• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဂျာမနီကုမ္ပဏီ Obrist Group က အရက်ဖြင့်မောင်းရသော ကားအင်ဂျင်ကို ထုတ်လုပ်စမ်းသပ်နေပြီး ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သို့ တင်ပို့မည်

ဂျာမနီကုမ္ပဏီ Obrist Group က အရက်ဖြင့်မောင်းရသော ကားအင်ဂျင်ကို ထုတ်လုပ်စမ်းသပ်နေပြီး ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သို့ တင်ပို့မည်

  • 410 views

ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၂၀၃၀ မှ ၂၀၃၅ ခုနှစ်များသို့ ရောက်လျှင် ပို့ဆောင်ရေး ကဏ္ဍ၌ ကာဗွန်ထုတ်လုပ်မှုမရှိရေး ရည်မှန်းချက်ကို အခိုင်အမာ ကိုင်စွဲထားကြဆဲ ဖြစ်သည်။

ထိုရည်မှန်းချက် ပြည့်မီရေးအတွက် အမျိုးမျိုးကြိုးပမ်းနေကြရာ ဂျာမာန်ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက combustion အင်ဂျင်ကိုပင် ဆက်လက်သုံးစွဲကာ ကာဗွန်ထုတ်လွှတ်မှု မရှိစေရေး ကြိုးပမ်းလာသည်။

ဂျာမန်ကုမ္ပဏီ၏ ကားအင်ဂျင်မှာ ဓာတ်ဆီအစား အရက်ဖြင့် မောင်းနှင်မည်ဖြစ်ရာ လူ့သမိုင်းတွင် အနာဂတ်အဆန်ဆုံး နည်းပညာဖြစ်သည်ဟု ဆိုနိုင်သည်။

သြစထရီးယား-ဂျာမန်ကုမ္ပဏီ Obrist Group က ချပြလာသော မက်သနောအင်ဂျင်သည် ကားထုတ်လုပ်ရေး လောကကို အကြီးအကျယ်ပြောင်းလဲစေဖွယ် ရှိသည်။

Obrist Group က HyperHybrid ဟု အမည်ပေးထားသော powertrain သည် မက်သနောအင်ဂျင်နှင့် လျှပ်စစ်မော်တာတို့ကို ပေါင်းစပ်ထားပြီး ကားတို့၏ အနာဂတ်အတွက် အဖြေတစ်ခု ဖြစ်လာနိုင်သည်။

HyperHybrid powertrain ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ စိတ်ကြိုက်ဒီဇိုင်းရေးဆွဲထားသော two-cylinder ICE အင်ဂျင်ကို အမှီပြုထားသည်။

ပေါ့ပါးကျစ်လျစ်သော အင်ဂျင်ဖြစ်ပြီး မက်သနောဖြင့် လည်ပတ်နိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

မက်သနောသည် လူတို့ဖန်တီးထုတ်လုပ်သော လောင်စာဖြစ်ပြီး ပြန်လည်ဖွံ့ဖြိုးမြဲ ကုန်ကြမ်းတို့မှ ထုတ်လုပ်သည်။

အဆိုပါ အင်ဂျင်ကို ဘက်ထရီဖြင့် ပေါင်းစပ်ကာ Hybrid အဖြစ် အသုံးပြုရန် စီစဉ်ထားသည်။

 

(အားသာချက်များ))

● အရွယ်အစားကျစ်လျစ်ခြင်း

အင်ဂျင်၏ ဒီဇိုင်းကြောင့် two cylinder တည်ဆောက်ထားနိုင်ပြီး ပုံမှန် ICE များအောက် ပေါ့ပါးသည်။

● Hybrid သုံးနိုင်ခြင်း

ဘက်ထရီငယ်တစ်ခုဖြင့် လည်ပတ်သော လျှပ်စစ်မော်တာနှင့် ယခုအင်ဂျင်ကို ပေါင်းစည်းအသုံးပြုထားသည်။

● မက်သနောဖြင့် သုံးနိုင်ခြင်း

မက်သနောလောင်စာဖြင့် မောင်းနှင်နိုင်ရန် အထူးထုတ်လုပ်ထားသော အင်ဂျင်ဖြစ်သည်။

● ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ထိန်းချုပ်နိုင်ခြင်း

မက်သနောကိုသာ အသုံးပြုကာ ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေရန် ထုတ်လုပ်ထားသည်။

 

((မက်သနော အင်ဂျင်ဘာကြောင့် ထုတ်လုပ်ရတာလဲ))

● မြင့်မားသော အပူစွမ်းအင်ထိရောက်မှု- မက်သနောအင်ဂျင်တို့သည် ဓာတ်ဆီအင်ဂျင်များနှင့် နှိုင်းယှဉ်လျှင် မက်သနော၏ high octane ပါဝင်နှုန်းနှင့် အအေးခံ အကျိုးကျေးဇူးတို့ရှိခြင်းကြောင့် high-thermal efficiency ရှိသည်။

● ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု နည်းပါးခြင်း

မက်သနောဖြင့် မောင်းနှင်မည်ဆိုပါက အင်ဂျင်မှ CO2 ထုတ်လွှတ်မှုမှာ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်များမှ CO2 ထုတ်လွှတ်မှု ပမာဏအောက် အလွန်နည်းပါးသည်။

● မောင်းနှင်နိုင်မည့် ခရီးအကွာအဝေး

HyperHybrid powertrain တပ်ဆင်ထားသော နမူနာကား V70 သည် hybrid နှစ်မျိုးလုံးသုံးကာ စမ်းသပ်မောင်းနှင်မှုတွင် ကီလိုမီတာ ထောင်ချီကာ မောင်းနှင်နိုင်သည်ကို တွေ့ရသည်။

 

 ((စမ်းသပ်ထုတ်လုပ်မှု))

Obrist Group သည် မက်သနောအင်ဂျင်နှင့် HyperHybrid စနစ်ကို စမ်းသပ်နေသည်မှာ နှစ်အနည်းငယ် ရှိခဲ့ပြီ ဖြစ်သည်။

၎င်းတို့ထံတွင် နမူနာအချို့ ထုတ်လုပ်ထားပြီးဖြစ်ပြီး အလုံးအရင်းထုတ်လုပ်ရန် အသင့်ဖြစ်နေသည်။

● နမူနာ ထုတ်လုပ်မှု

ပထမဆုံး ထုတ်လုပ်ခဲ့သော နမူနာအင်ဂျင်ကို Tesla Model Y ဖြင့် စမ်းသပ်ခဲ့သည်။

Model Y ၏ ဘက်ထရီများနေရာတွင် HyperHybrid powertrain ဖြင့် အစားထိုးလဲလှယ်ခဲ့သည်။

● ဈေးကွက်တင်မည့်ကာလ

Obrist Group က HyperHybrid ကို ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သို့ ပို့ရန် မျှော်မှန်းထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Germany wants to save the combustion engine, but without hydrogen: They have created an alcohol-based fuel (ecoticias)