- ပင်မစာမျက်နှာ
- ကားသတင်းများ
- BYD ၏ အမှတ်တံဆိပ်ခွဲဖြစ်သော Fang Cheng Bao က ဈေးနှုန်းများစွာ လျှော့ချပေးခဲ့မှုအပေါ် ယခင်ဝယ်ယူ ထားသော ကားပိုင်ရှင်များက ကန့်ကွက်ဆန္ဒပြ
BYD ၏ အမှတ်တံဆိပ်ခွဲဖြစ်သော Fang Cheng Bao က ဈေးနှုန်းများစွာ လျှော့ချပေးခဲ့မှုအပေါ် ယခင်ဝယ်ယူ ထားသော ကားပိုင်ရှင်များက ကန့်ကွက်ဆန္ဒပြ
- 306 views
BYD သည် ၎င်း၏ အမှတ်တံဆိပ်ခွဲဖြစ်သော Off-road ကားဖြစ်သည့် Fang Cheng Bao ၏ Bao 5 (Leopard 5) ကို ဇူလိုင်လ ၂၉ ရက်က ယွမ် ၅၀,၀၀၀ နှင့်အထက် ဈေးနှုန်းအကြီးအကျယ်လျှော့ချပေးခဲ့ရာ တရုတ်ပြည် ကားဈေးကွက်တွင် ဂယက်ထလျက် ရှိနေသည်။
ယခင်ဈေးနှုန်း ယွမ် ၃၀၂၈၀၀ မှ ယွမ် ၂၃၉၈၀၀ (ကန်ဒေါ်လာ ၄၁၇၀၀ မှ ၃၃,၀၀၀) သို့ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
Fang Cheng Bao ၏ Leopard 5 ကို ပြီးခဲ့သောနှစ် နိုဝင်ဘာလက စတင်ဖြန့်ချိခဲ့ရာတွင် Great Wall ကုမ္ပဏီထုတ် Tank series (off-road) ကားများနှင့် ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရသည်။
ယခုကဲ့သို့ ဈေးနှုန်းအကြီးအကျယ်လျှော့ချပေးမှုနှင့် ရောင်းချသူ အသစ်များပေါ်ပေါက်လာစေမှုတို့ဖြင့် Fang Cheng Bao က ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လှသော off-road ဈေးကွက်တွင် game-changer ခြေလှမ်း တစ်ရပ်ကို စတင်ခဲ့ခြင်းလည်း ဖြစ်သည်။
Fang Cheng Bao အတွက် ၅ နှစ်တာကာလအတွင်း ရောင်းချသူအသစ်များ စတင်ဆွဲဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
(ကန့်ကွက်သူတို့၏ ဆန္ဒပြစာတန်းတွင် …. Fang Cheng Bao က တစ်နေ့တည်းနဲ့ ယွမ် ၅၀၀၀၀ လျှော့လိုက်တယ်..ဒီကားအစား Tank series ထဲက ငါတို့ဝယ်ခဲ့သင့်တယ်…ဟု ရေးသားဖော်ပြထားသည်)
Fang Cheng Bao ၏ ဈေးနှုန်းအကြီးအကျယ်လျှော့ချပေးမှုကို အားလုံးက ကြိုဆိုနေသည်မဟုတ်။
ယခင်ဝယ်ယူထားသော ကားပိုင်ရှင်တို့က Fang Cheng Bao ၏ အရောင်းဆိုင်များတွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
“ကားရဖို့ ၃ လလောက် စောင့်ခဲ့ရတယ်။ ပြီးတော့ တစ်ရက်တည်းနဲ့ ယွမ် ၅၀၀၀၀ လျှော့ပစ်လိုက်တယ်။ အစကတည်းက Tank စီးရီးထဲက ဝယ်ခဲ့သင့်တာ” ဟူသော စာတန်းများ ကိုင်စွဲကာ ကန့်ကွက်ကြသည်။
ကားလောကအတွင်းလူတို့ကမူ off-road ဈေးကွက်တွင် ရောင်းအားမြှင့်တင်နိုင်ရေးအတွက် ဈေးနှုန်းလျှော့ချ ပေးမှုတစ်ခုတည်းဖြင့် ရောင်းအားတက်နိုင်မည့်အလားအလာအပေါ် သံသယရှိကြသည်။
စွမ်းအင်သစ် off-road ဈေးကွက်မှာ အပြိုင်အဆိုင် ပြင်းထန်နေသည်။
Deepal G318 သည် မကြာသေးမီက ဈေးနှုန်း ယွမ် ၁၇၅၉၀၀ (ကန်ဒေါ်လာ ၂၄၄၀၀) ဖြင့် ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။
Dual မော်တာ 4 Wheel drive ဖြစ်ပြီး နောက်ဝင်ရိုး differential lock ဖြင့် လာသည်။
ပိုမိုကောင်းမွန်သည့် high-end မော်ဒယ်များဆိုလျှင် air suspension နှင့် CDC damper များ ပါဝင်ပြီး ဈေးနှုန်း ယွမ် ၂၂၉၉၀၀ (ကန်ဒေါ်လာ ၃၁၉၀၀) ခန့် ပေးရသည်။
Fang Cheng Bao ၏ ဈေးနှုန်းလျှော့ချမှုသည် Great Wall ၏ Tank series ကို တိုက်ရိုက်စိန်ခေါ်မှုဖြစ်ပြီး အထူးသဖြင့် နာမည်ကြီး Tank 300 ဖြစ်သည်။
အခြားသော အမှတ်တံဆိပ်များတွင် ရောင်းအားကျဆင်းသော်လည်း Great Wall ၏ Tank တွင် အမာခံ ပရိသတ်ရှိနေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD’s Fang Cheng Bao faces backlash after drastic price cut (carnewschina)