွန်တော်တွေ့ခဲ့ဖူးပါတယ်”

အနီးရှိ Chelford ကျေးရွာတွင် နေထိုင်သူ အသက် ၄၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သော Maria Caunce က ပြောသည်မှာ Luxury ကားများကို တွေ့ရသည်မှာ အမြဲပင်ဖြစ်ကြောင်း၊ ကလေးများက ထိုကားများရှိရာသို့သွားပြီး တစ်ချိန်လုံး ဓာတ်ပုံရိုက်လေ့ရှိကြောင်း၊ သို့သော် ထိုကားအားလုံးမှာ ဘောလုံးသမားများပိုင်သည့်ကားများချည်း မဟုတ်ကြောင်း ပြောသည်။

“ဒီဒေသမှာ လူအမျိုးမျိုး နေထိုင်ကြပါတယ်။ သူတို့အားလုံး တကယ်ဖော်ရွေကြပါတယ်” ဟု Maria က ပြောသည်။

Maria ၏ ၁၀ နှစ်အရွယ်သားငယ် ကျောင်းတက်သော စာသင်ကျောင်းတွင် ပရီးမီးယားလိဂ်ကြယ်ပွင့်တို့၏ သားသမီးများဖြင့် ပြည့်နှက်နေကြောင်းလည်း Maria က ပြောသည်။

 

(ဤရွာကလေးသည် အင်္ဂလန်မြောက်ပိုင်း၏ Knightbridge ဟုလည်း လူသိများသည်။ ဓာတ်ပုံ credit-Andrew Price/ View Finder Pictures)

 

(ရွှေတြိဂံတွင် ပြိုင်ကားများကို အမြဲတွေ့ရသည်။ ဓာတ်ပုံ credit--@supercarsinmanchester-/Instagram)

 

(ပရီးမီးယားလိဂ်ကြယ်ပွင့်များ၊ အကျော်အမော်များ ကျင်လည်ရာ နေရာဖြစ်သည်။ ဓာတ်ပုံ credit-@supercarsinmanchester-/ Instagram)

 

(ဤကျေးရွာတွင် တောက်ပသော ပြိုင်ကားများကို မကြာခဏ တွေ့ရသည်။ ဓာတ်ပုံ credit-@supercarsinmanchester-/Instagram)

 

(Kyle Walker ကို ၂၀၂၀ ပြည့်နှစ်အတွင်း ချက်စ်ရှိုင်းယားတွင် တွေ့ရပုံ။ ဓာတ်ပုံ Credit-Ben Lack)

 

(Paddy နှင့် Christine McGuinness တို့ကို ချက်စ်ရှိုင်းယားတွင် ၂၀၂၂ ခုနှစ်အတွင်းက တွေ့ခဲ့ရပုံ။ ဓာတ်ပုံ credit-Splash News)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: FILTHY RICH Our streets are full of supercars worth £1.2MILLION driven by Premier League stars & celebs…it’s like living in showroom (thesun)

Photo Credit- Andrew Price/ View Finder Pictures, -@supercarsinmanchester-/Instagram, Splash,Ben Lack