ဂျိမ်းစ်ဘွန်းရုပ်ရှင် Die Another Day တွင် ပီးယား ဘရော့စ်နန် အသုံးပြုခဲ့သော Vintage မော်တော်ကား တစ်စီး အရောင်းဈေးကွက်ဝင်လာ

  • 242 views


ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားတစ်ခုတွင် ဟောလိဝုဒ်ကြယ်ပွင့် ပီးယား ဘရော့စ်နန် အသုံးပြုခဲ့သော VINTAGE Aston Martin တစ်စီးသည် ရုပ်ရှင်ကား ရုံတင်ပြီး နှစ်ပေါင်း ၂၀ ကြာသောအခါတွင် အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါကားကို ပိုင်ဆိုင်သူမှာ ကားထုတ်လုပ်သော ကုမ္ပဏီဥက္ကဌဖြစ်ပြီး ကားတွင် Bond-themed အထူးမွမ်းမံမှုများ ပြုလုပ်ထားသည်။

 

(ယခု VINTAGE Aston Martin ကို ၂၀၀၂ ခုနှစ်က ရုံတင်ခဲ့သော ဂျိမ်းစ်ဘွန်းရုပ်ရှင် Die Another Day ဇာတ်ကားအား Promote လုပ်ရန် အသုံးပြုခဲ့သည်။ ဓာတ်ပုံ-Auto Trader)

 

(ဤကားသည် ပီးယား ဘရော့စ်နန်နှင့်အတူ ပွဲလမ်းအခမ်းအနားများစွာတွင် ပါဝင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Alamy )

 

(ရုပ်ရှင်ထဲတွင် အသုံးပြုခဲ့သည်မှာ ဤကားနှင့် ထပ်တူ တူညီသော ကားတစ်စီး ဖြစ်သည်။ ဓာတ်ပုံ-Other 20th Century Fox)

၂၀၀၁ ခုနှစ် မော်ဒယ်ဖြစ်ပြီး Die Another Day ဇာတ်ကားတွင် ယခုကားနှင့် ထပ်တူတူသော ကားတစ်စီးကို အသုံးပြုခဲ့သည်။

ထိုရုပ်ရှင်မှာ တောင်ကိုရီးယားကို ကွန်မြူနစ်တို့ ထိန်းချုပ်မည့် အစီအစဉ်အား ဂျိမ်းစ်ဘွန်းက ဟန့်တားပုံ ရိုက်ကူးထားခြင်း ဖြစ်သည်။

ထိုရုပ်ရှင်မှ စွဲမက်ဖွယ်အကောင်းဆုံး ပြကွက်များတွင် ဂျိမ်းစ်ဘွန်းက ဗီလိန်ဖြစ်သော Gustav Graves အား ရေခဲပြင်ပေါ်တွင် VINTAGE Aston Martin ဖြင့် လိုက်ခဲ့ပုံ ပြကွက် ဖြစ်သည်။

ယခု အရောင်းဈေးကွက်ဝင်လာသော ကားမှာ ရုပ်ရှင်ထဲတွင် အမှန်တကယ် အသုံးပြုခဲ့ခြင်း မရှိသော်လည်း ပြင်ပလောကတွင် ပီးယား ဘရော့စ်နန်က အဆိုပါ ရုပ်ရှင်အား ကြော်ငြာသည့် ပွဲလမ်းအခမ်းအနား များစွာတွင် ပါဝင်ခဲ့ဖူးသည်။

ကား၏ အထူးခြားဆုံး Feature မှာ ရုပ်ရှင်ထဲတွင် MI6 Boffin Q က ကားတွင် တပ်ဆင်ထားသည့် လက်နက်များ၏ ပုံတူများ ပါဝင်ခြင်း ဖြစ်သည်။

ကားရှေ့ပိုင်း Grille တွင် အနီရောင် ထိပ်ဖူးပါ ဒုံးကျည်များအတွက် နေရာများစွာ ပါဝင်ပြီး ကားဘောနက်ပေါ် တွင်လည်း ဆန့်ထုတ်၍ရသော စက်သေနတ်များ ရှိသည်။

(မှတ်ချက်။ ထိုအရာများမှာ အတုများ ဖြစ်ကြသည်။)

Auto Trader တွင် ဖော်ပြသော အရောင်းကြော်ငြာ ဓာတ်ပုံများအရ ကားတွင် 007 အထူး နံပါတ်ပြား တပ်ဆင်ထားသည်ကို တွေ့ရသည်။

ကားမှာ သန့်ပြန့်နေဆဲရှိပြီး မိုင် ၅၃၇၀၀ သာ မောင်းနှင်ထားသည်။
ကားပိုင်ဆိုင်သူမှာ Aston Martin ၏ ဥက္ကဌဟောင်း Dr.Urich Bez ဖြစ်သည်။

Aston Martin ၏ အထင်ကရ V12 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၅၀၀ အားထွက်ကာ အမြင့်ဆုံး မြန်နှှုန်း ၁ နာရီလျှင် မိုင် ၁၉၀ မောင်းနိုင်သည်။

 

(သက်တမ်း နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်သော်လည်း သန့်ပြန့်နေဆဲပင် ဖြစ်သည်။ ဓာတ်ပုံ-Auto Trader)

 

(ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲတွင် သုံးခဲ့သော ပုံတူ လက်နက်များ ပါဝင်သည်။ ဓာတ်ပုံ-Auto Trader)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Aston Martin that featured alongside Pierce Brosnan for Bond film on sale – over 20 years on from blockbuster’s release (thesun)

Photo Credit- Other20th Century Fox, Auto Trader, Alamy