BYD က တစ်နှစ်လျှင် ၇ ကြိမ်သာ လောင်စာထည့်ရသော လျှပ်စစ် Hybrid ကားဖြစ်သည့် Seal 07 ဆီဒင်ကို ထုတ်ပြလာ

  • 526 views

BYD က ချပြလာသော လျှပ်စစ် Hybrid (PHEV) မော်ဒယ်သစ်ဖြစ်သော Seal 07 DM-i မှာ ကီလိုမီတာ ၂၀၀၀ မောင်းနှင်နိုင်မည်ဟု ဆိုသည်။

BYD က အခြားမော်ဒယ်တစ်ခုဖြစ်သော 2025 Seal EV နှင့်အတူ Seal 07 DM-i တို့ကို Seal ၏ lineup သစ်များအဖြစ် တရုတ်ပြည်တွင် တစ်ရက်တည်း ချပြလာခြင်း ဖြစ်သည်။
PHEV ကားဖြစ်သော Seal 07 DM-i မှာ ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်။

ထိုမော်ဒယ်တွင် ရွေးချယ်စရာ powertrain ၂ မျိုးလာမည်ဟု BYD က ပြောသည်။

တစ်မျိုးတွင် 74 KW ထွက်သော 1.5 litre အင်ဂျင်နှင့် 160 Kw လျှပ်စစ်မော်တာတို့ ပါဝင်မည် ဖြစ်သည်။

နောက်တစ်မျိုးမှာ 115 KW ထွက်သော 1.5 litre အင်ဂျင်နှင့် 200 kw လျှပ်စစ်မော်တာတို့ ပါဝင်သည်။

ဘက်ထရီ Option ၂ မျိုးရှိမည် ဖြစ်ရာ 10 KWH ဘက်ထရီနှင့် 17KWH ဘက်ထရီတို့ ဖြစ်သည်။

၂ မျိုးလုံးမှာ BYD ထုတ် Blade လီသီယမ်အိုင်းရွန်း ဖော့စ်ဖိတ်ဘက်ထရီများ ဖြစ်သည်။

BYD က ထုတ်ပြန်သည်မှာ အဆိုပါမော်ဒယ်များသည် ဘက်ထရီအားဖြင့် 70km နှင့် 120km အသီးသီး မောင်းနိုင်သည်ဟု ဆိုသည်။

High-end ဘက်ထရီများတွင်မူ 2000km အထိ မောင်းနိုင်ကာ လောင်စာ စားသုံးမှုလည်း သက်သာပြီး ၁၀၀ ကီလိုမီတာလျှင် ၃ ဒသမ ၉ လီတာသာ ကုန်သည်။

သြစတေးလျနိုင်ငံသားတို့သည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ကီလိုမီတာ ၁၅၀၀၀ ခန့် မောင်းနှင်ရာ တစ်နှစ်လျှင် ၇ ကြိမ်သာ ဆီဆိုင်သို့ သွားရန် လိုအပ်မည် ဖြစ်သည်။

 

(BYD Seal မိတ်ဆက်ပွဲ အခမ်းအနား)

 

PHEV တို့မှာ မောင်းနှင်နိုင်မည့် ခရီးအပြည့်အဝ ရရှိရန်အတွက် အားအပြည့်သွင်းထားသည့် အပေါ်တွင် မူတည်သည်။
PHEV တို့မှာ သာမန်ထက် ကြီးမားသော ဘက်ထရီတို့အပြင် အင်ဂျင်ကိုလည်း သယ်ဆောင်ရသောကြောင့် ပုံမှန်ဆီကားထက် ပိုမိုလေးလံသည်။

သေးငယ်သော အင်ဂျင်တို့မှာမူ လောင်စာဆီ ထိရောက်မှု နည်းပါးသည်။

Seal 07 DM-I သည် ယခင်မော်ဒယ် Seal DM-I နှင့် ပုံပန်းသွင်ပြင်ကွဲပြားသည်။

ရှေ့ဘက် Grille မှာ အနည်းငယ် ပိုမိုရှည်လျားသည်။

Dimension မှာမူ ယခင်မော်ဒယ်အတိုင်း ဖြစ်ပြီး အလျား ၄၉၈၀ mm ၊ ဗျက် ၁၈၉၀ mm နှင့် အမြင့် ၁၄၉၅ mm တို့ဖြစ်ကာ wheelbase မှာ ၂၉၀၀ mm ဖြစ်သည်။

(BYD Seal ၏ အတွင်းပိုင်း)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The car you only need to refuel seven times a year: BYD shows off new plug-in hybrid Seal 07 sedan in China that is a Toyota Camry on steroids (carsguide)