- ပင်မစာမျက်နှာ
- ကားသတင်းများ
- အလွန်တရာရှားပါးလှသော Jaguar XKSS တစ်စင်းကို လန်ဒန်မြို့တွင် နိုဝင်ဘာ ၂ ရက်၌ လေလံတင် ရောင်းချရန် စီစဉ်ထားပြီး ပေါင် ၁၁ သန်းခန့်အထိ ရရှိမည်ဟု မျှော်မှန်းထား၊ ၁၆ စင်းသာ ထုတ်လုပ်ထားသော မော်ဒယ်ဖြစ်
အလွန်တရာရှားပါးလှသော Jaguar XKSS တစ်စင်းကို လန်ဒန်မြို့တွင် နိုဝင်ဘာ ၂ ရက်၌ လေလံတင် ရောင်းချရန် စီစဉ်ထားပြီး ပေါင် ၁၁ သန်းခန့်အထိ ရရှိမည်ဟု မျှော်မှန်းထား၊ ၁၆ စင်းသာ ထုတ်လုပ်ထားသော မော်ဒယ်ဖြစ်
- 183 views
♦ XKSS မော်ဒယ်ကို ၁၉၅၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး ၁၆ စင်းသာ ထုတ်လုပ်ထား၊ Browns Lane စက်ရုံ မီးသင့်မှုတွင် ၉ စင်းပါသွားခဲ့
♦ ဥရောပတွင် XKSS တစ်စင်း ပထမဆုံး လေလံတင်ရောင်းချလာခြင်းဖြစ်ပြီး ဈေးနှုန်း စံချိန်တင် ရရှိဖွယ်ရှိ
လာမည့် နိုဝင်ဘာလတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ လေလံပွဲတစ်ခုတွင် ၁၉၅၇ ခုနှစ်မော်ဒယ် Jaguar XKSS မော်ဒယ်တစ်စင်း လေလံတင်ရောင်းချရန် စီစဉ်ထားသည်။
Classic ကား ကျွမ်းကျင်ပုဂ္ဂိုလ်တို့က Jaguar XKSS ကို “ပျောက်ကွယ်တော့မတတ် ရှားပါးနေသော၊ အကြွင်းမဲ့ အလှတရားဖြစ်သော၊ အလွန်မြင့်မားသည့် performance ရှိသော ကားတစ်စင်း” ဟု ညွှန်းဆိုကြသည်။
လန်ဒန်မြို့တော်တွင် နိုဝင်ဘာလ ၂ ရက်၌ လေလံတင်ရောင်းချမည်ဖြစ်ပြီး ပေါင် ၉ သန်းမှ ၁၁ သန်းကြား ရရှိမည်ဟု မျှော်မှန်းထားသည်။
ဗြိတိန်တွင် ထုတ်လုပ်ခဲ့သော ပြိုင်ကားများအနက် လူကြိုက်အများဆုံး ကားများတွင် ပါဝင်သည်ဟု ရည်ညွှန်းကြသော်လည်း မကြာသေးမီနှစ်များအတွင်း လေလံတင်ရောင်းချခဲ့သည့် အခြားဗြိတိန်ထုတ် ပြိုင်ကားများအောက် ဈေးနှုန်း နည်းပါးသည်ဟု ဆိုရမည်ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ဗြိတိန်ထုတ် အခြားကားမော်ဒယ် ၆ မျိုး လေလံတင်ခဲ့ရာတွင် ပေါင် ၁၁ သန်းအထက် ရရှိခဲ့ကြခြင်း ဖြစ်သည်။
(ဗြိတိန်ထုတ် ပြိုင်ကားများအနက် လူကြိုက်အများဆုံးထဲတွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ Jaguar XKSS မော်ဒယ်ကို ၁၆ စင်းသာ ထုတ်လုပ်ထားပြီး စက်ရုံမီးလောင်ရာတွင် ၉ စင်း ပါသွားသည်)
Limited-edition မော်ဒယ်ဖြစ်သော Jaguar XKSS ကို 16 D-Type racing chassis ဖြင့် တည်ထောင်ထားပြီး အများပြည်သူသုံး လမ်းပေါ်တွင် မောင်းနှင်နိုင်မည့် two-seater ကားအဖြစ် ပြောင်းလဲခဲ့ပြီးနောက် ၁၉၅၇ ခုနှစ်တွင် အမေရိကန်ဈေးကွက်သို့ တင်ပို့ခဲ့သည်။
Jaguar က ကားပြိုင်ပွဲလောကမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် Jaguar XKSS များကို အရောင်းဈေးကွက်သို့ တင်ပို့ခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော် Coventry ရှိ Browns Lane စက်ရုံမှာ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မီးလောင်ခဲ့ရာ မရောင်းရသေးသော Jaguar XKSS ၉ စင်း မီးထဲပါသွားသည်။
ယခု လေလံတင်မည့် Jaguar XKSS မှာ ကျန်ရစ်သော ၁၆ စင်းအနက် တစ်စင်း ဖြစ်သည်။
ကား၏ Chassis number မှာ XKD 540 ဖြစ်ပြီး RM Sotheby’s က လေလံတင်ရောင်းချပေးမည် ဖြစ်သည်။
(လွန်လေပြီးသော နှစ်များအတွင်း အရောင်းဈေးကွက်ဝင်လာသော ဗြိတိန်ထုတ် ပြိုင်ကားများအနက် Jaguar XKSS လောက် တပ်မက်ဖွယ်ကား မရှိဟု ဆိုနိုင်သည်)
(Jaguar က ကားပြိုင်ပွဲလောကမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် Jaguar XKSS များကို အရောင်းဈေးကွက်သို့ တင်ပို့ခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်ဈေးကွက်သို့ ၂၅ စင်း တင်ပို့ရန် ရည်ရွယ်ခဲ့သည်)
(သို့သော် Coventry ရှိ Browns Lane စက်ရုံမှာ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မီးလောင်ခဲ့ရာ မရောင်းရသေးသော Jaguar XKSS ၉ စင်း မီးထဲပါသွားသည်။ ယခု လေလံတင်မည့် Jaguar XKSS မှာ ကျန်ရစ်သော ၁၆ စင်းအနက် တစ်စင်း ဖြစ်သည်။)
၁၉၆၂ ခုနှစ်တွင် ယခုမော်ဒယ်မှာ သြစတေးလျသို့ ရောက်ရှိခဲ့ကာ ပြိုင်ကားလောကတွင် အသုံးပြုခဲ့သည်။
(Chassis number XKD 540 သည် ထူးခြားသည့် high-performance ရှိသော ကားဖြစ်ကြောင်း RM Sotheby’s က ပြောသည်)
(XKSS မော်ဒယ်များမှာ သာမန်အိမ်စီးကားများအဖြစ် အသုံးပြုခဲ့ကြသော်လည်း ယခုကားမှာမူ ဗြိတိန်နှင့် သြစတေးလျ ကားပြိုင်ပွဲများတွင် အသုံးပြုခဲ့သည်)
(D-Type competition XKD chassis number ရှိသော XKSS ၂ စင်းတည်းသာ ရှိသည့်အနက် တစ်စင်းဖြစ်ပြီး Jaguar က ၁၉၅၇ ခုနှစ်၊ ဧပြီလအထိ ပိုင်ဆိုင်ခဲ့သည်)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ultra-rare Jaguar XKSS set to sell at London auction for £11MILLION - only six British motors have sold for more at the block (dailymail)
Photo Credit-dailymail