- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြည်တွင်းမှာ (၉)လအတွင်း EV ဆိုင်ကယ်နှင့် သုံးဘီးယာဉ် အစီးရေ (၂၁၀၀) ကျော် မှတ်ပုံတင်ထား
ပြည်တွင်းမှာ (၉)လအတွင်း EV ဆိုင်ကယ်နှင့် သုံးဘီးယာဉ် အစီးရေ (၂၁၀၀) ကျော် မှတ်ပုံတင်ထား
- 219 views
အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ပြည်တွင်းမှာ EV မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးယာဉ် အစီးရေ (၂၁၄၇) စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့လစဉ်ထုတ်ပြန် နေတဲ့ စာရင်းတွေအရ သိရပါတယ်။ အခု အောက်တိုဘာလ ပထမအပတ်ထဲမှာလည်း EV ဆိုက်ကယ်တွေ ရာနဲ့ချီ ပြည်တွင်းကိုဝင်ရောက်လာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ EV ဆိုင်ကယ်အစီးရေ (၁၉၁၂) စီးနဲ့ EV သုံးဘီးဆိုင်ကယ် (၂၃၅) စီးကို မှတ်ပုံတင်ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ EV ဆိုင်ကယ်တွေဟာ ပြည်တွင်းမှာ ကျပ်သိန်း (၅၀) ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။ သယ်ယူပို့ဆောင်ရေးမှာ အသုံးဝင်တဲ့ EV သုံးဘီးယာဉ်တွေဟာလည်း ကျပ်သိန်း (၄၀) ကနေ (၅၀) ကျော်အထိ ပေါက်ဈေးရှိတဲ့အတွက် လောင်စာဆီအသုံးပြုတဲ့ သုံးဘီးယာဉ်တွေထက်စာရင် ဈေးကွက်ထဲမှာ လူကြိုက်များနေပါတယ်။
လက်ရှိမှာ EV မော်တော်ယာဉ်တွေအပါအဝင် EV ဆိုင်ကယ်နဲ့သုံးဘီးယာဉ် စုစုပေါင်းအစီးရေ (၃၀၀၀) ကျော် မှတ်ပုံတင်ခွင့်ပြုထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com