ချန်ဒူး ကားပြပွဲတွင် ပြသခဲ့သည့် Zeekr 7X လျှပ်စစ် SUV မှာ အားတစ်ကြိမ်သွင်းထားလျှင် ၇၈၀ ကီလိုမီတာအထိ မောင်းနှင်နိုင်

  • 336 views


တရုတ်ပြည်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၏ မြို့တော် ချန်ဒူးတွင် ကျင်းပနေသည့် ချန်ဒူးကားပြပွဲတွင် Zeekr 7X ကို ချပြလာသည်။

အဆိုပါ ကားမော်ဒယ်ကို တရုတ်ပြည်ဈေးကွက်တွင် စက်တင်ဘာလကုန်၌ စတင်ဖြန့်ချိမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့မူ တစ်နှစ်အတွင်းဖြန့်ချိသွားရန် စီစဉ်ထားသည်။

Zeekr သည် 7X ကို ကမ္ဘာ့ဈေးကွက်များအတွက် ဒီဇိုင်းထုတ်ထားသည်မှာ သိသာသည်။

 

အဆိုပါ Brand ၏ ပထမဆုံး အလတ်စား လျှပ်စစ် SUV ဖြစ်ပြီး ကားအရွယ်အစားမှာ 4825,1930 နှင့် 2925 မီလီမီတာ (အလျား၊ ဗျက်၊ အမြင့်) ရှိသည်။

Wheelbase မှာ ၂၉၂၅ မီလီမီတာ ရှိသည်။

 

Zeekr 7X ၏ အလေးချိန်မှာ လေးလံသည်ဟု ဆိုနိုင်ပြီး ၂၂၉၈ ကီလိုဂရမ်မှ ၂၄၇၅ ကီလိုဂရမ်ကြား ရှိသည်။

ကားရှေ့ပိုင်းတွင် Zeekr Stargate Interactive LCD display ရှိပြီး မက်ဆေ့များနှင့် ဓာတ်ပုံများ ပြသပေးသည်။

နောက်ပိုင်းတွင် Through-type ကားနောက်မီးကို အသုံးပြုထားသည်။

ဝယ်လက်တို့အနေဖြင့် ရွေးချယ်စရာ အရောင် ၄ မျိုးရှိမည်ဖြစ်ပြီး Arctic White,Dawn Brown,Nightfall Gray နှင့် Polar Night Black ဟူ၍ ဖြစ်သည်။

၁၉ လက်မ (သို့မဟုတ်) လက်မ ၂၀ ကားဘီးများ အသုံးပြုထားသည်။

ထိုင်ခုံ ၅ လုံး ပါဝင်သော အလတ်စား SUV ဖြစ်ကာ မိသားစုလိုက်စီးနိုင်ရန် ရည်ရွယ်ထားသော ကားဖြစ်သည်။

ကား၏ Dimension ကို ကြည့်မည်ဆိုလျှင် အတွင်းခန်း ကျယ်ဝန်းမည်ဟု ယူဆရသည်။

မျက်မှန်မှသည် နှုတ်ခမ်းနီအထိ ပစ္စည်းထားသိုစရာ နေရာ ၃၂ ခု ပါဝင်သည်။

Trunk Capacity မှာ 616 L ရှိရာ ပျော်ပွဲစား စခန်းချမှုများအတွက် သင့်တော်သည်။

Zeekr 7X ၏ ဖျော်ဖြေရေးစနစ်အတွက် Qualcomm Snapdragon 8295 chip ကို သုံးထားသည်။

စတီယာရင်မှာ 4 spoke ဘီးဖြစ်သည်။

ဒုတိယတန်းရှိ ခရီးသည်ခုံအတွက် လေကြောင်းလိုင်းများတွင် တွေ့ရသော စားပွဲဗန်းကဲ့သို့ ရှေ့ထိုင်ခုံ နောက်ကျောမှ ဖြန့်ချနိုင်ရန် ပြုလုပ်ပေးထားသည်။

 

Spec မြင့်သော မော်ဒယ်များတွင်ဆိုလျှင် နောက်ခုံ ခရီးသည်များအတွက် ဖျော်ဖြေရေး screen များ ထည့်သွင်းပေးထားသည်။

Higher Spec ဗားရှင်းများတွင် နောက်ခုံမှ ခရီးသည်များအတွက် အပူပေးစနစ်နှင့် လေစီးဆင်းစေရန် အပေါက်များ၊ ပန်ကာများပါသော ထိုင်ခုံများ တပ်ဆင်ပေးထားပြီး လက်တင်ရှိ touchscreen မှတဆင့် ထိန်းချုပ်နိုင်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Zeekr 7X electric SUV with 780km range debuts at Chengdu Auto Show (carnewschina)