• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Toyota ကုမ္ပဏီက ပြင်သစ်အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၂ ဆုရရှိခဲ့သော ဖိလစ်ပိုင် ဂျွမ်းဘားကစားသမား Carlos Yulo အား Land Cruiser Prado တစ်စင်း ဆုချီးမြှင့်

Toyota ကုမ္ပဏီက ပြင်သစ်အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၂ ဆုရရှိခဲ့သော ဖိလစ်ပိုင် ဂျွမ်းဘားကစားသမား Carlos Yulo အား Land Cruiser Prado တစ်စင်း ဆုချီးမြှင့်

  • 207 views

Toyota Motor Philippines က ပြီးခဲ့သော ကြာသပတေးနေ့က ကြေညာခဲ့သည်မှာ ပြင်သစ်အိုလံပစ်တွင် ရွှေတံဆိပ်ဆု ၂ ခုရရှိခဲ့သော ဂျွမ်းဘားကစားသမား Carlos Yulo အား Land Cruiser Prado တစ်စင်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

((Carlos Yulo ဘယ်သူလဲ))

Carlos Yulo သည် ဖိလစ်ပိုင် ဂျွမ်းဘားကစားသမားဖြစ်ပြီး သြဂုတ်လ ၃ ရက်က ပြင်သစ်အိုလံပစ်ပွဲတော်တွင် ရွှေတံဆိပ်ဆု ရရှိခဲ့ရာ ဖိလစ်ပိုင်သမိုင်းတွင် ပထမဆုံး အမျိုးသား အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဖြစ်လာခဲ့သည်။

ထို့နောက် ၂၄ နာရီအကြာတွင် ရွှေတံဆိပ်ထပ်မံရရှိရာ ဖိလစ်ပိုင်၏ ပထမဆုံးသော နှစ်ထပ်ကွမ်း ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်လာသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဂျွမ်းဘားကစားသမား Yulo သည် ရွှေတံဆိပ် ဆုတံဆိပ် ၂ ခုအပြင် ပရိဘောဂ အပြည့်အစုံ ထည့်သွင်းပေးထားသော ဒေါ်လာ ၅၅၀၀၀၀ တန်ကြေးရှိ ကွန်ဒိုတစ်ခန်းလည်း ရရှိသွားသည်။

 

 (ဆက်စပ်သတင်း)

ဖိလစ်ပိုင်သမိုင်းတွင် ပထမဆုံးအဖြစ် အိုလံပစ် (၂၀၂၄ ပဲရစ် ) ရွှေတံဆိပ်ဆုရ အမျိုးသား အားကစားသမား အား ဖိလစ်ပိုင် အိမ်ခြံမြေ developer ကုမ္ပဏီက ကန်ဒေါ်လာ ၅၅၅,၀၀၀ တန် ကွန်ဒိုတစ်ခန်း ဆုချီးမြှင့်

https://www.imyanmarhouse.com/news/read/1119431

“Toyota Motor Philippines မိသားစုအနေနဲ့ Carlos Edriel P.Yulo ကို Land Cruiser Prado တစ်စီး လက်ဆောင်ပေးခွင့်ရတာ ဂုဏ်ယူမိပါတယ်။ ဒီကားဟာ Yulo ကို ပိုမိုမြင့်မားတဲ့အဆင့်ဆီ ပို့ဆောင်ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘယ်အထိ ဝေးဝေးချီတက်နိုင်မလဲဆိုတာ တွေ့ရဖို့ စိတ်လှုပ်ရှားမိပါတယ်” ဟု ကုမ္ပဏီ၏ ဖေ့စ်ဘုတ်ပို့စ်တွင် ဖော်ပြသည်။

Toyota က တစ်ကမ္ဘာလုံးတွင် အကောင်အထည်ဖော်နေသည့် Start Your Impossible လှုပ်ရှားမှုတွင် Yulo နှင့် လက်တွဲလုပ်ဆောင်နိုင်ရန်လည်း မျှော်လင့်ကြောင်း၊ ထိုလှုပ်ရှားမှုမှာ လိုအပ်မှုများနှင့် ရင်ဆိုင်နေရသော ကလေးများအတွက် စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်ဖြစ်ကြောင်းလည်း ကုမ္ပဏီ၏ ဖေ့စ်ဘုတ်ပို့စ်တွင် ဖော်ပြသည်။

 

Land Cruiser Prado တွင် 4-Cylinder, In-line, 16-Valve DOHC, Chain Drive, Turbo Engine တပ်ဆင်ထားသည်။

Engine displacement မှာ 2393cc ရှိပြီး အမြင့်ဆုံး output အနေဖြင့် 281/6000 (ps/rpm) ရှိသည်။

အမြင့်ဆုံးရုန်းအားမှာ 430/1700-3600 (Nm/Rpm) ရှိသည်။

Keyless Smart Entry and Ignition System ပါဝင်ပြီး ၇ ဦးအထက် စီးနင်းလိုက်ပါနိုင်သည်။

စတီယာရင်တွင် audio, Phone, Voice command, Cruise Control နှင့် Lane Departure Alert ခလုပ်များ ထည့်ပေးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Carlos Yulo gets Land Cruiser Prado reward from Toyota (gmanetwork)