- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်တွင် ရပ်တန့်ထားသော ကားများ၏ လေကာမှန်၌ ရန်တွေ့သော စာများ ရေးသားထားရှိမှု တားမြစ်လိုက်ပြီး ပေါင် ၂၀၀၀ ဒဏ်ရိုက်မည်ဟုဆို
ဗြိတိန်တွင် ရပ်တန့်ထားသော ကားများ၏ လေကာမှန်၌ ရန်တွေ့သော စာများ ရေးသားထားရှိမှု တားမြစ်လိုက်ပြီး ပေါင် ၂၀၀၀ ဒဏ်ရိုက်မည်ဟုဆို
- 178 views
ဗြိတိန်တွင် ရပ်နားထားသော ကားများ၌ ရန်လိုသည့်စာများ ကပ်ခြင်းကို တားမြစ်ပိတ်ပင်လိုက်သည်။
မိမိတို့၏ စိတ်ပျက်ခံပြင်းမှုကို ဖော်ပြရန် ယခင်က ထိုနည်းလမ်းမှာ အန္တရာယ်မရှိခဲ့သော်လည်း ယခုအခါတွင်မူ ကြီးမားသည့် ဒဏ်ကြေးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ကားလေကာမှန်များတွင် အမျက်ထွက်သောစာများ ရေးသားချန်ရစ်ခဲ့မှု များပြားလာပြီးနောက်ပိုင်း အာဏာပိုင်တို့က အရေးယူရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။
GM Direct Hire မှ မားကက်တင်း ဒါရိုက်တာနှင့် ကားကျွမ်းကျင်ပညာရှင် မဂျစ် အစ္စမေးလ်ဇာဒါက ပြောသည်မှာ ယခုအခါ ဤလုပ်ရပ်မျိုးကို ဗြိတိန်ဥပဒေတွင် ဆိုးရွားသည့်ပြစ်မှုအဖြစ် သတ်မှတ်လာကြောင်း ပြောသည်။
(ကားမှန်တွင် စာရေးသားထားခဲ့မှုသည် “၂၀၁၄ ခုနှစ်၊ လူမှုရေးသွေဖည်သည့် အပြုအမူ၊ ရာဇဝတ်မှုနှင့် ရဲအက် ဥပဒေ” ကို ချိုးဖောက်မှုဖြစ်သည်။ ဓာတ်ပုံ-PA)
“ကိုယ့်ရဲ့ ခံပြင်းဒေါသကို ဖော်ပြဖို့ အလွယ်ဆုံးနည်းလမ်းအနေနဲ့ လုပ်ဆောင်နေကြတဲ့ ဒီကိစ္စဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ရနိုင်ပြီး ဒဏ်ငွေ ပေါင် ၂၀၀၀ အထိ ပေးဆောင်ရနိုင်ပါတယ်” ဟု မဂျစ်က ပြောသည်။
ယခုတားမြစ်သည့် လုပ်ဆောင်မှုမှာ လူ့ကျင့်ဝတ်နှင့် သွေဖည်သည့်အပြုအမူများကို တားဆီးရန်နှင့် ယာဉ်မောင်းသူတို့အကြား အပြန်အလှန်လေးစားမှု မြှင့်တင်ပေးရန်ဖြစ်သည်ဟု ဆိုသည်။
မော်တော်ကားများတွင် ရန်လိုသည့်စာများ ထားရှိခဲ့မှုသည် ယခုအခါ ဗြိတိန်၌ ဥပဒေအကျိုးဆက် ကြီးမားစွာ ရင်ဆိုင်ရမည့်ကိစ္စဖြစ်လာသည်။
မဂျစ်၏ ပြောပြချက်အရ ထိုသို့ လုပ်ဆောင်မှုသည် “၂၀၁၄ ခုနှစ်၊ လူမှုရေးသွေဖည်သည့် အပြုအမူ၊ ရာဇဝတ်မှုနှင့် ရဲအက် ဥပဒေ” အရ လူ့အသိုက်အဝန်းကာကွယ်ရေး သတိပေးမှု ခံရနိုင်ကြောင်း ပြောသည်။
ထိုသတိပေးချက်နှင့်အတူ ဒဏ်ငွေ ပေါင် ၂၀၀၀ အထိ ချမှတ်ခံရနိုင်ရာ လူအများစုက သာမာန်အသေးအဖွဲ ပြစ်မှုဟု ယူဆနိုင်သောလုပ်ရပ်အတွက် ကြီးလေးသည့် ဒဏ်ငွေဖြစ်သည်။
“ယာဉ်မောင်းတွေအနေနဲ့ ဒေါသရှေ့ထားပြီး မလုပ်ဆောင်မီမှာ ၂ ကြိမ်ပြန်ပြီး စဉ်းစားသင့်ပါတယ်။ အကျိုးဆက်တွေက ပြင်းထန်ပါတယ်” ဟု မဂျစ်က ပြောသည်။
ကားများတွင် ရန်လိုသည့်စာများ ရေးသားခဲ့ခြင်းများကို ဥပဒေအရ သည်းခံခွင့်လွှတ်တော့မည်မဟုတ်ဘဲ ကြီးမားသည့် ငွေကုန်ကျရမှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပေးပြသလိုက်ခြင်းလည်း ဖြစ်သည်။
လူနေထူထပ်သော မြို့ပြဒေသများတွင် ကားပါကင်နေရာ အငြင်းပွားမှုများ အလွန်များပြားလာနေပြီး အချို့မှာ မိမိ၏ အမျက်ဒေါသကို ဖော်ပြရန်အတွက် ကားမှန်များတွင် ရန်တွေ့သောစာများ ရေးသားထားခဲ့လေ့ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Britons face £2,000 penalty for leaving notes on cars - 'Consequences can be severe!' (gbnews)
Photo Credit-PA