- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်ထုတ် Nammi Box ကားမော်ဒယ်မှာ အားတစ်ကြိမ်သွင်းထားလျှင် ၁၉၃ မိုင် မောင်းနိုင်ပြီး ထိုင်ခုံများကို အိပ်ရာအဖြစ် ပြောင်းလဲနိုင်ကာ မယုံနိုင်ဖွယ် ဈေးသက်သာလှသော ဈေးနှုန်းဖြင့် ဥရောပ ဈေးကွက်သို့ ဝင်ရောက်လာ
တရုတ်ပြည်ထုတ် Nammi Box ကားမော်ဒယ်မှာ အားတစ်ကြိမ်သွင်းထားလျှင် ၁၉၃ မိုင် မောင်းနိုင်ပြီး ထိုင်ခုံများကို အိပ်ရာအဖြစ် ပြောင်းလဲနိုင်ကာ မယုံနိုင်ဖွယ် ဈေးသက်သာလှသော ဈေးနှုန်းဖြင့် ဥရောပ ဈေးကွက်သို့ ဝင်ရောက်လာ
- 220 views
ထိုင်ခုံများကို အိပ်ရာအဖြစ် ပြောင်းလဲနိုင်သော လူသိနည်းသည့် ကားအမှတ်တံဆိပ်တစ်ခု၏ လျှပ်စစ်ကား မော်ဒယ်တစ်ခု မယုံနိုင်ဖွယ် နည်းပါးလှသော ဈေးနှုန်းဖြင့် ဖြန့်ချိလာသည်။
တရုတ်ပြည်မှ ကားကုမ္ပဏီတစ်ခုဖြစ်သော Dongfeng သည် ဥရောပဈေးကွက်သို့ Nammi Box အမည်ရှိ Budget EV ကို ဖြန့်ချိလာသည်။
(Nammi Box ကို ဆွစ်ဇာလန်တွင် ပေါင် ၁၉၆၁၅ မျှဖြင့် ဖြန့်ချိလာခြင်း ဖြစ်သည်။ ဓာတ်ပုံ-Dongfeng)
(ဒက်ရှ်ဘုတ်တွင် ၁၂ လက်မ Screen တစ်ခု ပါဝင်သည်။ ဓာတ်ပုံ-Dongfeng)
(အားတစ်ကြိမ်သွင်းထားလျှင် ၁၉၃ မိုင် မောင်းနှင်နိုင်သည်။ ဓာတ်ပုံ-Dongfeng)
(ရှေ့ခုံများကို အိပ်ယာအဖြစ် လှဲချ အသုံးပြုနိုင်သည်။ ဓာတ်ပုံ-Dongfeng)
Dongfeng သည် တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်ပြီး ယခုကားမော်ဒယ်မှာ ဥရောပတွင် လက်ရှိ ဈေးအသက်သာဆုံး ကားဖြစ်သော ပေါင် ၂၁၀၃၅ ဖြင့် ရောင်းချနေသည့် Citroen e-C3 ကို ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
ယခုကားမော်ဒယ်ကို ဆွစ်ဇာလန်တွင် ပေါင် ၁၉၆၁၅ (ကန်ဒေါ်လာ ၂၅၉၅၄) မျှဖြင့် ဖြန့်ချိလာသည်။
Nammi Box တွင် 42.3kWh ဘက်ထရီ တပ်ဆင်ထားပြီး ၁၉၃ မိုင် မောင်းနှင်နိုင်သည်။
နှိုင်းယှဉ်ချက်အနေဖြင့် ကြည့်မည်ဆိုလျှင် ပေါင် ၂၁၀၀၀ တန်ကြေးရှိ e-C3 တွင် 44 kWh ဘက်ထရီ တပ်ဆင်ထားပြီး ၁၉၉ မိုင် မောင်းနှင်နိုင်သည်။
Nammi Box တွင် ဒက်ရှ်ဘုတ်အလယ်ဗဟို၌ ၁၂ လက်မ infotainment touchscreen တပ်ဆင်ထားသည်။
တန်ဖိုးနည်း EV ဖြစ်ပြီး ရှေ့ခုံများကို ယာယီအိပ်ရာအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။
အတွင်းပိုင်းကို အဖြူ၊ အနက် ၂ ရောင်စပ် အရည်အသွေးမြင့် ပစ္စည်းများ အသုံးပြုထားသည်။
Nammi Box ၏ အပြင်ပိုင်းမှာ လုံးဝန်းသော အသွင်ရှိသည်။
ကြီးမားသော တံခါးလက်ကိုင်များ၊ ဘောင်ပျောက်ပြတင်းများ၊ သမားရိုးကျ မဟုတ်သော ရှေ့မီးကြီးများနှင့် ၂ ရောင်စပ် သွင်ပြင်တို့မှာ အခြားသော စမတ်ကား မော်ဒယ်များနှင့် အသွင်တူနေသည်။
Nammi Box ကို အီတလီရှိ စက်ရုံတွင် ထုတ်လုပ်လာဖွယ်ရှိသည်။
Dongfeng က အီတလီတွင် ကားစက်ရုံတည်ထောင်ရန် အီတလီ အစိုးရနှင့် ဆွေးနွေးနေကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဥရောပ သမဂ္ဂက တရုတ်ပြည်မှ တင်သွင်းလာသော လျှပ်စစ်ကားများကို အခွန်များပြားစွာ ကောက်ခံနေမှု ကြောင့် အီတလီနိုင်ငံတွင် တည်ထောင်မည့် စက်ရုံထုတ်ကားများမှာ မြင့်မားသည့်အခွန်ကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
Nammi Box ကို ကွမ်ကျိုး ကားပြပွဲတွင် ပြသခဲ့ပြီးနောက် အနည်းဆုံး ပေါင် ၈၆၀၀ မှ ပေါင် ၁၁၈၀၀ အကြား ဈေးနှုန်းဖြင့် မှာယူနိုင်ကြောင်း CarNewsChina သတင်းဌာနက ဖော်ပြသည်။
(Nammi Box ကို အီတလီရှိ စက်ရုံမှ ထုတ်လုပ်လာဖွယ် ရှိသည်။ ဓာတ်ပုံ-Dongfeng)
(Nammi Box ၏ အပြင်ပိုင်းမှာ လုံးဝန်းသော အသွင်ရှိသည်။ ဓာတ်ပုံ-Dongfeng)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Little-known car brand to release incredibly cheap EV – with 193-mile range & seats that turn into BEDS (thesun)
Photo Credit-Dongfeng