- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် ကြာခဲ့ပြီးမှ ပထမဆုံးအကြိမ် မောင်းနှင်ခဲ့သော မီးတောက်များ မှုတ်ထုတ်သည့် စွမ်းအားကောင်းသော အင်ဂျင်နှင့် မော်တော်ကား
ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် ကြာခဲ့ပြီးမှ ပထမဆုံးအကြိမ် မောင်းနှင်ခဲ့သော မီးတောက်များ မှုတ်ထုတ်သည့် စွမ်းအားကောင်းသော အင်ဂျင်နှင့် မော်တော်ကား
- 195 views
Beast of Turin ဟု လူသိများခဲ့သော Fiat S76 မော်တော်ကားကို ပထမကမ္ဘာစစ်ကြီးမတိုင်မီက ထုတ်လုပ် ခဲ့ပြီး ရာစုနှစ်တစ်ခုကြာ မောင်းနှင်မှု မပြုလုပ်ခဲ့ဘဲ သိမ်းဆည်းထားခဲ့သည်။
(မီးတောက်မှုတ်ထုတ်သော Fiat S76 ၏ နောက်ခံသမိုင်းကြောင်း))
28.5-Liter အင်ဂျင်တပ်ဆင်ထားပြီး ဆွဲအား မြင်းကောင်ရေ ၃၀၀ အားရှိကာ တစ်နာရီလျှင် ၁၁၆ မိုင်နှုန်း မောင်းနှင်နိုင်စွမ်းရှိသည်။
၁၉၁၁ ခုနှစ်တွင် တစ်မိုင် စမ်းသပ်မောင်းနှင်ကာ အမြန်နှုန်း စံချိန်တင်ထားခဲ့သေးသည်။
(ဓာတ်ပုံ-Goodwood Road & Racing)
သမိုင်းကြောင်းကို ထည့်သွင်းမစဉ်းစားလျှင်ပင် မည်သည့်စံနှုန်းဖြင့်မဆို အမြင်အာရုံကို ဖမ်းစားနိုင်သောကား ဖြစ်သည်။
အင်ဂျင်မှာ အလွန်တရာကြီးမားလှပြီး ကားကိုယ်ထည်၏ အများစုကို နေရာယူထားသည်။
ကားအင်ဂျင်မှာ ကြီးမားလှရာ ယာဉ်မောင်း၏ ရှေ့မြင်ကွင်းကိုပါ တစိတ်တပိုင်း ဖုံးကွယ်ထားသည်။
ကားပုံပန်းသွင်ပြင်မှာ ကျည်ဆန်နှင့် ကော့ယင်ငှက်၏ နှုတ်သီးတို့ ပေါင်းစပ်ထားသည့်အသွင်ရှိသည်။
ကားဘီးများမှာ ဘေးဖက်သို့ များစွာပြူထွက်နေရာ လမ်းပေါ်တွင် မောင်းနိုင်မည့် ယာဉ်ဥပဒေနှင့် ကိုက်ညီဖွယ် မရှိချေ။
မောင်းနှင်ချိန်တွင် မီးပွားနှင့် မီးခိုး အလွန်ထွက်ပြီး အသံမှာလည်း ဆူညံလှသည်ဟု ဆိုသည်။
((Beast of Turin ပြန်လည်နိုးထခြင်း))
ရာစုနှစ်တစ်ခုကျော် အိပ်မောကျနေခဲ့သော Beast of Turin ကို ၂၀၁၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ အနောက် ဆပ်ဆက်စ်ခရိုင်၊ Goodwood estate တွင် စမ်းသပ်မောင်းနှင်ခဲ့သည်။
(ဓာတ်ပုံ-Goodwood Road & Racing)
ပိုင်ရှင်ဖြစ်သူ Duncan Pittaway က မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး Richmond မြို့စားကြီး Lord March လည်း လိုက်ပါခဲ့သည်။
မောင်းနှင်သည့်ကာလတလျှောက် တဖွတ်ဖွတ်မြည်သံများ ထွက်ပေါ်ခဲ့သည်။
မီးပွားများသာ မထွက်ပါက ၁၉၆၈ ခုနှစ်က ထွက်ရှိခဲ့သည့် Chitty Chitty Bang Bang ရုပ်ရှင်ကား ဇာတ်ဝင်ခန်းတစ်ခု ကြည့်နေရသည့်သဖွယ် ဖြစ်သည်။
ရာစုနှစ်တစ်ခုခန့်က မော်တော်ကားကို ပြန်လည်မောင်းနှင်ခဲ့ပုံဗွီဒီယိုနှင့် စပ်လျဉ်းပြီး အွန်လိုင်းအသုံးပြုသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချက်များပြုကြသည်။
“ဟွန်းမလိုတဲ့ ကားပဲ” ဟု တစ်ဦးက မှတ်ချက်ပြုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Flame-spitting car with largest engine ever was driven for first time in a century (supercarblondie)
Photo Credit: Goodwood Road & Racing