ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၇)

  • 180 views


(၆) “ဆုံမည့်ယာဉ်ကြောတွင် ဦးစားရလမ်း” ဆိုင်းဘုတ်ကို အောက်ခံအပြာရောင် စတုရန်းပုံအတွင်း ဦးစားပေး ခံရသည့်ယာဉ်ကြောအား အဖြူရောင်မြားပုံဖြင့်လည်းကောင်း၊ ဦးစားပေးမခံရသည့် တစ်ဖက်ယာဉ်ကြောအား အနီရောင်မြားပုံဖြင့်လည်းကောင်း ဖော်ပြရမည်။

စတုရန်းပုံသည် နှစ်ပေ (၆၁ စင်တီ မီတာ) ပတ်လည်ရှိ အတိုင်းအတာအောက် မငယ်ရ။ဤဆိုင်းဘုတ်ကို သာမန်အားဖြင့် ယာဉ်သွားလာမှုကိုကန့်သတ်ရန်လိုအပ်သည့် လမ်းကျဉ်းများ၊ ယာဉ်ထိန်းမီးအချက်ပြ တပ်ဆင်ခြင်းမရှိသည့် ယာဉ်နှစ်စီး မောင်းနှင်ရန် ခက်ခဲသော လမ်းကျဉ်းများတွင် စိုက်ထူရမည်။ (ပုံ-၇၇)

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com