- ပင်မစာမျက်နှာ
- ကားသတင်းများ
- General Motors ကုမ္ပဏီ ဂီယာဘောက် မကောင်းသည့် ပြဿနာကြောင့် တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည်
General Motors ကုမ္ပဏီ ဂီယာဘောက် မကောင်းသည့် ပြဿနာကြောင့် တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည်
- 239 views
အမေရိကန်ပြည်ထောင်စုရှိ ပြည်ထောင်စု အယူခံတရားရုံးတစ်ခုက General Motors ကုမ္ပဏီသည် Transmission မကောင်းသော မော်တော်ကားပေါင်း သိန်းဂဏန်းခန့်ကို သိလျက်နှင့်ရောင်းချခဲ့သောကြောင့် သုံးစွဲသူများကိုယ်စား စွဲချက်တင်ခံရမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အကြား ရောင်းချခဲ့သည့် မော်ဒယ်များတွင် ပါဝင်ခဲ့သည့် 8L45 နှင့် 8L90 eight-speed automatic ဂီယာဘောက်များနှင့် ပတ်သက်ကြောင်း ဖော်ပြသည်။
အဆိုပါ ဂီယာဘောက်များ ပါသော GM ထုတ်ကားများမှာ အစင်းရေ ၈၀၀၀၀၀ ခန့်ရှိပြီး Silverados, Colorados, Camaros နှင့် Corvettes တို့အပါအဝင် ထရပ်ကားများ၊ Sierra နှင့် Yukon တို့ကဲ့သို့ GMC များ၊ CTS , CT6 နှင့် Escalade တို့ကဲ့သို့ Cadillac များ ပါဝင်သည်။
ထို transmission တို့သည် ပြန်လည်ပြုပြင်ပြီးနောက်ပိုင်းတွင်လည်း ဂီယာအမြင့်တွင်ဆိုလျှင် တုန်ခါရမ်း နေတတ်ပြီး ဂီယာအနိမ့်တွင် ဝပ်ဆင်းနေမှုနှင့် ရင်ဆိုင်ရသည်ဟု ဆိုသည်။
တရားရုံးမှတ်တမ်းများအရ General Motors က ကားအရောင်းဆိုင်များထံ ညွန်ကြားထားသည်မှာ ဂီယာပြောင်းရခက်ခြင်းမှာ ပုံမှန်သာဖြစ်သည်ဟု customer တို့ကို ပြောရန် ညွှန်ကြားထားသည်ဟု ဆိုသည်။
GM ၏ ချေပချက်တွင် ကားသုံးစွဲသူ အများစုမှာ ပြဿနာမကြုံရကြောင်း၊ အများကြုံတွေ့ရမှုကို ကိုယ်စားပြုကာ တရားစွဲမှု သင့်လျော်ခြင်း ရှိမရှိဆိုခြင်းအတွက် ကားပိုင်ရှင်တို့အကြား ခြားနားချက်များ များလွန်းကြောင်း ချေပသည်။
သို့သော် တရားသူကြီးမှာ အဆိုပါကားများကို စီးနင်းသူ မဟုတ်။
တရားသူကြီး Karen Nelson Moore က “တစ်ယောက်ချင်းစီတိုင်းက ဘယ်လောက်အတိုင်းအတာ ဂီယာပြဿနာ ကြုံရတယ်ဆိုတာက မသက်ဆိုင်ပါဘူး”ဟု ပြောသည်။
GM သည် ချို့ယွင်းချက်များကို ဖုံးကွယ်ထားကြောင်းလည်း ၎င်းက ပြောသည်။
သို့သော် မကောင်းသော ထုတ်ကုန်များ ထုတ်လုပ်ခြင်းမှာ မည်သူကိုမှ မထိခိုက်သမျှ ကာလပတ်လုံး ရာဇဝတ်မှုတစ်ခု မဟုတ်ချေ။
သို့သော် ထိုအကြောင်းကို လိမ်လည်ထားခြင်းမှာမူ များစွာ ခြားနားသွားသည်။
အဆိုပါ ကားများ၏ ပိုင်ရှင်များအတွက် ရလဒ်မည်သို့ ရှိလာမည်ကို စောင့်ကြည့်ရအုံးမည် ဖြစ်သည်။
ယခုအမှု၏ အမည်မှာ Speerly et al v.General Motors LLC ဟု ဖြစ်ပြီး တရားရုံးမှာ 6th U.S.Circuit Court of Appeals ဖြစ်ကာ အမှုနံပါတ် 23-1940 ဖြစ်သည်။
ကားဝယ်ယူထားသူများဘက်မှ ကိုယ်စားပြုသည်မှာ Cohen Milstein Sellers & Toll ဥပဒေအဖွဲ့ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A Judge Told GM It Has to Face That Class Action Lawsuit Over Bad Transmissions (thedrive)