- ပင်မစာမျက်နှာ
- ကားသတင်းများ
- Elon Musk က မိမိအပေါ် အမာခံ ထောက်ခံသူဖြစ်သောကြောင့် မိမိအနေဖြင့် လျှပ်စစ်ကားများကို ထောက်ခံရုံမှလွဲပြီး ရွေးချယ်စရာမရှိကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
Elon Musk က မိမိအပေါ် အမာခံ ထောက်ခံသူဖြစ်သောကြောင့် မိမိအနေဖြင့် လျှပ်စစ်ကားများကို ထောက်ခံရုံမှလွဲပြီး ရွေးချယ်စရာမရှိကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
- 304 views
Tesla ၏ စီအီးအို Elon Musk က မိမိအပေါ် အမာခံထောက်ခံသူဖြစ်သောကြောင့် မိမိအနေဖြင့် လျှပ်စစ်ကားများကို ထောက်ခံရုံမှလွဲပြီး အခြားရွေးချယ်စရာမရှိကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မဲဆွယ်ဟောပြောပွဲတစ်ခုတွင် ပြောကြားလိုက်သည်။
ယင်းနောက် ဒေါ်နယ်ထရမ့်က EV လောကအခြေအနေနှင့် သမ္မတ ဘိုင်ဒန်၏ လုပ်ဆောင်မှုအပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
Elon Musk သည် လျှပ်စစ်ကားလောက၏ ချန်ပီယံအဖြစ် ကာလကြာရှည် ရပ်တည်ခဲ့သူ ဖြစ်သည်။
သူ၏ Tesla ကုမ္ပဏီသည် လျှပ်စစ်ကားနယ်ပယ်ဖွံ့ဖြိုးစေရန် ကြီးမားသည့် ဦးဆောင်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ခေတ်ရှေ့ပြေးသူဖြစ်သော်လည်း နိုင်ငံရေးတွင်မူ Elon Musk က ကွန်ဆာဗေးတစ် နိုင်ငံရေးကို လက်ခံပြီး အထူးသဖြင့် လွတ်လပ်စွာ ပြောဆိုခွင့် အကြောင်းရပ် ဖြစ်သည်။
Elon Musk သည် တွစ်တာကို ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး X ဟု အမည်ပြောင်းလဲခဲ့သည်။
ယင်းနောက် လူမှုကွန်ရက်တွင် အမုန်းစကားနှင့် သတင်းမှားများ ထိန်းချုပ်ရန် ထားရှိသည့် Checks and Balances များစွာကို ဖျက်သိမ်းခဲ့သည်။
ပြီးခဲ့သောလအတွင်း ဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း Elon Musk က ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း ပြောကြားထားသည်။
သို့သော် Elon Musk က ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိရေးအတွက် တစ်လလျှင် ဒေါ်လာ ၄၅ သန်း လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်သည်ဟူသော သတင်းများကိုမူ ငြင်းဆိုထားသည်။
ထိုသို့ လှူဒါန်းသည့် သတင်းများမှာ နယူးယောက်တိုင်းမ်၊ ဝါရှင်တန်ပို့စ်နှင့် ဝေါစထရိဂျာနယ်တို့ အပါအဝင် သတင်းဌာနများစွာက ဖော်ပြခဲ့သည်။
ဂျော်ဂျီယာပြည်နယ်တွင် ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးပွဲတွင် ဒေါ်နယ်ထရမ့်က ပြောခဲ့သည်မှာ မိမိအနေဖြင့် လျှပ်စစ်ကားများကို ထောက်ခံကြောင်း၊ သို့သော် ပြည်သူများအနေဖြင့် ဆီကားများ အသုံးပြုနိုင်ခွင့် ရှိသင့်သေးကြောင်း ပြောသည်။
“ကျွန်တော် လျှပ်စစ်ကားတွေ ထောက်ခံပါတယ်။ ထောက်ခံရတာက ခင်ဗျားတို့သိတဲ့အတိုင်းပဲ Elon Musk က ကျွန်တော့်ကို အမာခံ အားပေးသူဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး” ဟု တက်ရောက် လာသူ ပရိသတ်များအား ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
သို့သော် ဒေါ်နယ်ထရမ့်က ရှင်းရှင်းလင်းလင်းပြောကြားသည်မှာ ကားလုပ်ငန်းနယ်ပယ်ကြီးတစ်ခုလုံး၏ အစိတ်အပိုင်းငယ်တစ်ခုအဖြစ်သာ ထောက်ခံခြင်းဖြစ်ကြောင်းလည်း ပြောသည်။
“ခင်ဗျားတို့အနေနဲ့ ဆီကားတွေ ပိုင်ချင်မှာပဲ။ hybrid တွေ ပိုင်ချင်မှာပဲ။ ကားအမျိုးအစားအားလုံး ပိုင်ချင်ကြ မှာပဲလေ” ဟု ထရမ့်ကဆိုသည်။
ထရမ့်က ဘိုင်ဒန်အစိုးရ၏ EV ကဏ္ဍ လုပ်ထုံးလုပ်နည်းများအပေါ် ကြိမ်ဖန်များစွာ ဝေဖန်ခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Trump says he has 'no choice' but to support electric vehicles because Elon Musk 'endorsed me very strongly' (yahoo)