ဓာတ်ဆီ၊ဒီဇယ်တွေကို နံပါတ်(၁) ဦးစားပေးအဖြစ် ပြည်ပမှတင်သွင်းမည်။

  • 247 views

 

ပြည်ပမှ တင်သွင်းမယ့် ကုန်ပစ္စည်းတွေကို ဦးစားပေးအဆင့် (၁)၊(၂)၊(၃) ခွဲခြားထားပြီး ဓာတ်ဆီ၊ဒီဇယ်တွေကို နံပါတ်(၁) ဦးစားပေးအဖြစ် သတ်မှတ်ပြီး ပြည်ပကနေတင်သွင်းသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

နံပါတ်(၂) ဦးစားပေးကတော့ သံနှင့်သံမဏိပစ္စည်းတွေ လျှပ်စစ်ဓာတ်အားထုတ်လွှတ်တဲ့ပစ္စည်းတွေ၊ တာယာနဲ့ ရာဘာထုတ်ကုန် ပစ္စည်းတွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တင်သွင်းသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

လုပ်ငန်းသုံးမော်တော်ယာဉ်၊ ယန္တရားတွေကိုတော့ ဦးစားပေးအဆင့်(၃) အဖြစ်သတ်မှတ်ပြီး ပြည်ပကနေ တင်သွင်းမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

ပြည်ပသွင်းကုန်တင်သွင်းမှုဟာ အခုဘဏ္ဍာနှစ် ဧပြီလ (၁) ရက်နေ့ကနေ စက်တင်ဘာလ (၂၂) ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလီယံ ဝန်းကျင် တင်သွင်းထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com