အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၅၀ လုံးတွင် မောင်းနှင်ခွင့်မရှိ ပိတ်ပင်ခံထားရသော Lamborghini Murcielago

  • 1173 views

Lamborghini မှ ထုတ်လုပ်ခဲ့သော ၂၀၁၀ ထုတ်ကားမော်ဒယ်တစ်ခုသည် ကားရာဇဝင်၏ အထင်ရှားဆုံး ကားများထဲတွင် ပါဝင်နိုင်ဖွယ်ရှိသည်။

သို့သော် အဆိုပါကားမှာ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၅၀ လုံးတွင် မောင်းနှင်ခွင့်မရှိဘဲ ပိတ်ပင်ခံထားရသည်။

၂၀၁၀ ပြည့်နှစ်ထုတ် Lamborghini Murcielago LP670 SV သည် အလွန်ထူးခြားသော ကားမော်ဒယ်ဖြစ်ပြီး လက်ရှိ သိရသမျှ ၅ စင်းသာ ရှိသည်။
SV မှာ Super Veloce ၏ အတိုကောက်ဖြစ်ပြီး အီတလီဘာသာအရ အလွန်လျင်မြန်သောဟု အဓိပ္ပာယ်ရသည်။

ထို ၅ စင်းအပြင် အခြား ၂ စင်းလည်း ရှိနိုင်သေးပြီး စင်္ကာပူမှ တရုတ်ပြည်သို့ တင်သွင်းခဲ့သော တစ်စင်းနှင့် ဆွစ်ဇာလန်ရှိ တစ်စင်းတို့ ဖြစ်သည်။
လက်ရှိအချိန်အထိမူအမေရိကန်ပြည်တွင် Murcielago LP670 SV တို့ကို မည်သည့်နေရာတွင်မှ မောင်းနှင်ခွင့် မရှိ။

 

((ကမ္ဘာ့အကြီးမြတ်ဆုံးကား အမေရိကန်မှာ ဘာကြောင့် ပိတ်ပင်ခံရလဲ))

အမေရိကန်တို့သည် မိမိတို့၏ ကားများကို အလွန်ချစ်ကြသူများဖြစ်ကြောင်း လူသိများသည်။

အမေရိကန်တွင် ဤကားပိတ်ပင်ခံထားရကြောင်း သိလျှင် အချို့မှာ အံ့အားသင့်ကြဖွယ် ရှိသည်။

 

(ဓာတ်ပုံ-VINwiki)

Ed Bolian ဆိုသူ တည်ထောင်ထားသာ ကားသမိုင်း app နှင့် ဝက်ဘ်ဆိုက် VINwiki က ၎င်းတို့၏ YouTube ချန်နယ်တွင် Lamborghini Murcielago SV အမေရိကတွင် ပိတ်ပင်ခံရခြင်းနှင့် အမေရိကသို့ တင်သွင်းရန် ဖြစ်နိုင်မည့် နည်းလမ်းများကို ပြောပြထားသည်။

Subscriber ၂ သန်းရှိသော YouTube ချန်နယ်တွင် VINwiki က ပြောပြသည့်နည်းလမ်းတစ်ခုမှာ Murcielago ကို သက်တမ်း ၂၅ နှစ်ပြည့်သည်အထိ စောင့်ပြီး ဥရောပမှတဆင့် တင်သွင်းရန် ဖြစ်သည်။

အခြားနည်းလမ်းတစ်ခုမှာ Show and Display ဥပဒေရှိကြောင်း VINwiki က လမ်းညွှန်ထားသည်။

အမေရိကန်တွင် စီးနင်းရန် မဟုတ်ဘဲ ပြသထားရန်မျှအတွက် တင်သွင်းခွင့်ပေးသော ဥပဒေဖြစ်သည်။

တနည်းဆိုလျှင် ကားတစ်စီးကို ဂိုဒေါင်ထဲတွင်သာ ထာဝရထားရန် တင်သွင်းခြင်းမျိုး ဖြစ်သည်။

သို့သော် Lamborghini Murcielago မှာ အဆိုပါဥပဒေတွင် အကျုံးမဝင်နိုင်ချေ။

အဘယ်ကြောင့်ဆိုလျှင် အမေရိကန်တွင် ထုတ်လုပ်သော မော်ဒယ်ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် စည်းမျဉ်းများချိုးဖောက်မှုမရှိကြောင်း ဝန်ခံစာကို ထုတ်လုပ်သူထံမှ ရယူရန်နည်းလမ်းရှိသည်။

သို့သော် VINwiki အနေဖြင့် ထိုသို့သောစာမျိုး Lamborghini ထံမှ မရနိုင်ခဲ့ကြောင်း ဝန်ခံသည်။

ထိုနည်းလမ်းများအားလုံးဖြင့် မအောင်မြင်ပါက federalization နည်းကိုသုံးရန် VINwiki က အကြံပြုသည်။

ထိုနည်းလမ်းတွင် federalization အေးဂျင့်ကို ငွေပေးသွင်းကာ ကားကို အမေရိကန်၏ ဥပဒေများနှင့် ကိုက်ညီစေရန် modify ပြုလုပ်ရခြင်း ဖြစ်သည်။

 

(ဓာတ်ပုံ-VINwiki)

ထိုနည်းလမ်းကို လုပ်ဆောင်မည်ဆိုလျှင် ကန်ဒေါ်လာ ၂၅၀,၀၀၀ အထိ ကုန်ကျနိုင်ရာ အများစု တတ်နိုင်မည့် နည်းလမ်းမဟုတ်။

အမေရိကတွင် သတ်မှတ်ထားသည့် စံနှုန်းများစွာရှိရာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏ၊ airbag, seat belt, headlight အစရှိသော ဘေးကင်းလုံခြုံရေး feature သတ်မှတ်ချက် များစွာရှိသည်။

ထို့အပြင် crash test အသိအမှတ်ပြုလက်မှတ်များမှာလည်း ဥရောပနှင့် အမေရိကအကြား ခြားနားမှု ရှိသည်။

ထိုသို့ ဥပဒေကြောင်း ကိစ္စများရှိနေသော်လည်း Lamborghini SV သည် စံထားထိုက်သော ကားတစ်စင်း ဖြစ်သည်မှာ ငြင်းရန်မရှိချေ။

တန်ကြေး ကန်ဒေါ်လာ ၄ သန်းကျော်ရှိသော ဤကားမှာ Lamborghini ဝါသနာအိုးများ ပိုင်ဆိုင်ထားသင့်သော ကားတစ်စင်းဖြစ်ကြောင်း VINwiki က ပြောသည်။

 

(VINwiki)

V12 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၆၆၁ ကောင်အားအထိ ထွက်ပြီး 60mph အမြန်နှုန်းကို ၄ စက္ကန့်အောက်ဖြင့် ရရှိနိုင်ကာ သူ့ခေတ်သူ့အခါက အမြန်ဆုံးကားတစ်စင်း ဖြစ်ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Greatest car ever’ is banned in all fifty US states (supercarblondie)

Photo Credit-VINwiki