- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အချစ်ရေး ပြန်လည်အဆင်ပြေစေရန်အတွက်ဟုဆိုကာ ချစ်သူမိန်းကလေးနှင့် သူမ၏ ဖခင်တို့ကို ကားဖြင့်ဝင်တိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အချစ်ရေး ပြန်လည်အဆင်ပြေစေရန်အတွက်ဟုဆိုကာ ချစ်သူမိန်းကလေးနှင့် သူမ၏ ဖခင်တို့ကို ကားဖြင့်ဝင်တိုက်
- 397 views
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးသည် ၎င်းနှင့်ချစ်သူမိန်းကလေးတို့အကြား လမ်းခွဲပြတ်စဲထားမှု ပြန်လည်အဆင်ပြေစေရန်ဟုဆိုကာ ချစ်သူမိန်းကလေးနှင့် သူမ၏ ဖခင်တို့ကို ကားဖြင့် တမင် ဝင်တိုက်ခဲ့သည့် လွဲမှားသော ကြိုးစားအားထုတ်ခဲ့ပုံမှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အား ထိတ်လန့်သွားစေခဲ့သည်။
တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် နေထိုင်သော မိသားစုမျိုးရိုးအမည် ရောင်ဟုသိရသည့် အမျိုးသားသည် ချစ်သူမိန်းကလေးကို ကားဖြင့်တိုက်လျှင် သူမ၏အချစ် ပြန်လည်ရရှိစေမည့်အပြင် ချစ်သူ မိန်းကလေးကို ပေးရန်ရှိသောအကြွေး ယွမ် ၁ သန်း (ကန်ဒေါ်လာ ၁၄၀၀၀၀ ) ပေးရမည့် အခြေအနေမှ ရှောင်လွှဲနိုင်မည်ဟု ယူဆခဲ့ကြောင်း တရုတ်ပြည်မကြီးမှ Hongxing News သတင်းဌာနက ဇူလိုင်လ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
မိန်းကလေး၏ မိသားစုမျိုးရိုးအမည်မှာ ‘ကီ’ ဟု သိရပြီး အသက် ၂၀ ကျော်အရွယ်ဖြစ်ကာ ‘ရောင်’ အောက် အသက် ၁၄ နှစ် ပိုငယ်သည်။
ကီသည် ရောင်နှင့် တွဲသည်မှာ ၄ နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး ရောင်က လိမ်ညာလှည့်စားနေမှန်းသိလျက်ဖြင့် စေ့စပ်ကြောင်းလမ်းခဲ့ကြသည်။
ကီက ရောင်လုပ်ကိုင်နေသော ကားဝယ်ရောင်းလုပ်ငန်းကို ကူညီအားပေးသည့်အနေဖြင့် ယွမ် ၁ သန်း ငွေထုတ်ချေးထားပြီး အချစ်ရေးအဆင်မပြေသည့် နောက်ပိုင်းတွင် ချေးငွေကို ပြန်လည်ရလိုခဲ့သည်။
[ ကီ (ပုံတွင်တွေ့ရသူ) သည် ယာဉ်တိုက်မှုတွင် အနည်းငယ်ဒဏ်ရာရခဲ့ပြီး သူမ၏ ဖခင်မှာ အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ဓာတ်ပုံ-Douyin ]
ရောင်က လမ်းမခွဲနိုင်ကြောင်း ငြင်းဆိုခဲ့ပြီး လမ်းခွဲမည်ဆိုပါက ချေးငွေ ပြန်ပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
ကီသည် အခြားမြို့တွင် နေထိုင်သော ဆွေမျိုးတစ်ဦးထံ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ယင်းနောက်ပိုင်း ရက်အနည်းငယ်အကြာတွင် ရောင်က ဆက်သွယ်ပြောကြားလာသည်မှာ မိမိ၏ ဆိုင်၊ ကားများနှင့် တိုက်ခန်းကို ရောင်းချကာ အကြွေးပြန်ပေးမည်ဟု ပြောလာသည်။
ကီအား ပြန်လာရန်နှင့် အသေးစိတ်ဆွေးနွေးကြရန် ရောင်က ပြောဆိုခဲ့သည်။
ပြီးခဲ့သာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကီနှင့် သူမ၏ ဖခင်တို့သည် ရောင်နှင့်တွေ့ဆုံရန်အတွက် လျှပ်စစ်ဘီးဖြင့် လာခဲ့ကြသည်။
ထိုအချိန်တွင် ကားတစ်စင်းက ကီတို့သားအဖကို ရုတ်တရက် ဝင်တိုက်ခဲ့သည်။
ကီမှာ အနည်းအကျဉ်းသာ ဒဏ်ရာရသော်လည်း ဖခင်ကြီးမှာမူ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ခွဲစိတ်ကုသမှုများဖြင့် ပြုလုပ်ခဲ့ရသည်။
ယာဉ်မောင်းသူ၏ မိသားစုမျိုးရိုးအမည်မှာ Xiao ဖြစ်ပြီး ၎င်းက ကီတို့အား ကူညီပေးခဲ့ကာ လူနာတင်ကား ခေါ်ခြင်း၊ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခြင်းများ ပြုလုပ်ပေးခဲ့သည်။
ကီသည် အားကိုးရာတစ်ခုအနေဖြင့် ရောင်ထံ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့သော်လည်း ရောင်က ဖုန်းမကိုင်ခဲ့။
အတန်ကြာသောအခါတွင်မှ ရောင်က ဖုန်းကိုင်ခဲ့ပြီး အိပ်ပျော်နေသောကြောင့် ဖုန်းမကိုင်ခြင်းဖြစ်ကြောင်း၊ ချက်ချင်းလာခဲ့မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ရောင်သည် ဆေးရုံတွင် ကီနှင့် ဖခင်ကြီးကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်ခဲ့သည့်အပြင် ဆေးကုသစရိတ် ကိုလည်း ကျခံပေးခဲ့သည်။
ကီက မိမိ၏ စိတ်သဘောထားများ ပြန်လည်ပြောင်းလဲစ ပြုခဲ့ကြောင်း ပြောသည်။
ရောင်အား ပြန်လည်ဆက်သွယ်ရန် ကြိုးစားရာ ဆက်သွယ် မရတော့။
ယင်းနောက်ပိုင်း အာမခံကုမ္ပဏီက ကီအား ပြောလာသည်မှာ သူမတို့ အနေဖြင့် အာမခံလျော်ကြေးငွေ ရရှိမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ကားတိုက်မှုမှာ မတော်တဆမှုမဟုတ်ဘဲ ရာဇဝတ်မှုတစ်ခုဖြစ်နေကာ နောက်ကွယ်တွင် ရောင် ရှိနေကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ကီအား ပြောပြသည်မှာ ကားတိုက်မှုဖြစ်စဉ်က ကားမောင်းသူမှာ ရောင်ဖြစ်ကြောင်း၊ ထိုကားကို သူ၏ သူငယ်ချင်း Xiao နှင့်အတူ ငှားရမ်းထားသောကားဖြစ်ကြောင်း ပြောပြခဲ့သည်။
ကီတို့သားအဖအား ဝင်တိုက်ခဲ့ပြီးနောက် ကီက ကားနောက်ခန်းသို့ဝင်ကာ ပုန်းနေခဲ့ပြီး Xiao က ကီတို့သားအဖနှင့် ပြောဆိုဆက်ဆံခဲ့ခြင်း ဖြစ်သည်။
[ကီ (ပုံတွင် တွေ့ရသူ) နှင့် သူ၏ သူငယ်ချင်းတို့မှာ ထောင်ဒဏ်ချမှတ်ခြင်းခံရသည်။ ဓာတ်ပုံ-Douyin]
ကီက ဖုန်းခေါ်လာချိန်တွင် ယခုဖြစ်ရပ်ကို လုံးဝမသိသည့်အနေဖြင့် အိပ်ပျော်နေဟန်ဆောင်ကာ ဖုန်းမကိုင်ခဲ့ခြင်း ဖြစ်သည်။
ရောင်အား ယုံကြည်ခဲ့မှုအပေါ် နောင်တရမိကြောင်း၊ ၎င်းကြောင့် ဖခင်ကြီးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကီက ပြောသည်။
တရုတ်ပြည်မှ ဥပဒေအရ အပြင်းအထန်နာကျင်စေမှုမှာ ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်။
တရားသူကြီးက ရောင်တို့ ၂ ဦး၏ အပြစ်ဝန်ခံကာ ပူးပေါင်းဆောင်ရွက်မှုကို ထည့်သွင်းစဉ်းစားပြီး ရောင်အား ထောင်ဒဏ် ၃ နှစ် ၂ လ၊ Xiao အား ထောင်ဒဏ် ၁ နှစ် ၁၀ လ အသီးသီး ချမှတ်ခဲ့သည်။
“ဒါက ကားအက်ဆီးဒင့်မဟုတ်ပါဘူး။ လူသတ်ဖို့ ကြံစည်မှုပါ” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုသည်။
“ဒီအမှုက ရုပ်ရှင်ဇာတ်လမ်းတွေထက်တောင် ဒရာမာ ဆန်နေတယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Spurned China lover stages car crash hurting ex and her father in bid to save relationship (scmp)
Photo Credit-douyin