- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည်မှ သုတေသီတို့က Porsche Taycan တွင် 270Kw ကြိုးမဲ့ စွမ်းအင်လွှဲပြောင်းမှုစနစ် ထည့်သွင်းစမ်းသပ်ရာ ကြိုးမဲ့စနစ်ဖြင့် အားသွင်းပါက ၅၀ ရာခိုင်နှုန်း ဘက်ထရီအား ရရန် ၁၀ မိနစ်သာ ကြာမြင့်သောကြောင့် ကမ္ဘာ့အားဝင်အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ်အဖြစ် စံချိန်တင်
အမေရိကန်ပြည်မှ သုတေသီတို့က Porsche Taycan တွင် 270Kw ကြိုးမဲ့ စွမ်းအင်လွှဲပြောင်းမှုစနစ် ထည့်သွင်းစမ်းသပ်ရာ ကြိုးမဲ့စနစ်ဖြင့် အားသွင်းပါက ၅၀ ရာခိုင်နှုန်း ဘက်ထရီအား ရရန် ၁၀ မိနစ်သာ ကြာမြင့်သောကြောင့် ကမ္ဘာ့အားဝင်အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ်အဖြစ် စံချိန်တင်
- 342 views
EV (လျှပ်စစ်ကား) များအကြောင်း စဉ်းစားသည့်အခါ အားသွင်းရန်ကြာချိန်မှာ EV ဝယ်ယူမည့်သူများ၏ စိတ်ကို အဓိကဖိစီးထားသည့် အကြောင်းရပ် ဖြစ်သည်။
ထိုသောကမှာ EV များ စတင်ပေါ်ထွက်လာချိန်ကတည်းက EV နှင့်အတူ မွေးဖွားလာသည့် ဖွားဘက်တော် လည်း ဖြစ်သည်။
ယေဘုယျအားဖြင့် EV များ အားအပြည့်သွင်းရန်ဆိုလျှင် အားသွင်းမြန်နှုန်းပေါ်မူတည်ပြီး အနည်းဆုံး မိနစ် ၄၀ မှသည် နာရီပေါင်းများစွာအထိ ကြာမြင့်သည်။
ထိုအချက်မှာ EV ပိုင်ရှင်များအတွက် စိတ်မသက်သာဖွယ်လည်း ဖြစ်သည်။
ထို့ထက်ပိုကြည့်လျှင် EV များကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းရေးကိစ္စမှာ အလှမ်းဝေးသော အိပ်မက်တစ်ခု ဖြစ်နေသည်။
အဓိက အကြောင်းရင်းမှာ စွမ်းအင်လွှဲပြောင်းမှု အမြန်နှုန်းနှေးကွေးသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကားပါကင်ထိုးကာ wireless စနစ်ဖြင့် အားသွင်းရေးဟူသည်မှာ ဟန်ပြသက်သက်မျှ ဖြစ်နေသည်။
သို့သော် အမေရိကန်ပြည်၊ တင်နက်ဆီပြည်နယ်၊ Oak Ridege မြို့ရှိ Oak Ridge National Laboratory (ORNL) မှ သုတေသီတို့က ကြိုးမဲ့အားသွင်းစနစ်၏ အားနည်းချက်၊ မထိရောက်မှုနှင့် အားဝင်နှုန်း နှေးကွေးခြင်း ပြဿနာများကို ခက်ခက်ခဲခဲကြိုးစား အဖြေရှာ ခဲ့ပြီးနောက် ကြိုးမဲ့စနစ်ဖြင့် ကမ္ဘာ့အမြန်ဆုံး အားသွင်းစနစ်ကို ထုတ်လုပ်နိုင်ခဲ့သည်။
ORNL ၏ နည်းပညာမှာ အတော် ခေတ်မီဆန်းပြားသည်။
သုတေသီတို့က 270KW Power transfer ကို EV တွင် စမ်းသပ်ခြင်းမဟုတ်ဘဲ Porsche Taycan တစ်စင်းတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ထိုစမ်းသပ်မှုတွင် အမေရိက Vollswagen အဖွဲ့ကလည်း အကူအညီပေးခဲ့သည်။
အဓိကအသုံးပြုခဲ့သည်မှာ ORNL မှ တီထွင်ထုတ်လုပ်ထားသော Polyphase wireless charging system ကို သုံးထားသည်။
ထိုစနစ်တွင် အပေါ့စား polyphase လျှပ်စစ်သံလိုက်စက်ကွင်း coil များသုံးထားကာ အချင်းမှာ ၁၉ လက်မကျော်သာရှိပြီး စွမ်းအင်သိပ်သည်းဆ အလွန်အားကောင်းသည်။
ထိုစနစ်မှာ စမတ်ဖုန်းများ၏ ကြိုးမဲ့အားသွင်း နည်းပညာနှင့် ဆင်သည်။
(အောက်ခြေနှင့် အားသွင်း coil အကြား ကွာဟမှုမှာ ၄ ဒသမ ၇၅ လက်မဖြစ်သည်။ ဓာတ်ပုံ-ORNL via YouTube)
ORNL ၏ ကြိုးမဲ့အားသွင်းစနစ်သည် ထိရောက်မှု ၉၅ ရာခိုင်နှုန်းအထိ ရှိပြီး ၅၀ ရာခိုင်နှုန်းဘက်ထရီအားကို ၁၀ မိနစ်အတွင်း အားသွင်းနိုင်စွမ်းရှိသည်။
Porsche Taycan တွင် တပ်ဆင်ထားသော အားသွင်း coil နှင့် မြေပြင်ရှိ အားသွင်းစနစ်တို့ကြား အကွာအဝေးမှာ ၄ ဒသမ ၇၅ လက်မသာ ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Porsche Taycan charges wirelessly to 50% in 10 minutes, thanks to 270 kW wireless power transfer system (notebookcheck)
Photo Credit: ORNL via YouTube