- ပင်မစာမျက်နှာ
- ကားသတင်းများ
- Britain’s Got Talent ဒိုင်လူကြီး Simon Cowell X Factor ဒိုင်အဖြစ် အမေရိကန်တွင် ရုပ်သံအစီအစဉ်ရိုက်ကူးစဉ် ငှားရမ်းနေထိုင်ခဲ့သော ဒေါ်လာ ၂ ဒသမ ၁ သန်းတန် နှစ်ထပ်ကားအိမ်ကြီး
Britain’s Got Talent ဒိုင်လူကြီး Simon Cowell X Factor ဒိုင်အဖြစ် အမေရိကန်တွင် ရုပ်သံအစီအစဉ်ရိုက်ကူးစဉ် ငှားရမ်းနေထိုင်ခဲ့သော ဒေါ်လာ ၂ ဒသမ ၁ သန်းတန် နှစ်ထပ်ကားအိမ်ကြီး
- 553 views
X Factor UK နှင့် American Idol တို့တွင် ဒိုင်လူကြီးလုပ်ခဲ့သည့်အပြင် လက်ရှိအားဖြင့် Britain’s Got Talent နှင့် America’s Got Talent တို့၏ ဒိုင်လူကြီးအဖြစ် တာဝန်ယူနေသူ ဆိုင်မင် ကောင်းဝဲ (Simon Cowell) ငှားရမ်းနေထိုင်ခဲ့သော အံ့မခန်း နှစ်ထပ်ကားအိမ်ကြီးကို လေ့လာကြည့်ကြပါစို့။
ဆိုင်မင် ကောင်းဝဲ (မွေး ၁၉၅၉) သည် ဗြိတိန်ဖျော်ဖြေရေးကုမ္ပဏီ Syco ကို တည်ထောင်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်၊ ရုပ်သံကြယ်ပွင့်တစ်ဦးဖြစ်ပြီး Pop Idol ၊ X Factor UK ၊ American Idol ၊ X Factor US တို့တွင် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ကာ လက်ရှိအားဖြင့်လည်း Britain’s Got Talent နှင့် America’s Got Talent တို့တွင် ဒိုင်လူကြီးအဖြစ် ပါဝင်နေသူ ဖြစ်သည်။
ဆိုင်မင်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၆၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
ထို့ကြောင့် ဆိုင်မင်သည် ကားအိမ်ဟောင်းများတွင် အိပ်စက်ရခြင်းကို ရောင့်ရဲခြင်း ရှိပုံမရ။
ကားအိမ်ကို The Hollywood ဟု အမည်ပေးထားသည်။
အလေးချိန် တန် ၄၀ ရှိပြီး တန်ကြေး ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းရှိသော ကားအိမ်ကြီးမှာ ဘီးတပ်ထားသော high-end ဟိုတယ်တစ်လုံးသဖွယ်ဖြစ်နေသည်။
((ကိုယ်ပိုင်ဆေးခန်းပင် ပါဝင်သော ကားအိမ်))
ထူးခြားသော ကားအိမ်များစွာရှိသည်။ ကားဂိုဒေါင်ပါသော ကားအိမ်ရှိသကဲ့သို့ အဲလ်ဗစ် ပရက်စလေ၏ ဂျက်လေယာဉ်ကြီးကို ကားအိမ်အဖြစ် ပြောင်းလဲခဲ့သူလည်း ရှိသည်။
ထိုသို့ ထူးခြားသော ကားအိမ်များအနက် ဆိုင်မင်၏ The Hollywood မှာ တမူထူးခြားသော ကားအိမ် ဖြစ်သည်။
အဆိုပါကားအိမ်ကို Anderson Mobile Estates က ဖန်တီးဆောက်လုပ်ပေးခဲ့ပြီး HGTV တွင် ဖော်ပြခဲ့သည်။
The Hollywood သည် အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၁၂၀၀ ရှိသည်။
(ဓာတ်ပုံ-HGTV)
The Hollywood ၏ အတွင်းပိုင်းတွင် နေအိမ်တစ်လုံး၌ လိုအပ်သော အရာအားလုံးအပြင် အခြားအရာတို့လည်း ပါဝင်သည်။
ကြီးမားသော အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်း ၂ ခန်း၊ နားနေ နေရာ ၂ ခုနှင့် ရုံးခန်းတစ်ခန်းတို့ ပါဝင်သည်။
မိတ်ကပ်နေရာတစ်ခုလည်း ပါဝင်ပြီး ခလုပ်တစ်ချက်နှိပ်လိုက်ရုံဖြင့် ဆေးခန်းတစ်ခုအသွင် ပြောင်းလဲသွားစေနိုင်သည်။
ထိုအခန်းတွင် ဗွီဒီယိုမှတဆင့် ဆရာဝန်တစ်ဦးထံ ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ဆက်သွယ်နိုင်သည့် စနစ် ပါဝင်သည်။
အံဆွဲများထဲတွင် ဒေါ်လာ ထောင်သောင်းချီတန်ကြေးရှိသော ပစ္စည်းကိရိယာများ ထည့်သွင်း ထားရှိထားသည်။
ထို့ကြောင့် ဆိုင်မင်အနေဖြင့် လိုအပ်ပါက ကိုယ်ပိုင်ဆရာဝန်ဖြင့် ဆေးဝါးကုသမှု ပြုလုပ်နိုင်မည် ဖြစ်သည်။
(ဓာတ်ပုံ-HGTV)
Anderson Mobile Estates တည်ထောင်သူ RJ Anderson ၏ ပြောကြားချက်အရ The Hollywood သည် လူ ၃၀ ကျော်အတွက် နေရာရှိပြီး လက်မ ၆၀ 3D ရုပ်မြင်သံကြားစက် ပါဝင်သည်ဟု ဆိုသည်။
The Hollywood ကားအိမ်တစ်ခုလုံးတွင် လက်မ ၆၀ TV နောက်ထပ် ၂ လုံး ပါဝင်သေးသည်။
ဆိုင်မန်က အမေရိကန်တွင် X Factor အစီအစဉ် ရိုက်ကူးရေး၌ ပါဝင်ခဲ့စဉ်ကာလအတွင်း The Hollywood ကို ငှားရမ်းအသုံးပြုခဲ့ခြင်းဖြစ်သည်။
သင့်အနေဖြင့်လည်း The Hollywood ကားအိမ်ကြီးကို ငှားရမ်းတည်းခိုနိုင်ပြီး တစ်ညလျှင် ကန်ဒေါ်လာ ၄၄၀ ဝန်းကျင် ပေးရမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Inside Simon Cowell’s $2.1 million double-decker RV that’s like a mansion on wheels (supercarblondie)