- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက် (၉)
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက် (၉)
- 231 views
(၂) ဆိုင်းဘုတ်တွင် အောက်ခံအဖြူရောင်ပေါ်၌ ဘေးအနားသားကို အနီရောင် ဖြင့်လည်းကောင်း၊ သင်္ကေတ သို့မဟုတ် စာသားကို အနက်ရောင်ဖြင့် လည်းကောင်း ရေးဆွဲရမည်။ စက်ဝိုင်းပုံပေါ်တွင် တားမြစ်ခြင်းသင်္ကေတ ဖြစ်သည့် အထက်လက်ဝဲဘက်မှ အောက်လက်ယာဘက်သို့ အနီရောင် ထောင့်ဖြတ်မျဉ်းဖြင့် ရေးဆွဲဖော်ပြရမည်။ ဘေးအနားသားများနှင့် ထောင့်ဖြတ် မျဉ်းတို့၏ အတိုင်းအတာတို့သည် တူညီရမည်။ ထောင့်ဖြတ်မျဉ်း၏ အတိုင်း အတာသည် ၄.၇၅ လက်မ (၁၂ စင်တီမီတာ) ထက် မကျယ်စေရ၊
(၃) တားမြစ်ကန့်သတ်ခြင်း အစပြုသည့်နေရာသို့ ရောက်ရှိမည့်အကွာအဝေးကို အောက်ခံအဖြူရောင်ပေါ်၌ အနားကွပ်အနီရောင်အလျားလိုက် စတုဂံပြားတွင်နေရာ သို့မဟုတ် အကွာအဝေးတို့ကို အနက်ရောင်ဖြင့် ရေးသား၍ လမ်းညွှန်းဆိုင်းဘုတ်အောက်ခြေ၌ ဖော်ပြရမည်၊
(၄) လမ်းတစ်လမ်း၏အစ၌ စိုက်ထူခဲ့သည့် “အမြန်နှုန်းကန့်သတ်ချက်”၊ “ဂကွေ့ မကွေ့ရ”၊ “ယာဉ်ကျော် မတက်ရ”၊ “ကုန်တင်ယာဉ်ကြီးများကျော်မတက်ရ”အစရှိသည့် လမ်းညွှန်းများကို လိုက်နာရန်ပြီးဆုံးပြီ ဖြစ်ကြောင်း ဖော်ပြသည့် လမ်းညွှန်းအား အဆိုပါ လမ်းပိုင်းအဆုံး၌ စိုက်ထူရမည်။ “တားမြစ်ကန့်သတ် လမ်းအဆုံး” ဆိုင်းဘုတ်တွင် သက်ဆိုင်ရာ တားမြစ် သို့မဟုတ် ကန့်သတ် သင်္ကေတများကို အထက်လက်ဝဲဘက်မှ အောက်လက်ယာဘက်သို့ အနက်ရောင်ထောင့်ဖြတ်မျဉ်းဖြင့် ရေးဆွဲရမည်။ ထောင့်ဖြတ်မျဉ်း၏ အတိုင်း အတာသည် ၄.၇၅ လက်မ (၁၂ စင်တီမီတာ) ထက် မကျယ်စေရ၊ (ပုံ-၁၀၆၊ ၁၀၇၊ ၁၀၈၊ ၁၀၉၊ ၁၁၁၊ ၁၁၂၊ ၁၁၃)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com