• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၂၀၂၅ မော်ဒယ် Honda Civic Hybrid မှာ Wards မဂ္ဂဇင်းက ရွေးချယ်သော အမေရိက အကောင်းဆုံး အင်ဂျင်နှင့် Propulsion system ပါသောကားအဖြစ် ရွေးချယ်ဖော်ပြခံရ

၂၀၂၅ မော်ဒယ် Honda Civic Hybrid မှာ Wards မဂ္ဂဇင်းက ရွေးချယ်သော အမေရိက အကောင်းဆုံး အင်ဂျင်နှင့် Propulsion system ပါသောကားအဖြစ် ရွေးချယ်ဖော်ပြခံရ

  • 209 views

Honda ၏ မော်တာ ၂ လုံးတပ် hybrid စနစ်သုံး ၂၀၂၅ မော်ဒယ် Honda Civic Sedan Hatchback သည် Wards AutoWorld မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သော အကောင်းဆုံး အင်ဂျင် ၁၀ ခု (Ward’s 10 Best Engines) စာရင်းတွင် ထည့်သွင်းဖော်ပြခံရသည်။ 

(မှတ်ချက်။ အဆိုပါစာရင်းကို ပြုစုရာတွင် အမေရိကန်ဈေးကွက်တွင်ရှိသော အကောင်းဆုံး ကားအင်ဂျင်များကို ရွေးချယ်ခြင်းဖြစ်သည်။ အမေရိကန်ဈေးကွက်တွင် နှစ်စဉ် ပထမ ၃ လပတ်ထက် နောက်မကျဘဲ ဈေးကွက်ဝင် လာသည့် ကားများကို စမ်းသပ်မောင်းနှင်ကာ ရွေးချယ်ခြင်းဖြစ်သည်။ Ward မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့က ၂ လ တာ အချိန်ယူ စမ်းသပ်လေ့ရှိသည်)

Honda ၏ Hybrid-electric powertrain ကို ၂ နှစ်ဆက်တိုက် ရွေးချယ်ဂုဏ်ပြုခံရခြင်းလည်း ဖြစ်သည်။
Honda Civic Hybrid တွင် Honda ၏ လျှပ်စစ်ကားသို့ ကူးပြောင်းရေး မဟာဗျူဟာ၊ ဘက်ထရီနှင့် အင်ဂျင် ပေါင်းစပ်ထားသော စွမ်းဆောင်ရည်၊ စွမ်းအင်ထိရောက်မှုနှင့် လက်တွေ့ကျမှုကို မစွန့်လွှတ်စေဘဲ သက်တောင့်သက်သာရှိမှုတို့ တွေ့ရမည် ဖြစ်သည်။

ထို system ကို Honda Accord နှင့် CR-V တို့ကဲ့သို့ အခြားမော်ဒယ်များတွင်လည်း ရရှိနိုင်သည်။
Honda သည် အဆိုပါမော်ဒယ်များဖြင့် hybrid နည်းပညာတွင် ဦးဆောင်ထားသည်။

● Award-winning performance
Honda ၏ ၂၀၂၅ မော်ဒယ် Civic မော်တာ ၂ လုံး hybrid စနစ်သည် ပါဝါနှင့် လောင်စာထိရောက်မှု ပိုမိုကောင်းမွန်လာသည်။
ဆီစားသက်သာသည့်အပြင် ပြိုင်ကားဆန်သည့် မောင်းနှင်မှု အရသာ ရရှိစေမည် ဖြစ်သည်။

● မော်ဒယ်များစွာတွင် ဖြန့်ကျက်ထားခြင်း
Honda ၏ hybrid စနစ်ကို Honda Accord နှင့် CR-V ရောင်းချထားသမျှ၏ ၅၀ ရာခိုင်နှုန်းကျော်တွင် တွေ့ရနိုင်သည်။
CR-V သည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် အရောင်းရဆုံး Hybrid ကားအဖြစ် ရပ်တည်ခဲ့သည်။

● အိုဟိုင်းအိုးတွင် ထုတ်လုပ်သည်
မော်တာ ၂ လုံးတပ် hybrid စနစ်နှင့် တွဲဖက်အသုံးပြုသော 2.0-liter Atkinson-cycle အင်ဂျင်တို့ကို အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်တွင် ထုတ်လုပ်သည်။
အမေရိကန်ပြည်တွင်းနှင့် အခြားကမ္ဘာတဝန်းမှ ထုတ်လုပ်သော ဆက်စပ်ပစ္စည်းအစိတ်အပိုင်းများကို အသုံးပြုထားသည်။

● စွမ်းအင်ဖမ်းယူသိုလှောင် နည်းပညာ (Regenerative Breaking)
Civic Hybrid တွင် Regenerative Breaking နည်းပညာကို အသုံးပြုထားသည်။ 
ကားရပ်သွားချိန်တွင် ကား၏ ကုန်ဆုံးပျောက်ကွယ်သွားတော့မည့် အရွေ့စွမ်းအင် (Kinetic energy) အား လျှပ်စစ်ဓာတ်အားအဖြစ် ဖမ်းယူသိုလှောင်ထားလိုက်ခြင်း ဖြစ်သည်။
လျှပ်စစ်မော်တာ၏ အလုပ်လုပ်ပုံ ပြောင်းလဲအသုံးပြုခြင်းဖြစ်ပြီး မော်တာများမှာ generator အဖြစ် ပြောင်းလဲသွားကာ အရွေ့စွမ်းအင်ကို လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲပေးပြီး ကား၏ ဘက်ထရီတွင် စွမ်းအင်သိုလှောင်ထားလိုက်သည်။

Honda Civic ကို အမေရိကန်ပြည်ထောင်စုတွင် ၁၉၇၃ ခုနှစ်အတွင်း စတင်ထုတ်လုပ်ချိန်ပြီးနောက်ပိုင်း ကားလောကတွင် အရေးပါသောနေရာတစ်ခု ရရှိထားဆဲ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် Honda Civic အစင်းရေ ၁၂ သန်းကျော်အထိ ရောင်းချထားရသည်။
Honda Civic သည် Gen Z များနှင့် ပထမဆုံး ကားဝယ်သူတို့အကြား ထိပ်တန်းရွေးချယ်ရာအဖြစ် ကာလကြာရှည် ကျော်ကြားနေခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2025 Honda Civic Hybrid Earns Top Honors (theevreport)