ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် ၁/၂၂ မှ အဆက်(၅)

  • 136 views


(၄) “ဦးစားရလမ်း” ဆိုင်းဘုတ်ကို အောက်ခံအဖြူရောင်ပေါ်၌ အနားကွပ်အနက်ရောင် မှန်ကူကွက်အတွင်းတွင် အောက်ခံအဝါရောင်၊ အနားကွပ်အနက်ရောင်မှန်ကူကွက်ငယ်သင်္ကေတဖြင့် ဖော်ပြရမည်။ ထောင့်မှန် မှန်ကူကွက်ပုံသည် နှစ်ပေ (၆၁ စင်တီမီတာ) ပတ်လည်ရှိ အတိုင်းအတာအောက် မငယ်ရ။ ယာဉ်ထိန်းမီး အချက်ပြနှင့် ကြီးကြပ်ထိန်းသိမ်းရန်တာဝန်ရှိသူမရှိသော လမ်းဆုံလမ်းခွများရှိသည့် လမ်းများပေါ်တွင် ယာဉ်သွားလာမှု ဦးစားပေးခြင်းခံရသည့်ယာဉ်များကို ဦးစွာသွားလာစေလိုလျှင် ဤဆိုင်းဘုတ်ကို အသုံးပြု ရမည်။ ဦးစားပေးခံရသည့် လမ်းတစ်လျှောက်တွင် လမ်းဆုံ လမ်းခွတစ်ခုထက်ပို ပါက ဦးစားပေးခံရသည့် လမ်းနယ်အစ၌လည်းကောင်း၊ အဆိုပါ လမ်းတစ်လျှောက်ရှိ လမ်းဆုံလမ်းခွ တစ်ခုချင်းစီတွင်လည်းကောင်း စိုက်ထူရမည်။ (ပုံ -၇၅)

 

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com