- ပင်မစာမျက်နှာ
- ကားသတင်းများ
- လူမှုကွန်ရက်တွင် Like & Follower ရလိုသောကြောင့် ဖခင်ဖြစ်သူအား ဒေါ်လာ ၃၀၀,၀၀၀ တန် Lamborghini Huracan ဖြင့် မိမိထံ အရှိန်ပြင်းစွာ မောင်းနှင်စေကာ ကားတစ်စင်းလုံးလွတ်သွားသည်အထိ ခုန်ကျော်ပြလိုက်သော အသက် ၁၉ နှစ်အရွယ် လူငယ်
လူမှုကွန်ရက်တွင် Like & Follower ရလိုသောကြောင့် ဖခင်ဖြစ်သူအား ဒေါ်လာ ၃၀၀,၀၀၀ တန် Lamborghini Huracan ဖြင့် မိမိထံ အရှိန်ပြင်းစွာ မောင်းနှင်စေကာ ကားတစ်စင်းလုံးလွတ်သွားသည်အထိ ခုန်ကျော်ပြလိုက်သော အသက် ၁၉ နှစ်အရွယ် လူငယ်
- 743 views
YouTube နာမည်ကြီးတစ်ဦးဖြစ်သူ Darren IShowSpeed သည် ခရစ္စတီယာနို ရော်နယ်ဒို၏ ရုပ်ပုံများဖြင့် မွမ်းမံအလှဆင်ထားသည့် Lamborghini Huracan ကို ခုန်ကျော်ပြသော ရူးလောက်ဖွယ် စတန့်တစ်ခု လုပ်ပြခဲ့သည်။
ဖခင်ဖြစ်သူကို Lamborghini Huracan ဖြင့် မိမိထံ အရှိန်ပြင်းစွာ မောင်းနှင်လာစေခဲ့ပြီး ခုန်ကျော်ပြလိုက်ခြင်း ဖြစ်သည်။
ထိုလူငယ်၏ သေမင်းကို အံတုသည့် စတန့်မှာ လူမှုကွန်ရက်တွင် ထိပ်တန်းသတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူ အများအပြားက သူ၏ ဗွီဒီယိုဖိုင်မှာ အတုဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိသည်။
ထိုစွပ်စွဲချက်များကို ချေပသည့်အနေဖြင့် Darren က Lamborghini Huracan အား ခုန်ကျော်ပြပုံကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသည့် ဗွီဒီယိုများစွာ အင်စတာဂရမ်နှင့် YouTube တို့ အပါအဝင် လူမှုကွန်ရက် အမျိုးမျိုးတွင် လွှင့်တင်ခဲ့သည်။
ထို့အပြင် မအောင်မြင်ခဲ့သော ကြိုးစားမှု ၂ ခု၏ ဗွီဒီယိုဖိုင်များလည်း တင်ခဲ့သေးသည်။
ဗွီဒီယိုဖိုင်ထဲတွင် တွေ့ရသည်မှာ Darren ၏ ဖခင်သည် လူသူကင်းမဲ့သော လမ်းအတွင်း၌ နှစ်ရောင်စပ် Lamborghini Huracan ကို အလွန်အရှိန်ပြင်းစွာ မောင်းနှင်လာပုံ တွေ့ရသည်။
ပြိုင်ကားမှာ Darren ကို တိုက်မိတော့မည့်ဆဲဆဲတွင် ၎င်းက ခုန်ကျော်လိုက်ရာ အလျား ၁၄ ပေရှိသော ကားတစ်စီးလုံး လွတ်အောင် ခုန်လိုက်နိုင်သည်ကို တွေ့ရသည်။
Darren သည် ခရစ္စတီယာနို ရော်နယ်ဒို၏ ဂိုးသွင်းချိန် အောင်ပွဲခံပုံအတိုင်း အော်ဟစ်အောင်ပွဲခံခဲ့သည်။
ယခုစတန့်မျိုး လုပ်ဆောင်ပြသမှုမှာ ကမ္ဘာပေါ်တွင် Darren မှာ ပထမဆုံး မဟုတ်။
Nike ၏ ကြော်ငြာတစ်ခုတွင် Aston Martin ကို ခုန်ကျော်ပြပုံ ပြသခဲ့ဖူးသည်။
သို့သော် ကွာခြားသည့်တစ်ခုတည်းသောအချက်မှာ Kobe Bryant သည် အမှန်တကယ် ခုန်ကျော်ခဲ့ခြင်း မဟုတ်သည့်အချက်ဖြစ်၏။
လူမှုကွန်ရက် influencer တို့သည် လူအများကြားပျံ့နှံ့စေမည့် ဗွီဒီယိုများ ဖန်တီးရန် ရူးလောက်သည့် စတန့်များ ပြုလုပ်လာကြကြောင်း လူမှုကွန်ရက်သုံးစွဲသူတို့က မှတ်ချက်ပြုကြသည်။
(ဓာတ်ပုံ-Via Instagram/ @ishowspeed)
အသက် ၁၉ နှစ်အရွယ်ရှိ YouTube နာမည်ကြီး Darren သည် Lamborghini Huracan ကို ယခုနှစ် မတ်လအတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
V10 အင်ဂျင်တပ်ဆင်ထားသော Lambo တွင် စီရော်နယ်ဒိုအား ဂုဏ်ပြုသောအားဖြင့် ၎င်း၏ ရုပ်ပုံများဖြင့် အလှဆင်ထားသည်။
Darren သည် ပေါ်တူဂီ ဘောလုံးစူပါကြယ်ပွင့် စီရော်နယ်ဒို၏ အမာခံပရိသတ်အဖြစ် လူသိများသည်။
စီရော်နယ်ဒို၏ ဘောလုံးပွဲများကိုကြည့်ရှုရန် Darren က ကမ္ဘာအနှံ့ လိုက်ပါကြည့်ရှုလေ့ရှိသည်။
သို့သော် လူမှုကွန်ရက်တွင် Like ရရန်၊ follower ရရန်သက်သက်အတွက် Lamborghini Huracan နှင့် ထိပ်တိုက်ရင်ဆိုင်ကာ အသက်စွန့် စတန့်လုပ်ခဲ့ခြင်းမှာ အလွန်ရဲရင့်သော လုပ်ရပ်တစ်ခု ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြခြင်း မရှိချေ။
(ဓာတ်ပုံ-Via Instagram/ @ishowspeed)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A 19-year-old influencer jumps over his new $300,000 Lamborghini Huracán in the name of likes and follows. The internet accuses him of faking the death-defying stunt. (luxurylaunches)
Photo Credit- Via Instagram/ @ishowspeed