- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ GAC ကုမ္ပဏီက နှစ်ပေါင်းများစွာ လျှို့ဝှက်အကောင်အထည်ဖော်နေသော ကားဘီးထဲတွင် တပ်ဆင်ရသည့် မော်တာကို ချပြလာ၊ rpm 30000 အထိရှိပြီး လျှပ်စစ်ကားတို့၏ လားရာကို ပြောင်းလဲစေမည်
တရုတ်ပြည်မှ GAC ကုမ္ပဏီက နှစ်ပေါင်းများစွာ လျှို့ဝှက်အကောင်အထည်ဖော်နေသော ကားဘီးထဲတွင် တပ်ဆင်ရသည့် မော်တာကို ချပြလာ၊ rpm 30000 အထိရှိပြီး လျှပ်စစ်ကားတို့၏ လားရာကို ပြောင်းလဲစေမည်
- 341 views
တရုတ်ပြည်သည် နည်းပညာနယ်တွင် ဆန်းသစ်တီထွင်မှု များစွာ လုပ်ဆောင်လာလျက်ရှိသည်။
ယင်းသို့ ဆန်းသစ်တီထွင်မှုများအနက် အများမမျှော်လင့်ထားသည့် ယခုခြေလှမ်းမှာ ကားဘီးထဲတွင် တပ်ဆင်ရသည့် မော်တာဖြစ်သည်။
သမားရိုးကျအားဖြင့် ဘောနပ်ဖုံးအောက်တွင် ထားသည့် မော်တာများ၏ အလှည့်အပြောင်းဖြစ်ပြီး EV များကို ချေမှုန်းမည့် ခြေလှမ်းလည်း ဖြစ်လာသည်။
ထိုအချက်မှာ ဝိရောဓိဖြစ်နေသည်။
တရုတ်ပြည်သည် ကမ္ဘာ့လျှပ်စစ်ကားနယ်ပယ်ကို BYD, Xiaomi တို့ဖြင့် ကြီးစိုးထားလိုသော်လည်း ယခုအခါ စိတ်ပြောင်းလိုက်ဟန်ရသည်။
((နှစ်ပေါင်းများစွာ လျှို့ဝှက်အကောင်အထည်ဖော်နေခဲ့သောစီမံကိန်း))
ကားဘီးထဲတွင် ထားရှိမည့် ယခုမော်တာကို ထုတ်လုပ်လာသည်မှာ BYD မဟုတ်သလို Xiaomi လည်း မဟုတ်။
တရုတ်ပြည်၏ အကြီးမားဆုံးကားထုတ်လုပ်သူများတွင် ပါဝင်သည့် GAC Group က ထုတ်လုပ်လာခြင်း ဖြစ်သည်။
GAC က ချပြလာသည့် In-wheel motor သည် လျှပ်စစ်ကားလောကကို အပြီးတိုင်ပြောင်းလဲစေမည့် အလားအလာရှိသည်။
GAC ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနက ထုတ်လုပ်လာသော နည်းပညာသစ်သည် ၎င်းတို့၏ လျှပ်စစ်ကား Powertrain ဒီဇိုင်းကို သမားရိုးကျ ချဉ်းကပ်ပုံများမှ ခွဲထွက်ထားသည်။
ယခုမော်တာကို ဘီးဆုံချက်မော်တာဟုလည်း ရည်ညွှန်းထားပြီး ကားဘီးထဲတွင် တပ်ဆင်ထားရှိသည့် လျှပ်စစ်မော်တာ ဖြစ်သည်။
ယခုဒီဇိုင်းတွင် drivetrain ၏ သမားရိုးကျ component များဖြစ်သော ဂီယာဘောက်၊ driveshaft တို့ကို ကျောခိုင်းစွန့်ပစ်ထားသည်။
GAC ၏ ကားဘီးတွင်းမော်တာတွင် နောက်ဆုံးပေါ်နည်းပညာ Feature များစွာ ထည့်သွင်းထားသည်။
● မြန်နှုန်းမြင့် performance- ဤမော်တာသည် rpm 30000 အထိ အံ့မခန်း လည်ပတ်နှုန်းရှိရာ လက်ရှိဈေးကွက်တွင် လျှပ်စစ်ကားများအသုံးပြုနေသော မော်တာများထဲတွင် အကောင်းဆုံးဟု ဆိုနိုင်သည်။
● ကျစ်လျစ်သွားခြင်း- မော်တာမှာ အရွယ်အစား အတော်သေးငယ်ပြီး အချင်း ၃၃၀ မီလီမီတာသာရှိရာ ကားဘီးဆိုက် အများအပြားတွင် ထည့်သွင်းအသုံးပြုနိုင်သည်။
● အလေးချိန်ပေါ့ပါးစေခြင်း- မော်တာအလေးချိန်မှာ ၁၆ ဒသမ ၈ ကီလိုဂရမ်သာရှိရာ ယာဉ်၏ အလေးချိန်ကို ပေါ့ပါးစေသောကြောင့် စွမ်းအင်သုံးစွဲမှု သက်သာခြင်းနှင့် performance ပိုမိုကောင်းမွန်ခြင်း အကျိုးကျေးဇူးများ ရလာသည်။
● ပါဝါထွက်အား- အရွယ်အစားသေးငယ်သော်လည်း 150 Kw (သို့မဟုတ်) ၂၀၁ bhp ခန့်ထွက်သည်။
● မောင်းနိုင်သော range တိုးမြင့်လာစေခြင်း- ဤမော်တာမှာ high efficiency ရှိခြင်းကြောင့် EV တို့၏ Range ကို ၅၀ ကီလိုမီတာ (၃၁ မိုင်) ခန့်အထိ မြင့်တက်လာစေသည်။ ထို့ကြောင့် လျှပ်စစ်ကားတို့၏ အဓိကစိန်ခေါ်မှု ဖြစ်သော မောင်းနှင်နိုင်သည့် ခရီးအကွာအဝေးပြဿနာကို အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်သည်။
● စွမ်းအင်သုံးစွဲမှု ပိုမိုထိရောက်လာခြင်း- ယခုမော်တာသည် စွမ်းအင်သုံးစွဲမှု ၉၅ ရာခိုင်နှုန်းအထိ အလေအလွင့် မရှိဘဲ ထိရောက်မှုရှိသည်။ ထိုပမာဏမှာ လက်ရှိ EV များတွင် အသုံးပြုနေသော သမားရိုးကျ မော်တာများ ထက် efficiency ပိုမိုမြင့်မားသော ပမာဏလည်း ဖြစ်သည်။
● ထုတ်လုပ်မည့် ကာလ- ကားဘီးထဲတွင် ထည့်သွင်းတပ်ဆင်ရသော မော်တာများကို ၂၀၂၅ ခုနှစ်တွင် အလုံးအရင်း ထုတ်လုပ်သွားရန် ကုမ္ပဏီက မျှော်မှန်းထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China unveils a strange in-wheel engine: The end of EVs, but not with hydrogen (ecoticias)