- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန် အကြီးမားဆုံး အာမခံကုမ္ပဏီ Allianz ၏ ထုတ်ပြန်ချက်အရ ယာဉ်တိုက်မှု အများဆုံး ဖြစ်လေ့ရှိသော အချိန်မှာ ယာဉ်အသွားအလာရှုပ်သော ရုံးတက်ရုံးဆင်းချိန်မဟုတ်ဘဲ နေ့လယ် ၃ နာရီ အချိန်ဖြစ်နေသည်ကို အံ့အားသင့်ဖွယ်တွေ့ရှိ
ဗြိတိန် အကြီးမားဆုံး အာမခံကုမ္ပဏီ Allianz ၏ ထုတ်ပြန်ချက်အရ ယာဉ်တိုက်မှု အများဆုံး ဖြစ်လေ့ရှိသော အချိန်မှာ ယာဉ်အသွားအလာရှုပ်သော ရုံးတက်ရုံးဆင်းချိန်မဟုတ်ဘဲ နေ့လယ် ၃ နာရီ အချိန်ဖြစ်နေသည်ကို အံ့အားသင့်ဖွယ်တွေ့ရှိ
- 192 views
ဗြိတိန်ရှိ အာမခံ ကုမ္ပဏီကြီးတစ်ခု၏ ထုတ်ပြန်ချက်အရ တစ်နေ့တာ၏ တစ်ခုသောအချိန်တွင် ယာဉ်တိုက်မှုများ အမြင့်မားဆုံးဖြစ်နေကြောင်း ဖော်ပြခဲ့ပြီးနောက် ထိုအချိန်တွင် အထူးသတိပြုကြရန် ယာဉ်မောင်းသူများ၊ အထူးသဖြင့် ကလေးများ၏ မိဘများအား သတိပေးထားကြောင်း Dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဗြိတိန်အာမခံ ကုမ္ပဏီကြီး Allianz က ထုတ်ပြန်သည်မှာ ပြီးခဲ့သောနှစ်အတွင်း မိမိတို့သိရှိလာရသော ယာဉ်တိုက်မှုအများစုမှာ ရုံးရက်များတွင်ဖြစ်သည်ဟု ဆိုသည်။
တစ်နေ့တာ၏ ထိုအချိန်တွင်သာ အများဆုံးဖြစ်ပွားကြောင်း၊ ထိုအချိန်သည် မနက် ၈ နာရီဝန်းကျင်နှင့် ညနေ ၆ နာရီဝန်းကျင်ကဲ့သို့ ရုံးတက်ရုံးဆင်းချိန်မဟုတ်ကြောင်း Allianz က ဖော်ပြသည်။
ယာဉ်တိုက်မှုဖြစ်သည့် အများဆုံးအချိန်မှာ မွန်းလွဲ ၃ နာရီအချိန်ဖြစ်ပြီး ထိုအချိန်သည် မိဘများက ကလေးများ ကို ကျောင်းကြိုလေ့ရှိကြသောအချိန် ဖြစ်သည်။
(ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားလေ့ရှိသည်မှာ မွန်းလွဲ ၃ နာရီအချိန်ဖြစ်ကြောင်း Allianz က ပြောသည်)
ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ကလေးကျောင်းကြိုချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း အကြောင်းကြားမှု ၁၀၃၀၀ မှုရှိခဲ့သည်။
ထိုအချိန်သည် တနေ့တာကာလအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားသည့် အချိန်ဖြစ်ပြီး crash hour ဟု အမည်ပေးသင့်ကြောင်း Allianz က ပြောသည်။
ရုံးဆင်းချိန်ဖြစ်သော ညနေ ၆း၃၀ တွင် ယာဉ်တိုက်မှု ၄၅၀၀ မှုနှင့် မနက်ရုံးတက်ချိန် ၈း၃၀ တွင် ယာဉ်တိုက်မှု ၁၆၀၀ မှု အကြောင်းကြားခြင်းသာရှိကြောင်းလည်း Allianz ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုကိန်းဂဏန်းများက ညွှန်ပြနေသည်မှာ မွန်းလွဲ ကျောင်းကြိုချိန်တွင် မိဘများမှာ အလောသုံးဆယ်ဖြစ်နေ ကြပြီး စိတ်လောနေကြခြင်း၊ လမ်းသွားလမ်းလာများခြင်းတို့မှာ ယာဉ်တိုက်မှု မြင့်မားရခြင်း၏ အကြောင်းရင်း များ ဖြစ်နိုင်သည်။
ပြီးခဲ့သောနှစ်အတွင်း ညနေ ၃ နာရီအချိန် ယာဉ်တိုက်မှုများကြောင့် ပေါင် ၅၁ သန်းဖိုးခန့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထိုပမာဏမှာ ၂၀၂၂ ခုနှစ်ကထက် ဆုံးရှုံးမှု ပေါင် ၇ သန်းမြင့်တက်လာခြင်းဖြစ်ကြောင်း Allianz က ပြောသည်။
သို့သော် ညနေ ၆း၃၀ အချိန် ယာဉ်တိုက်မှုများကြောင့် နစ်နာဆုံးရှုံးရမှုမှာလည်း ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ပေါင် ၂၇ သန်းဖိုးရှိခဲ့ကြောင်း Allianz က ဆိုသည်။
မနက်ပိုင်း ရုံးချိန်တွင် ယာဉ်တိုက်မှု ဖြစ်ရပ် ၅၄၈၂ သာရှိခဲ့ပြီး နေ့လယ် ၃ နာရီတွင် ဖြစ်ပွားမှုနှုန်းအောက် ထက်ဝက်မျှသာ ရှိသည်။
Allianz က ယူဆသည်မှာ မနက်အစောပိုင်းတွင် နေ့လယ်ထက် သတိပိုရှိနေချိန်ဖြစ်သောကြောင့် ယာဉ်တိုက်မှုနှုန်း နည်းပါးခြင်းဖြစ်သည်ဟု ယူဆသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Car crashes peak at this particular time of day, according to insurance claims data - and it's NOT rush hour (dailymail)
Photo Credit: dailymail