• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • BYD မှာ ယခုနှစ် ဇူလိုင်လတွင် တစ်ကမ္ဘာလုံး၌ တတိယမြောက် အရောင်းရဆုံး အမှတ်တံဆိပ်ဖြစ်ခဲ့ သော်လည်း လက်ရှိအချိန်အထိ တစ်နှစ်တာရောင်းအားတွင် Toyota က နံပါတ် ၁ နေရာတွင် ရပ်တည်

BYD မှာ ယခုနှစ် ဇူလိုင်လတွင် တစ်ကမ္ဘာလုံး၌ တတိယမြောက် အရောင်းရဆုံး အမှတ်တံဆိပ်ဖြစ်ခဲ့ သော်လည်း လက်ရှိအချိန်အထိ တစ်နှစ်တာရောင်းအားတွင် Toyota က နံပါတ် ၁ နေရာတွင် ရပ်တည်

  • 328 views

Yiche ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ BYD သည် ယခုနှစ် ဇူလိုင်လတွင် တစ်ကမ္ဘာလုံး၌ တတိယမြောက် အရောင်းရဆုံး အမှတ်တံဆိပ်အဖြစ် ရပ်တည်ခဲ့သည်ဟု ဆိုသည်။

ထိုဝက်ဘ်ဆိုက်၏ အချက်အလက်များအရ BYD ၏ ရောင်းအားမှာ ပထမနေရာတွင် ရပ်တည်နေသော Toyota ရောင်းချရသည့် အစင်းရေပမာဏ၏ ထက်ဝက်နီးပါး ရောင်းချရပြီး ဒုတိယနေရာတွင်ရှိသော Volkswagen အောက် အစင်းရေ ၃၀,၀၀၀ ကျော်သာ နည်းပါးခဲ့သည်။

BYD သည် ဇူလိုင်လတွင် ရောင်းအားမြင့်မားခဲ့သော်လည်း ဇန်နဝါရီမှ ဇူလိုင်လအထိ ကာလအတွင်း အရောင်းရဆုံး အဆင့်ရပ်တည်မှုတွင် နံပါတ် ၈ နေရာ၌ ရပ်တည်နေသည်။

ထိုရလဒ်မှာ ကုမ္ပဏီအုပ်စုဆိုသည်ထက် အမှတ်တံဆိပ်ကိုသာ ကိုယ်စားပြုကြောင်း အထူးပြုဖော်ပြရန် လိုအပ်မည် ဖြစ်သည်။

ဇူလိုင်လတွင် BYD မှာ အစင်းရေ ၃၁၅၆၀၀ ၊ တိုယိုတာမှာ အစင်းရေ ၆၅၁၂၀၀ နှင့် Volkswagen မှာ အစင်းရေ ၃၄၆၂၀၀ အသီးသီး ရောင်းအားရှိခဲ့သည်။

အခြားသော တရုတ်ပြည်မှ ကားအမှတ်တံဆိပ်များမှာ ထိပ်တန်း ၁၀ နေရာတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိချေ။

သို့သော် Chery မှာ ရောင်းအား အစင်းရေ ၇၁၁၀၀ ဖြင့် နံပါတ် ၁၈ နေရာတွင်လည်းကောင်း၊ Geely မှာ အစင်းရေ ၆၃၈၀၀ ဖြင့် နံပါတ် ၂၀ နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်ခဲ့သည်။

((၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ကမ္ဘာ့အရောင်းရဆုံး ထိပ်တန်းကားအမှတ်တံဆိပ် ၂၀ ))

1.Toyota အစင်းရေ 651,200
2.Volkswagen 346,200
 3.BYD 315,600
4.Honda 280,800
5.Ford 265,400
6.Hyundai245,900
7.Suzuki 228,400
8.Nissan 218,300
9.Kia199,000
10.Chevrolet198,600
11.Mercedes Benz 139,700
12.BMW 139,400
13.Tesla 112,400
14.Audi 111,000
15.Mazda 94,200
16.Fiat 72,600
17.Subaru 72,200
18.Chery71,100
19.Jeep64,100
20.Geely 63,800

သို့သော် ယခုနှစ် လက်ရှိအချိန်အထိ စုစုပေါင်းရောင်းအား ရပ်တည်မှုဇယားတွင်မူ များစွာ ခြားနားသွားသည်။

BYD သည် ဇူလိုင်လတွင် ရောင်းအားကောင်းခဲ့သော်လည်း ယခုနှစ်အတွင်း လက်ရှိအချိန်အထိ စုစုပေါင်း ရောင်းအား အစင်းရေ ၁၇၁၄၁၀၀ ဖြင့် အဆင့် ၈ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်ကို တွေ့ရသည်။

Geely ၏ ရောင်းအားမှာ သိသာစွာ ပိုမိုနည်းပါးပြီး အစင်းရေ ၅၇၇၇၀၀ သာရှိခဲ့ကာ နံပါတ် ၁၈ နေရာတွင် ရပ်တည်ခဲ့သည်။

တိုယိုတာနှင့် Volkswagen မှာမူ ပထမနှင့် ဒုတိယနေရာတို့တွင်ပင် ဆက်လက်ရပ်တည်သည်ကို တွေ့ရပြီး Honda မှာ တတိယနေရာတွင် တွေ့ရသည်။

(၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ၇ တာရောင်းအားစုစုပေါင်း ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၂၀)

1.Toyota 4,594,000
2.Volkswagen 2,613,600
3.Honda 2,078,200
4.Ford 2,037,300
5.Hyundai 1,879,900
6.Suzuki 1,770,500
7.Nissan 1,721,700
8.BYD 1,714,100
9.Kia 1,484,000
10.Chevrolet 1,407,800
11.BMW 1,133,400
12.Mercedes Benz 1,068,400
13.Tesla 915,100
14.Audi 882,500
15.Renault 719,000
16.Mazda 665,700
17.Fiat 635,100
18.Geely 577,700
19.Jeep 538,100
20.Peugeot 533,600

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD was third best-selling brand in the world in July this year (carnewschina)

Source: Fast Technology