- ပင်မစာမျက်နှာ
- ကားသတင်းများ
- လန်ဒန်ရဲတပ်ဖွဲ့က ပြီးခဲ့သော တစ်ပတ်တာအတွင်း အများပြည်သူသုံး လမ်းမပေါ်တွင် ကားပြိုင်မောင်းကြသည့် ပြိုင်ကား အစင်း ၆၀ ကျော်ကို သိမ်းယူ
လန်ဒန်ရဲတပ်ဖွဲ့က ပြီးခဲ့သော တစ်ပတ်တာအတွင်း အများပြည်သူသုံး လမ်းမပေါ်တွင် ကားပြိုင်မောင်းကြသည့် ပြိုင်ကား အစင်း ၆၀ ကျော်ကို သိမ်းယူ
- 147 views
အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တွင် အများပြည်သူသုံး လမ်းမများအား ကားပြိုင်ကွင်းသဖွယ် အသုံးပြုခဲ့ကာ ကားပြိုင်မောင်းခဲ့ကြသော လူငယ်များအား အရေးယူကာ ပေါင် ၆ သန်းတန်ကြေးရှိ ပြိုင်ကားများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း လန်ဒန်မြို့တော်တွင် ဖမ်းဆီးအရေးယူမှု ၅ ခုနှင့်အတူ ပြိုင်ကားပေါင်း အစင်း ၆၀ ကျော် ရဲတပ်ဖွဲ့က သိမ်းယူခဲ့ခြင်း ဖြစ်သည်။
(လန်ဒန်မြို့တွင် ရဲတပ်ဖွဲ့က ပြိုင်ကား အစင်း ၆၀ ကျော် သိမ်းယူခဲ့ပြီး တန်ကြေးအားဖြင့် ပေါင် ၆ သန်းခန့် ရှိသည်။ဓာတ်ပုံ-Met Police)
(စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့က သိမ်းယူခဲ့သော ပြိုင်ကားများတွင် ဤ Lamborghini တစ်စင်းလည်း အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ- Met Police)
အဆိုပါ စီမံချက်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးမှု ၅ ကြိမ် ပြုလုပ်ခဲ့သည်။
စကော့တလန်ယာ့ဒ်က သိမ်းယူခဲ့သော ကားများတွင် Bentley,Rolls-Royce,Ferrari, Lamborghini နှင့် McClaren တို့ အပါအဝင် ဖြစ်သည်။
ဝက်စ်မင်စတာအရပ်ရှိ ဒေသခံတို့က ပြောသည်မှာ အဆိုပါကားများကို ကသန်းကရမ်းဖြင့် အရှိန်ပြင်းစွာ မောင်းနှင်နေကြကြောင်း ပြောကြသည်။
နွေကာလများတွင် ထိုဒေသဝန်းကျင်၌ အများပြည်သူအား အနှောင့်အယှက်ဖြစ်စေအောင် မောင်းနှင်နေ ကြသော ကားမောင်းပြိုင်သူတို့အား ရဲတပ်ဖွဲ့က ကားအာမခံသူများ ဗျူရိုနှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၂ ရက် ညနေပိုင်းတွင် အဆိုပါ စီမံချက် စတင်ခဲ့ပြီး ပေါင် ၆ သန်းဖိုးခန့် ရှိသော ကားများ ဖမ်းဆီး သိမ်းယူခဲ့သည်။
ရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Geoff Tatman က “ရဲတပ်ဖွဲ့အနေနဲ့ ဒေသကောင်းကျိုး ပထမ ဦးစားပေး နေရာမှာထားပြီး သူတို့တွေရဲ့အသံကို နားထောင် လုပ်ဆောင်လျက် ရှိပါတယ်” ဟု ပြောသည်။
“ဒီစီမံချက် အလွန်အောင်မြင်မှုက ကျွန်တော်တို့အနေနဲ့ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့၊ လူ့အသိုက်အဝန်းနဲ့ ဆန့်ကျင်တဲ့ ကားမောင်းတာမျိုးလို ရာဇဝတ်မှုတွေကို ကျွန်တော်တို့ ကိုင်တွယ် ဆောင်ရွက်နေတာ ပြသနေပါတယ်။”
ဝက်စ်မင်စတာမြို့ကောင်စီ စီမံခန့်ခွဲရေးအဖွဲ့ဝင် Paul Dimoldenberg က “ညကြီးအချိန်မတော် အများပြည်သူ လမ်းတွေကို ကိုယ်ပိုင်လမ်းလို့ သဘောထားပြီး မောင်းလို့ရတယ်လို့ ယူဆနေသူတွေကို ဝက်စ်မင်စတာမှာ မကြိုဆိုပါဘူး”ဟု ပြောသည်။
“ဒီလူငယ် ပြိုင်ကားသမားတွေရဲ့ ဆူညံမှုတွေနဲ့ အန္တရာယ်ရှိတဲ့ မောင်းနှင်မှုတွေဟာ နွေရာသီမှာ ပိုဆိုးပါတယ်။
ခုလိုအရေးယူမှုတွေကို ကျွန်တော် ကြိုဆိုပါတယ်။”
(ဝက်စ်မင်စတာဒေသခံတို့က မဆင်မခြင် ကားမောင်းနှင်မှုများကို တိုင်တန်းကြသည်။ ဓာတ်ပုံ-Met Police)
(လူငယ်ပြိုင်ကားမောင်းသူတို့သည် ဤဒေသဝန်းကျင်တွင် နွေရာသီ၌ အများဆုံးမောင်းနှင်ကြသည်။ ဓာတ်ပုံ-Met Police)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: MOTOR MAYHEM £6m supercar haul including Bentleys & Rolls-Royces seized in crackdown on boy racers ‘using city roads as racetrack’ (thesun)
Photo Credit: Met Police