- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗီယက်နမ်တွင် သူငယ်ချင်းတစ်စုက ရွှံ့စေးဖြင့် mold လုပ်ကာ fiberglass လောင်းပြီး Bugatti Chiron ထုတ်လုပ်
ဗီယက်နမ်တွင် သူငယ်ချင်းတစ်စုက ရွှံ့စေးဖြင့် mold လုပ်ကာ fiberglass လောင်းပြီး Bugatti Chiron ထုတ်လုပ်
- 390 views
ဗီယက်နမ်မှ သူငယ်ချင်းတစ်စုသည် ဒေါ်လာသန်းချီ ငွေမသုံးနိုင်သူများအတွက် Bugatti Chiron ကို ကိုယ်တိုင်ထုတ်လုပ်ခဲ့ကြသည်။
ဗူဗန်နမ်နှင့် သူငယ်ချင်းတစ်စုက Bugatti Chiron ကို ကုန်ကျစရိတ် သက်သာစွာ ကိုယ်တိုင်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၎င်းတို့ တစ်နှစ်တာကြိုးပမ်းခဲ့ပုံကို ၄၅ မိနစ်ကြာ ဗွီဒီယိုဖိုင်တစ်ခုဖြင့် အနှစ်ချုပ် ချပြခဲ့ကြသည်။
ဗူဗန်နမ်တို့ သူငယ်ချင်းတစ်စုက ရွှံ့စေးဖြင့် mold လုပ်ကာ Bugatti Chiron ပုံတူလုပ်ခဲ့ကြသည်။
ကိုယ်ထည် frame ကို ရွှံ့စေးဖြင့် ပုံဖော်ပြီးနောက် fibreglass ဖြင့် အုပ်ကာ ရွှံ့စေးကို ဖယ်လိုက်ကြသည်။
ရရှိလာသော fibreglass ကိုယ်ထည်ကိုသုံးကာ ဆက်လက်ပုံဖော်ခဲ့ကြသည်။
ကားအင်ဂျင်ကိုမူ Bugatti ၏ 1000HP V16 အစား 4-cylinder Toyota ကို အသုံးပြုထားသည်။
ကိုယ်ထည်နှင့် စက်ပိုင်းများ ပြီးစီးချိန်တွင် အပြာနှင့် အနက် ၂ ရောင်စပ် ဆေးမှုတ်ခဲ့ကြသည်။
လမ်းပေါ်တွင် မောင်းနှင်၍ ရသလား။ ရပါသည်။
YouTube တွင် ထိုဗွီဒီယိုကို ကြည့်ရှုရသူများက ဗူဗန်နမ်တို့အုပ်စု၏ ကြိုးစားအားထုတ်မှုကို အလွန်အထင်ကြီး အားကျလျက်ရှိပြီး ထောက်ခံသော မှတ်ချက်များစွာ ရေးသားကြသည်။
(YouTube တွင် မှတ်ချက်ပြုမှုများ))
“ဒီလူတွေရဲ့ စိတ်နှစ်မြှုပ်မှုနဲ့ ကြိုးစားမှုက ရူးလောက်စရာပဲ။ ဗွီဒီယိုကို ကြည့်ရတာ အရမ်းအားရကျေနပ်မိ ပါတယ်” ဟု တစ်ဦးက မှတ်ချက်ပြုသည်။
“အံ့မခန်းပါပဲ။ မင်းတို့ကောင်တွေ တကယ့်ကို မယုံနိုင်စရာ လုပ်ခဲ့တာပဲ။ ငါတော့ ကားအစစ်ထက် ဒါကို ပိုပြီး တန်ဖိုးထားပါတယ်”
“ကိုယ်တိုင် ကားသမားဖြစ်တဲ့ကျုပ်အနေနဲ့ လက်ခုပ်သြဘာပေးပါတယ်။ ကားတွေအပေါ် ဝါသနာကြီးတာသာမကဘဲ ခက်ခက်ခဲခဲကြိုးစားမှု၊ ဆုံးဖြတ်ချက်ခိုင်မာမှုတွေအတွက်ပေါ့”
“ခင်ဗျားတို့တွေက တကယ့်ကို ကားဝါသနာကြီးသူ အစစ်တွေပဲ”
“၄၆ မိနစ် ဗွီဒီယိုမှာ တစ်စက္ကန့်ချင်းစီအတွက် ကြည့်ရတာတန်တဲ့ YouTube ဗွီဒီယိုတစ်ခုကို ပထမဆုံးကြည့်ဖူးတာပဲ”
ယခင်ကလည်း အမျိုးသားတစ်ဦးက သားဖြစ်သူအတွက် Rolls-Royce တစ်စီးကို သစ်သားဖြင့် ရက်ပေါင်း ၁၂၀ အချိန်ယူဆောက်လုပ်ခဲ့ပုံကို ND Woodworking Art အမည်ရှိ YouTube ချန်နယ်တွင် ဗွီဒီယိုဖိုင်လွှင့်တင်ခဲ့ဖူးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Friends create homemade Bugatti Chiron for those who don’t have millions of dollars (supercarblondie)