- ပင်မစာမျက်နှာ
- ကားသတင်းများ
- Mercedes-Benz က ရောင်းအားမြှင့်တင်ရေးအတွက် တန်ဖိုးနည်းကားများ ထုတ်လုပ်မည်မဟုတ်ကြောင်း ထုတ်ဖော်ကြေညာ
Mercedes-Benz က ရောင်းအားမြှင့်တင်ရေးအတွက် တန်ဖိုးနည်းကားများ ထုတ်လုပ်မည်မဟုတ်ကြောင်း ထုတ်ဖော်ကြေညာ
- 205 views
ဂျာမာန် Luxury ကား brand ဖြစ်သော Mercedes-Benz သည် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ကားအစင်းရေ ၁၁၁၈၉ စင်း ရောင်းချထားပြီးဖြစ်ကာ ပြီးခဲ့သော ၂၀၂၃ ခုနှစ်အောက် ရောင်းအား ၂၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ယခုရောင်းအားအတိုင်း ဆက်သွားမည်ဆိုပါက Mercedes-Benz အနေဖြင့် တစ်နှစ်တာလုံး ရောင်းအား အစင်းရေ ၂၀,၀၀၀ အောက်သာ ရှိမည်ဖြစ်ရာ ဆယ်စုနှစ်တစ်ခုတာအတွင်း ရောင်းအားအနည်းဆုံး ဖြစ်နေသည်။
သို့သော် Mercedes-Benz အနေဖြင့် ရောင်းအားမြှင့်တင်ရေးအတွက် တန်ဖိုးနည်းကားများ ထုတ်လုပ်မည် မဟုတ်ဟု ဆိုသည်။
Mercedes-Benz ၏ သြတေးလျဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ Jamie Cohen က ရောင်းအားပမာဏ ကျဆင်းမှုကို သိရှိကြောင်း၊ သိို့သော် မိမိတို့ brand ၏ မဟာဗျူဟာဖြစ်သော luxury ဖြစ်မှုနှင့် လိုချင်စိတ် ရှိစေမှုတို့မှာ ပြောင်းလဲမည်မဟုတ်ကြောင်း The Drive သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သော ရက်သတ္တပတ်က Mercedes AMG GLC 63 ကို ချပြသည့် အခမ်းအနား၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။ လျှော့ဈေးကစားပွဲမှာ မပါဝင်ဘဲ ဆက်လျှောက်သွားမှာ ဖြစ်ပါတယ်။ တန်ဖိုး၊ နည်းပညာ၊ ကျွန်တော်တို့ဘယ်သူဆိုတဲ့ ကစားပွဲမှာပဲ ကစားချင် ပါတယ်” ဟု Cohen က ပြောသည်။
“Mercedes ဟာ Mercedes ပဲ ဖြစ်ပါလိမ့်မယ်။ customer တွေက ဒါကို နားလည်ပါတယ်”
“တန်ဖိုးနည်းကားတွေနဲ့ ပတ်သက်ပြီး ပြောရရင် အဲဒါက ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်း မဟုတ်ပါဘူး” ဟု Cohen က ပြောသည်။
“ကျွန်တော်တို့ အနေနဲ့ ဈေးကွက်ကို နားထောင်ရပါတယ်။ customer တွေရဲ့အသံကို နားထောင်ရပါတယ်။ ပြီးရင် ချိန်ညှိမှုတွေ လုပ်ဆောင်ရပါတယ်။ ဒါပေမယ့် Mercedes ရဲ့ identity ကိုတော့ အပျောက်မခံပါဘူး”
ပြီးခဲ့သော ၁၂ လတာ ကာလအတွင်း Mercedes ၏ အရောင်းရဆုံးဖြစ်သော GLC SUV မှာ Model generation ပြောင်းလဲမှုကို တွေ့ရသည်။
အဆိုပါမော်ဒယ်မှာ ယခုနှစ်တွင် လက်ရှိအချိန်အထိ ၂၄၁၈ စင်း ရောင်းချထားရသည်။
ထိုပမာဏမှာ ယခင်နှစ်အလားတူကာလ ရောင်းအားအောက် ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းမှုလည်းဖြစ်သည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ် အလားတူကာလတွင် အစင်းရေ ၂၆၁၈ စင်း ရောင်းချခဲ့ရသည်။
Mercedes ၏ လျှပ်စစ်ကားများမှာမူ ရောင်းအားမြင့်တက်ခဲ့ပြီး EQ တို့မှာ ယခုနှစ်တွင် လက်ရှိအချိန်ထိ ၁၇၁၂ စင်း ရောင်းချထားရပြီး ယခင်နှစ်ထက် ၂၆ ဒသမ ၅ ရာခိုင်နှုန်း ရောင်းအားတက်ခဲ့သည်။
အဓိက ရောင်းချရသည်မှာ EQE SUV ဖြစ်ပြီး Mercedes-Benz လျှပ်စစ်ကားများရောင်းအား၏ ၃ ပုံ ၁ ပုံခန့် ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mercedes-Benz not returning to ‘cheaper’ cars to bolster sales (drive)